• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဆည်ကြီးရွာက အမျိုးသမီးတစ်ဦး သေဆုံး
ပုံစာ- ဆည်ကြီးရွာအဝင် တံတား

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဆည်ကြီးရွာက အမျိုးသမီးတစ်ဦး သေဆုံး

0
By Editor on November 21, 2022 Khonumthung

ကလေးမြို့ အနောက်မြောက်ဘက်ဘက် ဆည်ကြီး (Vaphai) ကျေးရွာတွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ကလေးမြို့ အနောက်မြောက်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု သိရသည်။

အဆိုပါလက်နက်ကြီးသည် ဆည်ကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့အဖြစ်ဆိုးမျိုး ကြုံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း သေနတ်သံ လက်နက်ကြီးသံများ မကြာခဏကြားနေရပြီး မြို့တွင်းမှာလည်း လုံခြုံရေးစစ်ဆေးမှုများ ယခင်ကထက် တင်းကြပ်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.