Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် ကျောင်းသား ၆၀၀၀ ကျော် ကျောင်းအပ်နှံပြီး ကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်နိုင်မည်ဟုဆို

ချင်းပြည်နယ်တွင် ကျောင်းသား ၆၀၀၀ ကျော် ကျောင်းအပ်နှံပြီး ကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်နိုင်မည်ဟုဆို

0
By Editor on May 29, 2021 Khonumthung

မာဂရက် – ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများတက်ရောက်ရန် ကျောင်းအပ်နှံ သည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီး လာမည့် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းပေါင်း ၇၀၀ ကျော် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းကြောင်း ချင်းပြည်နယ် ပညာရေးမှူးကပြောသည်။

“၂၄ ကနေ မနေ့က ၂၇ ရက်အထိတော့ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၄၂၆ ယောက်ရှိတယ် ဒါကပြည်နယ်အ ချုပ်ပြောတာ၊ ကျွန်တော်တို့ အခုလောလောဆယ်ကတော့ ၇၇၅ ကျောင်းလောက်ပဲဖွင့်နိုင်မယ်၊ ဒါလည်း မသေချာဘူးပေါ့၊ ခန့်မှန်းတာ၊ တကယ့်က ဇွန်လ ၁ ရက်နေ့ကျမှ ဆရာတွေဝင်ရောက်မှုနဲ့ ချိန်ပြီးတော့ ပိုပြီးတော့တိတိကျကျသိရမှာပေါ့ ” ဟု ပညာရေးမှုးကပြောသည်။

ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူကျောင်းသားစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိလေ့ရှိပြီး ဇွန်လ ၁ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ဖွင့်လှစ်မည့် ကျောင်းဖွင့်ရာသီတွင် ချင်းပြည်နယ်၌ လူဦးရေ အများစုသည် ကျောင်းအပ်နှံခြင်းမရှိကြပေ။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် မင်းတပ်၊ ကန်ပက်လက်နှင့် ထန်တလန်မြို့နယ်တို့တွင် ကျောင်းအပ်နှံသူ တစ်ယောက်မှမရှိကြဘဲ ကျန်မြို့နယ်မှာလည်း ကျောင်းသားအနည်းအကျဉ်းကသာ ကျောင်းအပ်နှံခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အစိုးရစာသင်ကျောင်းပေါင်း ၁၅၁၆ ကျောင်းရှိသည့်အနက် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းပေါင်း ၇၇၅ ကျောင်းခန့်ဖွင့်လှစ်နိ်ုင်ရန်ခန့်မှန်းထားကြသော်လည်း စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှု CDM တွင် ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ အယောက် ၄၀၀၀ ကျော် တာဝန်မှရပ်ဆိုင်းခံရသည့်အတွက် သင်ကြားရေးပိုင်းတွင် အခက်အခဲဖြစ်လာနိုင်သည်ဟု ချင်းပြည်နယ်ပညာရေးမှူးကပြောသည်။

“အရင်က ကျောင်းဆရာ၊ဆရာမ ၁၀၀ ရာခိုင်နှုန်းတက်တုန်းကတောင်မှ လိုအပ်ချက်ကအများကြီးလေ အခုက လူက ထက်ဝက်လောက်မရှိတော့ဘူးဆိုတော့ တော်တော်ခက်မှာပေါ့’’ ဟု ချင်းပြည်နယ်ပညာရေးမှူးကပြောသည်။

ချင်းပြည်နယ်တွင် ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၉၆၆၇ ခန့်ရှိပြီး CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကျောင်းဆရာ၊ ဆရာမ ၄၂၃၇ ဦးသည် အာဏာသိမ်းစစ်ကောင်စီက တာဝန်မှ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ကျောင်းအပ်နှံသော ကျောင်းသားဦးရေ အများဆုံးများမြို့ဖြစ်ပြီး ဒုတိယမှ တီးတိန်မြို့နယ်ဖြစ်ကာ တတိယမှာ ဖလမ်းမြို့နယ်ဖြစ်သည်ဟု သိရှိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.