• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီရောက် ဒုက္ခသည်များ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေး

နယူးဒေလီရောက် ဒုက္ခသည်များ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေး

0
By Editor on June 15, 2021 Khonumthung

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရနှင့် UN တို့ပူးပေါင်းပြီး နယူးဒေလီရောက် ဒုက္ခသည်များကို ဇွန်လ ၁၄ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးအပ်ပေးခဲ့ကြကြောင်း သိရသည်။

နယူးဒေလီမြို့Chin Refugee Committee (CRC) CRC ဥက္ကဌ Pu Ruata က “နယူးဒေလီမှာရှိတဲ့ ဒုက္ခသည်တွေမှာလည်း ကိုဗစ်ကူးစက်မှုအရမ်းများတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်။ အဲဒီကာကွယ်ဆေးရနိုင်အောင် ဒေလီ ဝန်ကြီးချုပ်ကိုလည်း တောင်းဆိုခဲ့တယ်။ နောက်ပြီး NGO အသီးသီနဲ့လည်း ချိတ်ဆက်ထားတယ်” ဟု ပြောသည်။

ဆက်လက်ပြီး Pu Ruata က “ဒီကနေ့ ကိုဗစ်ကာကွယ်ဆေးထိုးတာက အသက် ၄၅ နှစ်အထက်ရှိတဲ့ ပုဂ္ဂိုလ်တွေက ယူတာဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူအရမ်းများတယ်။ အနည်းဆုံး ၁၀၀ ဝန်းကျင်ရှိတယ်။ မနက်ဖြန်မှာ လည်း ထပ်ယူကြမယ်။ ဇွန်လ ၁၆ ရက်နေ့ကြရင်တော့ အသက် ၁၈ ကနေ ၄၄ နှစ်ကြားမှာရှိတဲ့ သူတွေက ထိုးကြမှာ ဖြစ်တယ်”ဟု ပြောသည်။

ယခုလို နယူးဒေလီမြို့မှာရှိတဲ့ ချင်းဒုက္ခသည်များရဲ့အခက်အခဲကိုနားလည်ပြီး ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးအပ်လာ တဲ့အပေါ် အထူးကျေးဇူးတင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူများကိုလည်း နောက်ပိုင်းတွေမှာ ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးပေးသွားမယ်ဖြစ်ကြောင်း CHRO တာဝန်ခံ Salai Cung Dawt က ယခုလို ပြောပါသည်။

“ဒုက္ခသည်တွေကြားမှာ ကိုဗစ်ရောဂါကူးစက်ခံထားရသူမြောက်များစွာရှိတယ်။ တချို့က သက်သာလို့ ဆေးရုံကနေ ဆင်းကြပြီ၊ အိမ်မှာကုသနေတဲ့သူတွေတော်တော်များများလည်း သက်သာလာကြပြီ။ အခု ကိုဗစ်ကာကွယ်ဆေးပေး တာက ကိုဗစ်ရောဂါပိုးမရှိတဲ့သူတွေကိုဘဲပေးတာဖြစ်တယ်။ ကိုဗစ်ရောဂါပိုးရှိတဲ့သူတွေကြတော့ သူတို့ သက်သာ ပျောက်ကင်းပြီးတဲ့နောက် ၂ လ ၃ လ လောက်နေမှ ဆက်လက်ပြီးပေးသွားမယ်လို့လည်းကြားတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းရိုက်ခပ်လာမှုကြောင့် နယူးဒေလီရောက် မြန်မာပြည်သား ဒုက္ခသည် ရာချီ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ၅ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ RC

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.