• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တိုက်ပွဲကြောင့် ကန်ပလက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၅၀၀ ဝန်းကျင် ထပ်မံထွက်ပြေးနေရ

တိုက်ပွဲကြောင့် ကန်ပလက်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၅၀၀ ဝန်းကျင် ထပ်မံထွက်ပြေးနေရ

0
By Editor on July 29, 2021 Khonumthung

ချင်းပြည်နယ်၊ ကန်ပလက်နှင့် မင်းတပ်မြို့နယ်အကြားတွင် ဇူလိုင်လ ၂၇ ရက်နေ့က အဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးအနားကျေးရွာ ၁၀ ရွာခန့်မှ လူဦးရေ ၅၀၀ ဝန်းကျင်ခန့် ထပ်မံစစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

“တိုက်ပွဲက ခါနန်းနဲ့ ရန်စဲကြားကဖြစ်တယ်ဆိုတော့ အနီးအနားကရွာတွေကအစ အခုက ကြောက်နေကြတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်၊ ဒီခါရိုင်း စစ်ဘေးရှောင်စခန်းမှာတော့ ၅၀၀ ဝန်းကျင်တော့ရှိနေပြီ အခု၊ အခု ရန်စဲရွာကဆိုရင် သူတို့ဟိုရွာလည်းမရောက် ဒီရွာလည်းမရောက် ကြားထဲမှာပျောက်နေကြတဲ့သူတွေ၊ မိသားစုတွေ တရွာလုံးနီးပါး ဘယ်နေရာမှာ ရှောင်လို့ရှောင်ကြမှန်းမသိဘူး၊ ပျောက်နေတယ်။ ရန်စဲ၊ မြောင်၊ ခါနန်း၊ မုလောင်း၊ ချောင်းမု၊ မသာဒါ၊ ရှင်ဘောင်၊ ပြီးတော့ လက်နက်ကြီးအသံတွေကြားပြီး စိုးရိမ်စိတ်နဲ့ ရှောင်နေကြတာ ၁၀ ရွာဝန်းကျင်ရှိတယ်၊ ရွာလုံးကျွတ်ထွက်ပြေးကြတယ်၊ လူဦးရေက အားလုံးပေါင်းရင် ထောင်ဂဏန်းလောက်ရှိမယ်။ လက်ရှိမှာ တောထဲ၊ ချောင်းထဲမှာ ဖြစ်ဖို့များတယ်။ လုံးဝ ရွာထဲမှာလည်းမရှိကြဘူး၊ ပျောက်နေကြတယ်” ဟု ကန်ပလက်မြို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ခါနန်းအုပ်စု၊ ခါနန်းကျေးရွာတွင် နှစ်ဘက် အပြန်အလှန်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုလည်း ရှိခဲ့သည်ဟု သိရသည်။

ခါရိုင်းကျေးရွာသည် ကန်ပလက်မြို့နှင့် မိုင် ၄၀ ဝန်းကျင်ကွာဝေးပြီး ယခုရက်ပိုင်း တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်လာသူများ ခိုလှုံနိုင်ရန်အတွက် ခါရိုင်းကျေးရွာ ရပ်မိ/ရပ်ဖနှင့် ဘာသာရေးအဖွဲဲ့အစည်းမှ စစ်ဘေးရှောင်စခန်းတစ်ခုဖွင့်လှစ်ကာ လက်ရှိတွင် စစ်ဘေးရှောင်လူဦးရေ ၅၀၀ ဝန်ကျင်းခန့် ရောက်ရှိနေကြသည်။

ကန်ပလက်မြို့နယ်ရှိ ပြည်သူများတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် မိုးတွင်းကာလဖြစ်သောကြောင့် ၎င်းတို့၏ ကျန်းမာရေးအတွက် ဆေးဝါးများ၊ အဝတ်အထည်များ၊ စားနပ်ရိက္ခာများ၊ အိုးခွက်အသုံးအဆောင်များလည်း လိုအပ်မှုများရှိနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.