Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန် ချင်းလူထုနှင့်တွေ့ဆုံရန် အိုင်ဇောလ်မြို့မှထွက်ခွါ

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန် ချင်းလူထုနှင့်တွေ့ဆုံရန် အိုင်ဇောလ်မြို့မှထွက်ခွါ

0
By Editor on August 30, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် အမေရိကန်ပြည်ထောင်စုက ချင်းလူထုနှင့်တွေ့ဆုံရန် ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် အိုင်ဇောလ်မြို့မှ စတင်ထွက်ခွါသွားပြီဟု သိရသည်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ စက်တင်ဘာလ ၂ ရက်နေ့တွင် ကျင်းပမည့် “Mizo Day” အခမ်းအနားတွင် ဝန်ကြီးချုပ်သည် အထူးဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ချီးမြှင့်မည်ဖြစ်ပြီး၊ ဝါရှင်တန်ဒီစီက အမေရိကန်အစိုးရဌာန တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန်စီစဉ်ထားသည်ဟု မီဇိုရမ်သတင်းမှာ ဖော်ပြထားသည်။

ထို့နောက် ချင်းလူမျိုးအများစုနေထိုင်ကြသော အင်ဒီယားနားပြည်နယ်တွင် Chin community of Indiana အဖွဲ့၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာလ ၄ ရက်နေ့တွင် ချင်းလူထုနှင့်တွေ့ဆုံမည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ အမေရိကန်ခရီးစဉ်သည် အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးဌာနကလည်းသိရှိထားပြီး အမေရိန်ကန်ပြည်ထောင်စုကိုရောက်သည့်အချိန်တွင် အိန္ဒိယကောင်စစ်ဝင်ရုံးချုပ်မှ သွားရောက်ကြိုဆိုကာ လုံခြုံရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။

ဝန်ကြီးချုပ်နှင့်အတူ ဇနီးဖြစ်သူ Pi Liansailoi၊ တူမ Zodinthari နှင့် ကိုယ်ရေးအရာရှိတို့ပါဝင်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.