Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တော်လှန်ရေးအရှိန်မြှင့်ရန် ကလေးဒေသအခြေပြုတော်လှန်ရေးတပ်များက တပ်သားသစ်များဖိတ်ခေါ်

တော်လှန်ရေးအရှိန်မြှင့်ရန် ကလေးဒေသအခြေပြုတော်လှန်ရေးတပ်များက တပ်သားသစ်များဖိတ်ခေါ်

0
By Editor on April 21, 2025 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များက တော်လှန်ရေးအရှိန် အဟုန်မြှင့်တင်ရန် တပ်သားသစ်များဖိတ်ခေါ်လျှက်ရှိကြသည်။

ကလေးဒေသတော်လှန်ရေးတပ် (KRF) က တော်လှန် ရေးတပ်သားသစ်များ ဖိတ်ခေါ်နေကြောင်း ယနေ့ဧပြီလ ၂၁ ရက် နေ့မှာထုတ်ပြန်ထားသည်။

“တပ်သားသစ်ခေါ်ယူတာကတော့ တော်လှန် ရေးအရှိန်ဟုန် မြှင့်တင်နိုင်ဖို့ တပ်ကိုလည်း ပိုပြီးတော့ တိုးချဲ့တည်ဆောက် နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ တပ်သားသစ် ခေါ်ယူတာဖြစ်ပါတယ်” ဟု ကလေးဒေသတော်လှန်ရေးတပ် (KRF) တာဝန်ရှိသူတစ်ဦးကပြောသည်။

အသက် (၁၈) နှစ်မှ ၄၀ နှစ်အတွင်းရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် လွတ်လပ် မျှတငြိမ်းချမ်းသည့် ဖယ်ဒရယ်ဒီမို ကရေစီပြည် ထောင်စုသစ် ဖြစ်ပေါ်ရေးအတွက် စိတ်အားထက်သန် ယုံကြည်စွာပါဝင်ဆောင်ရွက်လိုသော မည်သူမဆို ဝင်ရောက်နိုင်ကြောင်း ကလေးဒေသတော်လှန်ရေးတပ် (KRF) က ထုတ်ပြန်ထားသည်။

KRF တပ်ဖွဲ့သည် ချင်းပြည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကလေးဒေသ အခြေပြုတပ်ဖွဲ့တစ်ခုဖြစ်သည်။

တော်လှန်ရေးအား ကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွဲရန် တပ်သားသစ်အဖြစ်လျှောက်ထားလိုပါက (KRF) Page Messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဖော်ပြထားပါသည်။

အလားတူ Ranger Kalay Defence Force (RKDF) ကလည်း ရဲဘော်အသစ်များ ခေါ်ယူနေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.