ချင်းပြည်နယ် ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက် (Canmary ကွက်စိပ်) တွင် ယနေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်ခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဖလမ်းမြို့ အ.ထ.က ၁ ကျောင်းဝင်းအတွင်း လုံခြုံရေးယူနေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များကို ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု The Rihli Voice က ဖော်ပြသည်။
၎င်းပစ်ခတ်မှုတွင် ဒေသခံကလေးတစ်ဦး၏ပေါင်ပေါ် ကျဉ်ထိမှန်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားသည့် ဖါရ်ထောက်ရပ်ကွက်အတွင်းရှိ လူ ၃၀ ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းစီးခေါ်သွားခဲ့ရာ ည ၉း၀၀ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်ဟု သိရသည်။