ကလေးမြို့ အနောက် မြောက်ပိုင်း၊ နန်းချောင်းရွာကို ယမန်နေ့ ဒီဇင်ဘာ ၁၂ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုရားကျောင်းအပါအဝင် နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CNO အထက်ချင်းတွင်းဒေသ ကော်မတီအဖွဲ့ကထုတ်ပြန်သည်။
ယမန်နေ့မနက်ပိုင်းက ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆည်တော်ဦးရွာမှတဆင့် နန်းချောင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြင့် ထိတွေ့မှုဖြစ်ပွါးကြောင်းသိရပြီး တိုက်ပွဲအခြေနေ အသေးစိတ်မသိရပေ။