MG
ချင်းပြည်နယ်တောင်ပိုင်း မတူပီ-မင်းတပ်လမ်းပိုင်းသို့ အင်အား (၂၀၀) ခန့်ဖြင့် ဖေဖော်ဝါရီလ (၁) နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား (၆) ဦး ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟု ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဆလိုင်းနိုင်ဂျွန်ကိမ်းက ပြောသည်။
ဆလိုင်းနိုင်ဂျွန်ကိမ်းက “ဘယ်နစ်ယောက်သေတယ်ဆိုတာ အတည်ပြုလို့မရပေမယ့် သေချာတာက တယောက်က လုံးဝ ခြေထောက်နစ်ဖက်ပြတ်သွားတယ်၊ နောက်တယောက်က ခြေထောက်တဖက်ပြတ်တယ်၊ မျက်စိလုံးဝ ဒဏ်ရာရတယ်၊ နောက် (၃) ယောက်က ကြီးကြီးကျယ်ကျယ် ဒဏ်ရာရတယ် အားလုံးက လုံးဝပြင်းထန်တဲ့ ဒဏ်ရာရရှိကြတယ်” ဟု ပြောသည်။
၎င်းအပြင် မတူပီမြို့အခြေစိုက် မင်းတပ်-မတူပီလမ်းပေါ်တွင် တပ်စွဲထားသည့် ခလရ (၃၀၄) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိနာသောကြောင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာမှ လူနေအိမ်အားလုံးနီးပါး မီးရိူ့ဖျက်စီးခဲ့သည်။
အဆိပါ မတူပီမြို့နင့် (၇) မိုင်ခန့် ကွာဝေးသည့် ချန်းပြန်းကျေးရွာတွင် အိမ်ခြေ (၆၀) ကျော်ရွိပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များ၏ မီးရိူ့မူကြောင့် အိမ်ခြေ (၉) အိမ်လောက်သာကျန်ရွိကာ ကျေးရွာရွိပြည်သူအားလုံးမှာ အချိန်မီ စစ်ဘေးရွောင်တိမ်းနိုင်ခဲ့သည်ဟု သိရသည်။
လက်ရွိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၁၀၀) ခန့်မွာ မြို့ပေါ်ပြန်လည်ဆိုတ်ခွာသွားကြသော်လည်း ကျန်အင်အား (၁၀၀) ခန့်သည် ချန်ပြန်းကျေးရွာတွင် ကျန်ရွိသေးသောကြောင့် တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်ကာ ပြည်သူများအနေဖြင့် မတူပီ-မင်းတပ်လမ်းအား အသုံးပြုခရီးထွက်ခြင်း၊ တောထွက်ခြင်း၊ ခြံသွားခြင်းများ မပြုလုပ်ကြရန် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ထုတ်ပြန်ထားပါသည်။