ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်လတာအတွင်းဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ယနေ့ ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၁၆) ကြိမ် ဖြစ်ပွားခဲ့ပြီး စကစဘက်မှ သေဆုံးသူ (၁၃၃) ဦးခန့်ရှိသည်ဟု CNO/CNDF က ဆိုသည်။
ယင်း ၂ လတာတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး (၅) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။