• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ပွဲတော် အိုင်ဇောလ်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ပွဲတော် အိုင်ဇောလ်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

0
By Editor on February 14, 2023 Khonumthung

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဟုသိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ပွဲတော်ကို အိုင်ဇောလ်မြို့ရှိ Vanapa ခန်းမတွင် ဖေဖော်ဝါရီလ ၂၀ ရက်ည ၇ နာရီတွင်စတင်ကျင်းပကြမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းကြမည်ဟု ဖြစ်မြောက်ရေးကော်မတီများထံမှသိရသည်။

ချင်းအမျိုးသားနေ့ပွဲတော်အခမ်းအနားကို အစီစဉ် ၂ ပိုင်းဖြင့်ကျင်းပကြမည်ဖြစ်ကာ ပထမပိုင်းအစီစဉ်တွင် အထူးဖိတ်ကြား သော ဧည့်သည်တော်ကြီးများမှ ချင်းအမျိုးသားနေ့နှင့် ပတ်သက်သောအမှာစကားပြောကြားခြင်း၊ ချင်းရိုရာမျိုးနွယ်စုအသီးသီး၏ ရိုးရာယဉ်ကျေးမှုအကများတင်ဆက်ခြင်းတို့ပါဝင်မည်ဟုသိရသည်။

ယင်းအစီစဉ်တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို ဧည့်သည်တော်ကြီးအဖြစ် ဖိတ်ကြားထားကြသည့်အပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYMA , MZP, MSU, ZORO တို့မှခေါင်း ဆောင်များလည်းတက်ရောက်ကြမည်ဟုသိရသည်။

ဒုတိယပိုင်းကို ဖျော်ဖြေရေးအစီစဉ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ချင်းနိုင်ငံကျော်အဆိုတော်များဖြစ်ကြသော Guy form Chin, ထွဏ်းခမ်တို့အပါအဝင် The Matupians, Zoramchhani, Zaii Hauchhum, Iang Len sung, Biak Hlei Par တို့မှ ပါဝင်အားဖြည့်သီဆိုကြမည်ဟုသိရသည်။

အိုင်ဇောလ်မြို့တွင် ကျင်းပမည့် ချင်းအမျိုးသားနေ့ပွဲတော်အခမ်းအနားကို အိုင်ဇောလ်မြို့အခြေစိုက် ချင်းအရပ်ဖက်အဖွဲ့ များဖြစ်ကြသော NGO United for Democratic Myanmar, Myanmar Refugee Relief Committee- Mizoram, Chin Relief Committee in Mizoram, Chin Pawlpi Mizoram, Zomi Cultural Society of Mizoram, Kalay Crisis Support Team, Network for Myanmar IDPs Aizawl, Institute of Chin Affair, The Matupians စသည့်အဖွဲ့စည်း ပေါင်း ၉ ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

၇၅ နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အား ကြိုဆိုသည့်အနေဖြင့်လည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ တွင် အိုင်ဇောလ်မြို့ Ramthar ရပ်ကွက် RL Futsal Ground တွင် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.