Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သိုင်းငင်းရွာက စစ်ကောင်စီကင်းစခန်းကို CDF CDM-Siyin က ဝင်ရောက်တိုက်ခိုက်

သိုင်းငင်းရွာက စစ်ကောင်စီကင်းစခန်းကို CDF CDM-Siyin က ဝင်ရောက်တိုက်ခိုက်

0
By Editor on December 8, 2023 Khonumthung

(002MG)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ် ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin က ယနေ့မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခဲ့သည်ဟု သိရသည်။

တီးတိန်မြို့ ဒေသခံတစ်ဦးက “ဒီနေ့သိုင်းငင်းမှာ တိုက်ပွဲဖြစ်တယ်။ ဖုန်းလိုင်းတွေလည်း မနက်ကတည်းက ပြတ်နေတာ ခုနပဲပြန်ရတာ” ဟု ပြောသည်။

ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ကလည်း သိုင်းငင်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူနေသည်ဟု သိရသည်။

တိုက်ပွဲအခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သိုင်းငင်းကျေးရွာသည် ကလေး-တီးတိန်-ဖလမ်း ကားလမ်းမပေါ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်က ကင်းစခန်းတစ်ခုချပြီး တပ်စွဲထားသည်။

ဒီဇင်ဘာလ (၂) ရက်နေ့ကလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM-Siyin မှ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအပါအဝင် လက်နက်ကြီးဖြင့် ပစ်ကူခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin က ကလေး-သိုင်းငင်း လမ်းမကြီးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစ၍ ယနေ့ချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.