Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီရောက် ဒုက္ခသည်များ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေး

နယူးဒေလီရောက် ဒုက္ခသည်များ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေး

0
By Editor on June 15, 2021 Khonumthung

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရနှင့် UN တို့ပူးပေါင်းပြီး နယူးဒေလီရောက် ဒုက္ခသည်များကို ဇွန်လ ၁၄ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးအပ်ပေးခဲ့ကြကြောင်း သိရသည်။

နယူးဒေလီမြို့Chin Refugee Committee (CRC) CRC ဥက္ကဌ Pu Ruata က “နယူးဒေလီမှာရှိတဲ့ ဒုက္ခသည်တွေမှာလည်း ကိုဗစ်ကူးစက်မှုအရမ်းများတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်။ အဲဒီကာကွယ်ဆေးရနိုင်အောင် ဒေလီ ဝန်ကြီးချုပ်ကိုလည်း တောင်းဆိုခဲ့တယ်။ နောက်ပြီး NGO အသီးသီနဲ့လည်း ချိတ်ဆက်ထားတယ်” ဟု ပြောသည်။

ဆက်လက်ပြီး Pu Ruata က “ဒီကနေ့ ကိုဗစ်ကာကွယ်ဆေးထိုးတာက အသက် ၄၅ နှစ်အထက်ရှိတဲ့ ပုဂ္ဂိုလ်တွေက ယူတာဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူအရမ်းများတယ်။ အနည်းဆုံး ၁၀၀ ဝန်းကျင်ရှိတယ်။ မနက်ဖြန်မှာ လည်း ထပ်ယူကြမယ်။ ဇွန်လ ၁၆ ရက်နေ့ကြရင်တော့ အသက် ၁၈ ကနေ ၄၄ နှစ်ကြားမှာရှိတဲ့ သူတွေက ထိုးကြမှာ ဖြစ်တယ်”ဟု ပြောသည်။

ယခုလို နယူးဒေလီမြို့မှာရှိတဲ့ ချင်းဒုက္ခသည်များရဲ့အခက်အခဲကိုနားလည်ပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးအပ်လာ တဲ့အပေါ် အထူးကျေးဇူးတင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူများကိုလည်း နောက်ပိုင်းတွေမှာ ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးပေးသွားမယ်ဖြစ်ကြောင်း CHRO တာဝန်ခံ Salai Cung Dawt က ယခုလို ပြောပါသည်။

“ဒုက္ခသည်တွေကြားမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူမြောက်များစွာရှိတယ်။ တချို့က သက်သာလို့ ဆေးရုံကနေ ဆင်းကြပြီ၊ အိမ်မှာကုသနေတဲ့သူတွေတော်တော်များများလည်း သက်သာလာကြပြီ။ အခု ကိုဗစ်ကာကွယ်ဆေးပေး တာက ကိုဗစ်ရောဂါပိုးမရှိတဲ့သူတွေကိုဘဲပေးတာဖြစ်တယ်။ ကိုဗစ်ရောဂါပိုးရှိတဲ့သူတွေကြတော့ သူတို့ သက်သာ ပျောက်ကင်းပြီးတဲ့နောက် ၂ လ ၃ လ လောက်နေမှ ဆက်လက်ပြီးပေးသွားမယ်လို့လည်းကြားတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းရိုက်ခပ်လာမှုကြောင့် နယူးဒေလီရောက် မြန်မာပြည်သား ဒုက္ခသည် ရာချီ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ၅ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ RC

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.