Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီထောင်ထားသောမိုင်းကြောင့် CDF-Hualngoram ရဲဘော် ၂ ဦးကျဆုံး

စစ်ကောင်စီထောင်ထားသောမိုင်းကြောင့် CDF-Hualngoram ရဲဘော် ၂ ဦးကျဆုံး

0
By Editor on May 11, 2023 Khonumthung

(01RB)

ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် CDF-Hualngoram ရဲဘော် ၂ ဦး မေလ ၉ ရက်နေ့က ကျဆုံးခဲ့သည်ဟု သိရသည်။

မေလ ၉ ရက်နေ့က ချွန်ကျေးရွာတွင် CNA နှင့် CDF တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းလုပ်ဆောင်နေစဉ် CDF-Hualngoram တပ်ဖွဲ့ဝင် Elsangzela (၂၁ နှစ်) နှင့် Ramthianghlima (၂၂ နှစ်) တို့သည် စစ်ကောင်စီထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သောသတင်းရင်းမြစ်ထံမှ သိရသည်။

ချွန်ကျုံးကျေးရွာတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းတော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲက မီးရှို့ဖျက်ဆီးခဲ့သော သံချက်ကာယာဉ် ၂ စီးကို သယ်ဆောင်ပြီး မေလ ၈ရက်နေ့က ဟားခါးမြို့ဖက်ကို ထွက်ခွာခဲ့ကြပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.