Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ CNO/CNDF ထံအလင်းဝင်

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ CNO/CNDF ထံအလင်းဝင်

0
By Editor on February 14, 2023 Khonumthung

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေပြု ခလရ (၂၆၈) တပ်မှ ကောင်းမိုး၊ ကိုယ်ပိုင်အမှတ် တတ-၁၂၈၃၂၄ သည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ (ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၂) ရက်နေ့က လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး ဆုကြေးငွေချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု CNO/CNDF က ယနေ့ရက်စွဲဖြင့်ထုတ်ပြန်လာသည်။

စစ်ကောင်စီထံမှ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်သား၊ ရဲများအား ယခင်က ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် ကျပ်သိန်း (၅၀) ဆုချီးမြှင့်လေ့ရှိပြီး ယခုအခါတွင် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း (၅၀) အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း (၅၀)၊ စုစုပေါင်း ကျပ်သိန်း (၁၀၀) ထိ ပေးအပ်သွားမည်ဟု CNO/CNDF က အသိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.