• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ်တွင် ချင်းကျောင်းသား ၇ ဦးဖမ်းဆီး ထိန်းသိမ်းခံရ

မဏိပူရ်ပြည်နယ်တွင် ချင်းကျောင်းသား ၇ ဦးဖမ်းဆီး ထိန်းသိမ်းခံရ

0
By Editor on April 17, 2023 Khonumthung

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့တွင် ကျောင်းပိတ်ရက်အိမ်ပြန်လာသော ချင်းကျောင်းသား ၇ ဦးကို အင်ဖားမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ ဘန်ဂလောရ် (Bangalore) မြိုသို့ ကျောင်းတက်ရောက်သူ မိန်းကလေး ၃ ဦးအပါဝင် မြန်မာနိုင်ငံ သား ၇ ဦးတို့မှာ ကျောင်းပိတ်ရက်အတွင်း မြန်မာနိုင်ငံအပြန်ခရီး မဏိပူရ်ပြည်နယ် အင်ဖားမြို့ Tulihal လေဆိပ်မှာ ဧပြီ ၁၁ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဟိန္ဒူစတန်တိုင်းမ်သင်းစာကဖော်ပြသည်။

အဖမ်းခံရသူများမှာ Suan Khan Khai, Niang Lun Kim, Thang Lam Cin, Kam Sian Khai, Cing Nuam Vung, Cing Nun Eng နှင့် Cing Suan Sang တို့ဖြစ်ကြပြီး ၎င်းတို့သည် စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည်နယ် လွန်မွလ်ကျေးရွာနှင့် သွေးမွေးရွာ ဇာတိများဖြစ်ကြသည်ဟု သိရသည်။

ထိုသို့ဖမ်းဆီးခံရမှုကြောင့် မိသားစုဝင်များမှ မဏိပူရ်ပြည်နယ်ရှိ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ ZYA ကို ဆက်သွယ်ကာ အကူညီတောင်းဆိုမှုကြောင့် ZYA အဖွဲ့ ခေါင်းဆောင်များက ရဲအရာရှိများထံသွားရောက် ညှိနှိုင်းကြည့်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဆိုသည်။

“ရောက်တဲ့အချိန်မှာ ရဲအရာရှိတွေနဲ့စကားပြောပြီး ညှိနိုင်းကြည့်တော့ ဌာနဆိုင်ရာ အစိုးရလူကြီးတွေစီမှာ ရောက်သွားပြီးဆိုတော့ ဘာမှညှိနှိုင်းလို့မရတော့ဘူး ဆိုပြီး ရဲတွေကပြန်ပြောတယ်။ အဲ့လိုဖြစ်တဲ့အခါကြတော့ သူတို့အတွက် အစားစာတွေ၊ ညဝတ်အစောင်တွေ၊ ခြင်ထောင်တွေ၊ သွားတိုက်တံ နဲ့ သွားတိုက်ဆေး စတဲ့ လိုအပ်မယ့်ဟာတွေကို စီစဉ်ပေးလိုက်တယ်” ဟု မဏိပူရ်ပြည်နယ်ရှိ ZYA အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

အဖမ်းခံရသူများမှာ အိန္ဒိယတွင် အချိန်အတန်ကြာနေခဲ့ပြီး အိန္ဒိယနိုင်ငံသားအသိမှတ်ပြုကဒ်ပြား (Aadhaar Card) နှင့် (Pan Card) များကိုင်ဆောင်သူများဖြစ်ကြသည်ဟု ရဲအရာရှိကပြောဆိုကြောင်း ဟိန္ဒူစတန်တိုင်းမ်သတင်းစာကဆိုသည်။

၎င်းတို့အထဲမှ ၅ ယောက်ကို နိုင်ငံခြားသား အက်ဥပဒေဖြင့်အမှုဖွင့်တရားစွဲဆိုကာ နိုင်ငံခြားသားများ ထိန်းသိမ်းရေးဗလိုဌာန ဆာဂျီမြို့ကို ပို့ထားကြောင်း သိရသည်။

ကျန် လူငယ် နှစ်ဦးမှာအသက်မပြည့် သေးသည့်အတွက် အင်ဖားမြို့ အနောက်ပိုင်းခရိုင်အောက် တာကေးလ်မြို့ရှိ လူငယ်တရားရေဘုတ်အဖွဲ့ (Juvenile Justice Board) သို့ စွဲဆိုချက်မတင်မှီ အရွယ်မရောက်သေးသူများစောင့်ကြည့်ရေးစခန်း (Juvenile Observation Homes) တွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဟိန္ဒူစတန်တိုင်းမ်သတင်းစာဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.