• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းဝန်ကြီးများ ဝန်ကြီးအိမ်ရာမှ မနက်ဖြန်ထွက်ခွါမည်

ချင်းဝန်ကြီးများ ဝန်ကြီးအိမ်ရာမှ မနက်ဖြန်ထွက်ခွါမည်

0
By Editor on February 10, 2021 Khonumthung

#Unicode

By လားနွန် – ချင်းပြည်နယ် ဝန်ကြီးချုပ်အပါဝင် ဝန်ကြီး (၄) ဦးတို့သည် အဆောင်အယောင်များအားလုံးထားခဲ့ပြီး ဖေဖော်ဝါရီ (၅) ရက်နေ့ မနက်ပိုင်းတွင် ဝန်ကြီးအိမ်ယာမှ ထွက်ခွာကာ မိမိနေအိမ်များသို့ ပြန်ရမည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်ထန်ကပြောသည်။
ဝန်ကြီးအိမ်ယာမှထွက်ခွာမည့် ဝန်ကြီးများမှာ ပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုနှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်ထန်တို့ဖြစ်ကြသည်။
လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်ထန်က “ ဦးစိုးထက်နှင့် ဦးဖွေအားတို့ကတော့မလွတ်သေးတော့ သူတို့အတွက်တော့ ဘယ်လိုနေမလဲတော့မသိဘူး ကျနော်တို့ကတော့ ပြင်ဆင်ပြီးပြီ မနက်ဖြန်ထွက်ဖို့အဆင့်သင့်ဖြစ်ပါပြီ အိမ်ယာကနေ ထွက်မယ်ဆိုရင်တော့ Officially ဖြစ်စေချင်တယ် ကျနော်သိပ်လက်မခံချင်ဘူး သူတို့ပြောတဲ့အတိုင်းပဲ ကိုယ်က လိုက်လုပ်ပေးနေရတာ ပစ္စည်းသိမ်းဘာသိမ်း စဉ်းစားရင် သူတို့ Officially စာတော့ထုတ်သင့်တယ် ပိုလည်းကောင်း တာပေါ့” ဟု ပြောသည်။
၎င်းတို့သည် ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်အထွက်ဂိတ်ကို စစ်သားတွေက စောင့်ကြပ်ထားသည်ဟုသိရသည်။
ယခုလက်ရှိတွင် ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ ချင်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ့နှင့် ဒုတိယလွှတ်တော်ဥက္ကဌ ဦးတိတ်ထန်းတို့သည် တပ်မတော်က ပြန်လည်လွှတ်ပေးခြင်းမရှိသေးပေ။
ဝန်ကြီးပေါင်လွန်မင်ထန်က “ကျနော်တို့ အခက်အခဲဆုံးနေရာမှာလည်း ရပ်တည်မယ် အလွယ်ဆုံးနေရာမှာလည်း ရပ်တည်မယ် ပြည်သူနဲ့အတူပဲ ရပ်တည်ဖို့ ကျနော်ကတိပေးပါတယ်” ဟုပြောသည်။
ချင်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်ကလည်း ဝန်ကြီးအိမ်ယာမှ ထွက်ခွါဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုသည်။
“ကိုယ့်အိမ်နဲ့ကိုယ်ပြန်ရမှာပေါ့ ဒါပေမဲ့ ကိုဗစ်ကာလလည်းဖြစ်တယ် ပစ္စည်းတွေလည်းချက်ခြင်းပို့ဖို့မလွယ်ဘူး ် အားလုံးပြင်ဆင်ပြီးပြီ ကိုယ့် Personal သယ်သွားမယ့်ဟာလောက်ပဲကျန်ခဲ့တယ် ကျနော်တို့ ရန်ကုန်ပြောင်းဖို့အတွက် အဆင်ပြေတဲ့ထိကိုတော့ ဟားခါးမှာနေရမှာ” ဟု ဝန်ကြီးမန်ဟင်းဒါလ်ကပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးမှ အမိန့် ကြေညာစာအမှတ် ၁/၂၀၂၁ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင် ရေးလုပ်ငန်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့သည်။
Photo Crd: Hakha Post
#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္အပါဝင္ ဝန္ႀကီး (၄) ဦးတို႔သည္ အေဆာင္အေယာင္မ်ားအားလုံးထားခဲ့ၿပီး ေဖေဖာ္ဝါရီ (၅) ရက္ေန႔ မနက္ပိုင္းတြင္ ဝန္ႀကီးအိမ္ယာမွ ထြက္ခြာကာ မိမိေနအိမ္မ်ားသို႔ ျပန္ရမည္ဟု ခ်င္းျပည္နယ္လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္ထန္ကေျပာသည္။

ဝန္ႀကီးအိမ္ယာမွထြက္ခြာမည့္ ဝန္ႀကီးမ်ားမွာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဆလိုင္းလ်န္လြယ္၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးဝီေကာ၊ စိုက္ပ်ိဳးေရး ေမြးျမဴေရး သစ္ေတာႏွင့္သတၱဳဝန္ႀကီး ဦးမန္ဟင္းဒါလ္၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေရႊထီးအိုႏွင့္ လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္ထန္တို႔ျဖစ္ၾကသည္။

လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္ထန္က “ ဦးစိုးထက္ႏွင့္ ဦးေဖြအားတို႔ကေတာ့မလြတ္ေသးေတာ့ သူတို႔အတြက္ေတာ့ ဘယ္လိုေနမလဲေတာ့မသိဘူး က်ေနာ္တို႔ကေတာ့ ျပင္ဆင္ၿပီးၿပီ မနက္ျဖန္ထြက္ဖို႔အဆင့္သင့္ျဖစ္ပါၿပီ အိမ္ယာကေန ထြက္မယ္ဆိုရင္ေတာ့ Officially ျဖစ္ေစခ်င္တယ္ က်ေနာ္သိပ္လက္မခံခ်င္ဘူး သူတို႔ေျပာတဲ့အတိုင္းပဲ ကိုယ္က လိုက္လုပ္ေပးေနရတာ ပစၥည္းသိမ္းဘာသိမ္း စဥ္းစားရင္ သူတို႔ Officially စာေတာ့ထုတ္သင့္တယ္ ပိုလည္းေကာင္း တာေပါ့” ဟု ေျပာသည္။

၎တို႔သည္ ဝန္ႀကီးအိမ္ယာေနအိမ္အတြင္း အက်ယ္ခ်ဴပ္သေဘာျဖင့္ထားရွိကာ အဝင္အထြက္ဂိတ္ကို စစ္သားေတြက ေစာင့္ၾကပ္ထားသည္ဟုသိရသည္။

ယခုလက္ရွိတြင္ ခ်င္းျပည္နယ္ စည္ပင္သာယာေရး၊လၽွပ္စစ္ႏွင့္ စက္မႈလက္မႈဝန္ႀကီး ဦးစိုးထက္၊ ျပည္နယ္လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဖြအား၊ ခ်င္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးဇိုဘြဲ႕ႏွင့္ ဒုတိယလႊတ္ေတာ္ဥကၠဌ ဦးတိတ္ထန္းတို႔သည္ တပ္မေတာ္က ျပန္လည္လႊတ္ေပးျခင္းမရွိေသးေပ။

ဝန္ႀကီးေပါင္လြန္မင္ထန္က “က်ေနာ္တို႔ အခက္အခဲဆုံးေနရာမွာလည္း ရပ္တည္မယ္ အလြယ္ဆုံးေနရာမွာလည္း ရပ္တည္မယ္ ျပည္သူနဲ႔အတူပဲ ရပ္တည္ဖို႔ က်ေနာ္ကတိေပးပါတယ္” ဟုေျပာသည္။

ခ်င္းျပည္နယ္ စိုက္ပ်ိဳးေရး ေမြးျမဴေရး သစ္ေတာႏွင့္သတၱဳဝန္ႀကီး ဦးမန္ဟင္းဒါလ္ကလည္း ဝန္ႀကီးအိမ္ယာမွ ထြက္ခြါဖို႔အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ေျပာဆိုသည္။

“ကိုယ့္အိမ္နဲ႔ကိုယ္ျပန္ရမွာေပါ့ ဒါေပမဲ့ ကိုဗစ္ကာလလည္းျဖစ္တယ္ ပစၥည္းေတြလည္းခ်က္ျခင္းပို႔ဖို႔မလြယ္ဘူး အားလုံးျပင္ဆင္ၿပီးၿပီ ကိုယ့္ Personal သယ္သြားမယ့္ဟာေလာက္ပဲက်န္ခဲ့တယ္ က်ေနာ္တို႔ ရန္ကုန္ေျပာင္းဖို႔အတြက္ အဆင္ေျပတဲ့ထိကိုေတာ့ ဟားခါးမွာေနရမွာ” ဟု ဝန္ႀကီးမန္ဟင္းဒါလ္ကေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ပိုင္းက ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္သမၼတ႐ုံးမွ အမိန႔္ ေၾကညာစာအမွတ္ ၁/၂၀၂၁ျဖင့္ နိုင္ငံေတာ္အား အေရးေပၚအေျခအေနေၾကညာခဲ့ၿပီး နိုင္ငံေတာ္၏ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး တရားစီရင္ ေရးလုပ္ငန္းမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အာဏာလႊဲေျပာင္းလိုက္ေၾကာင္းေၾကညာခဲ့သည္။

Photo Crd: Hakha Post

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.