ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ တပ်သား ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha တပ်ဖွဲ့ထံသို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အလင်းဝင်ရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် MA3 သေနတ်တစ်လက်၊ MA1 သေနတ်တစ်လက်၊ ကျည်ဆံ ၆၇၄ တောင့်၊ ကျည်ကဒ် ၉ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၆၀မမ ဗုံးသီး ၃ လုံးနှင့် အခြားပစ္စည်းများနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ပူးပေါင်းလာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။
ယခုကဲ့သို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၂ ဦးကို တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Hakha ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။