Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးတောင်ပိုင်းတွင် တိုက်ပွဲဆက်ဖြစ်

ကလေးတောင်ပိုင်းတွင် တိုက်ပွဲဆက်ဖြစ်

0
By Editor on February 4, 2022 Khonumthung

ကလေးနယ်တောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏လက်ပါးစေ ပျူစောထီးအဖွဲ့ဝင်များကို CDF – KKG၊ CDF – Hakha၊ PDF – Kalay တပ်ရင်း (၄) / (၇)၊ RKDF နှင့် ပကဖပူးပေါင်းတပ်ဖွဲ့တို့မှ ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရသည်။

တိုက်ပွဲအတွင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ဟံသာဝတီရွာစာသင်ကျောင်းတွင်တပ်စွဲထားသည့် စကစတပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ပြီး နံနက် (၈) နာရီအချိန်အထိ တိုက်ပွဲကြာမြင့်ခဲ့သည်။

ပူးပေါင်းအဖွဲ့မှ ပစ်ခတ်သည့် စနိုက်ပါနှင့် လက်နက်ကြီးလက်ချက်ကြောင့် ရန်သူဖက်မှ (၂) ဦးထက်မနည်းကျဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရနိုင်ကြောင်း၊ CDF – KKG တပ်ဖွဲ့မှ ရဲဘော်တစ်ဦး၊ CDF – Hakha မွ ရဲဘော်တစ်ဦး လက်နက်ကြီးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြပြီး၊ ပူးပေါင်းအဖွဲ့အားလုံး အက်အဆုံးမရွိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်ဟု CDF-KKG ကထုတ်ပြန်သည်။

စကစတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် ကြံသာရွာအနောက်ဖက်ရှိ အောင်သာယာရွာသို့ဝင်ရောက်ကာ ရွာထဲရှိ အမျိုးသားများကို ဖမ်းဆီးမှုများပြုလုပ်ကာ ဖမ်းဆီးခံရသူများထဲမှ (၂) ဦးမွာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။

ယခုအချိန်ကာလအတွင်း တိုက်ပွဲများအချိန်အခါမရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖေဖော်ဝါရီ (၁၂) ရက် (ပြည်ထောင်စုနေ့) အထိတိုင်အောင် ကေလး – ဂန့်ဂေါ ပြည်ထောင်စုလမ်းမကို အသုံးမပြုကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟု Chinland Defense Force – Kalay Kabaw Gangaw ကထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.