ဒီသတင်းအမှားကို ချယ်ရီသစ္စာ အကောင့်မှ “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းချီကျေးရွာနေ ဦးဝင်ရှိန်ရဲ့ နေအိမ်ကို PDF အဖွဲ့ဝင်များ ဆိုက်ကယ်နဲ့ ရောက်လာပြီး သေနတ်နဲ့လုပ်ကြံရာ ဦးဝင်ရှိန်အပါအဝင် သူရဲ့မိသာစုဝင် ၄ ဦး နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့သလို ကလေးငယ်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့” ရေးသားဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး PDF ဘက်မှ တာဝန်ရှိသူက “ကျနော်တို့ အဓိကတော့ အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်တာဖြစ်တယ် သူ့ရဲ့ဒေါက်တိုင်တွေကို ရိုက်ချိုးတာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်စီကိုတော့ ပစ်မှတ်ထားပြီး ဖြေရှင်တာတော့ မပြုလုပ်ပါဘူး…. ဘယ်တော်လှန်ရေးအဖွဲ့မှလည်း ပြုလုပ်မှာမဟုတ်ဘူး။”
စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်သူများစွာဟာ လက်သည်မပေါ်ပဲအကြောင်းမဲ့ အသတ်ခံနေရတာဖြစ်ပါတယ်။ အဲ့သလိုဖြစ်စဉ်များနဲ့ အတူသတင်းတုသတင်းအမှားများစွာလည်း နေ့စဉ်ထွက်ပေါ်လာနေတာဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ်မှာ မိသားစုဝင် ၇ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး တခြားသတင်းဌာနကြီးတွေမှာလည်းဖော်ပြထားတာမျိုးမတွေ့ရပါဘူး။ ပြည်သူများအနေနဲ့ သတင်းများကိုဖတ်ရှုတဲ့အခါ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းများကိုသေချာရွေးချယ်ပြီး ဖတ်ရှုကြဖို့လိုအပါတယ်။