Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ်မှာ မတရားဖမ်းဆီးခံထားရသည့် မြန်မာ ၁၅၀ ကို အမြန်ဆုံး ချွင်းချက်မရှိ လွှတ်ပေးရန် India For Myanmar တောင်းဆို

မဏိပူရ်ပြည်နယ်မှာ မတရားဖမ်းဆီးခံထားရသည့် မြန်မာ ၁၅၀ ကို အမြန်ဆုံး ချွင်းချက်မရှိ လွှတ်ပေးရန် India For Myanmar တောင်းဆို

0
By Editor on December 22, 2023 Khonumthung

(006SV)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း မတရားထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား ၁၅၀ ခန့်ကို ချွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် ခိုလှုံသူများကို ကူညီကာကွယ်ပေးရန် India For Myanmar က ယနေ့မှာ တောင်းဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် H.E N Biren Singh ထံ ပေးပို့သည့် “မဏိပူရ်ပြည်နယ်ရှိ ဖမ်းဆီးခံရထားရသော မြန်မာပြည်သူများ၏ လုံခြုံရေးနှင့် လွတ်မြောက်ရေးအတွက် အရေးပေါ်အကူအညီ တောင်းခံချက်” အိတ်ဖွင့်ပေးစာတွင် India For Myanmar က တောင်းဆိုခြင်းဖြစ်သည်။

မဏိပူရ်ပြည်နယ်တွင် Foreigner Act ဖြင့် အဖမ်းခံရသူ မြန်မာနိုင်ငံသား ၁၅၀ ဝန်းကျင်ရှိပြီး အများစုမှာ ပြစ်ဒဏ်များနှင့် ငွေဒဏ်များ ကျခံပြီးသူများဖြစ်သည်ဟု သိရသည်။

သို့သော် မဏိပူရ်ပြည်နယ်အစိုးရသည် ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ Foreigner Detention Centre တွင် ထိန်းသိမ်းထားခြင်းမှာ ဖမ်းဆီးခံရသူများ၏ လွတ်လပ်ခွင့်နှင့် တရားမျှတမှု အခွင့်အရေးများကို ဆုံးရှံးစေသည်ဟု India For Myanmar က ထုတ်ပြန်သည်။

အဖမ်းခံရသူများကို ချွင်းချက်မရှိ အမြန်လွှတ်ပေးပါရန်နှင့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များကို မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ခွင့် မပြုလိုပါက မီဇိုရမ်ပြည်နယ်နှင့် နယူဒေလီ၊ UNHCR- India ထံတွင် ခိုလှုံခွင့်ရရှိရန် ကူညီပေးသင့်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါကလည်း အဖမ်းခံရသူများ၏ အသက်လုံခြုံရေးကို ထိခိုက်စေနိုင်ပါကြောင်း India For Myanmar က တောင်းဆိုထားသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအရဖြစ်စေ၊ အိန္ဒိယအစိုးရ၏ အရှေ့မျှော် မူဝါဒများအရ ဖြစ်စေ၊ အနာဂါတ်မြန်မာ- အိန္ဒိယ ဆက်ဆံရေးကို ထောက်ထား၍ ဖြစ်စေ မြန်မာစစ်ဘေးရှောင်များ ဆိုးဝါးစွာ သံသယဝင်နေမှုများကို လျော့ချပြီး မဏိပူရ်ပြည်နယ်အတွင်း ခိုလှုံသူများကို စနစ်တကျ စာရင်းပြုစုကာ ကူညီကာကွယ်ပေးပါရန် ထပ်မံတောင်းဆိုထားသည်။

ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများသည် ဒီဇင်ဘာလ ၁၆ ရက်မှ စတင်၍ ငြိမ်းချမ်းစွာ အစားငတ်ခံ ဆန္ဒပြုမှုများ လုပ်ဆောင်နေသောကြောင့် မဏိပူရ်အာဏာပိုင်းမျာက ဒီဇင်ဘာလ ၁၈ ရက်မှ စတင်ကာ အစားငတ်ခံဆန္ဒပြသူများကို နှင်းကျသည့်နေရာတွင် အိပ်စေခြင်း၊ အဝတ်အစားများ ခွတ်၍ ရိုက်နှက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

ထို့အပြင် Foreigner Detention Center တွင် ထိန်းသိမ်းခံထားရသော တခြားအကျဉ်သားများလည်း ဒီဇင်ဘာလ ၁၉ ရက်မှစတင်၍ အစားငတ်ခံ ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လထဲမှာပင် မဏိပူရ်ပြည်နယ်သို့ ခိုလှုံလာသူများနှင့် နယူဒေလီသို့ သွားရန် ကြိုးပမ်းသည့် အသက် ၁၈ အောက် ကလေးငယ် ၂၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၀၅ ဦး ဖမ်းဆီးခံထားရပြီး ၈၆ ဦးသည် ပြစ်ဒဏ်ကျခံပြီးသူများဖြစ်၍ ဒီဇင်ဘာလ ၁၅ ရက်တွင် ပြန်လွှတ်ပေးရမည်သူများဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.