• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်ခံရပြီး ပြည်သူများထိခိုက်မည်ကိုစိုးရိမ်၍ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်ပေးလိုက်ရ

စစ်အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်ခံရပြီး ပြည်သူများထိခိုက်မည်ကိုစိုးရိမ်၍ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်ပေးလိုက်ရ

0
By Editor on May 15, 2021 Khonumthung

စစ်ကောင်စီက မင်းတပ်ကို လက်နက်ကြီးဖြင့်အကြိမ် (၆၀) ထက်မနည်းပစ်ခတ်ပြီး မြို့ပေါ်လူနေအိမ်များကိုချိူးဖျက်ကာ ယောကျာင်္းမှန်သမျှကို ဖမ်းဆီမှုများရှိနေပြီး ပြည်သူများထိခိုက်မည်ကို စိုးရိမ်သည့်အတွက် နောက်ဆုပ်ပေးလိုက်ရသည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ယနေ့တစ်ရက်တည်းတွင် မင်းတပ်မြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်အကူ၊ လက်နက်အင်အား အကြိမ် ၃၀ ခန့် လာရောက်ဖြည့်တင်းခဲ့ပြီး နံနက်ပိုင်း ၇ နာရီမှ ညနေပိုင်း ၃ နာရီခန့်အထိ မြို့ပေါ်လူနေရပ်ကွက်များထိ လက်နက်ကြီးများ မနားတမ်းပစ်ခတ်နေသည့်အတွက် ဗုံးဆံထိမှန်သော ပြည်သူများ ဆေးကုသ၍မရဖြစ်နေသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့ပေါ်ရှိပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုထားသည်ဟု သိရသည်။

ထို့ကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးဖွဲ့အနေဖြင့် ပြည်သူများ၊ အိမ်၊ စျေးဆိုင်များထိခိုက်မည်စိုးရိမ်သည့်အတွက် နောက်ဆုတ်ပေးလိုက်ရသည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.