Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝအရေးကို ထောက်ရှုပြီး စစ်ကောင်စီ၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ဟု ဦးကျော်ငြိမ်းပြော

ပလက်ဝအရေးကို ထောက်ရှုပြီး စစ်ကောင်စီ၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ဟု ဦးကျော်ငြိမ်းပြော

0
By Editor on March 5, 2021 Khonumthung
#Unicode
By မာဂရက် – ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ရန် စစ်ကောင်စီ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ရခြင်းမှာ ပလက်ဝဒေသအရေးကို ထောက်ရှု၍ မိသားစု၊ ရပ်မိရပ်ဖများနှင့်တိုင်ပင်ကာ လက်ခံခဲ့ခြင်းဖြစ်သည်ဟု ချင်းပြည်နယ် သစ်တောဝန်ကြီးဟောင်းဦးကျော်ငြိမ်းကပြောသည်။
“ ပလက်ဝက ချင်းပြည်နယ်မှာ အစွန်ဆုံးမှာကျတယ်၊ ရောဂါကတမျိုး၊ အခုအရေးခင်းကတမျိုး၊ တိုက်ပွဲက တမျိုးရှိတယ်လေ၊ ဒေသမှာ တိုက်ပွဲရှောင် ဒုက္ခသည်တွေလည်းရှိတော့ ဒီအရေးကို ကျွန် တော်တို့ ချင်းပြည်နယ်မှာ လိုအပ်တဲ့ အကူူအညီကို ရလိုရညှားဆိုပြီးတော့ ကျွန်တော့်ကို ကမ်းလှမ်းတဲ့အခါမှာ အားလုံးကို မိဘနဲ့ ကျွန်တော်တို့ဒေသမှာရှိတဲ့ ရပ်မိရပ်ဖ၊ လူကြီးတွေနဲ့ တိုင်ပင်တယ်၊ တာဝန်ယူပေးပါဆိုပြီး လူထုကလည်း တောင်းဆိုတယ်ကျွန်တော့်ကို၊ ဒေသခံလူထုရဲ့ သဘောဆန္ဒအရ ကျွန်တော်ကလည်း အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျွန်တော်လုပ်ခဲ့တာပါ။” ဟု ဦးကျော်ငြိမ်းက ပြောသည်။
ပလက်ဝဒေသခံတစ်ဦးလည်းဖြစ်သည့် ဦးကျော်ငြိမ်းသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ချင်းပြည်နယ် သစ်တောနှင့် သတ္တုရေးရာဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် ပြည်သူ့လွတ်တော် နေရာတွင် CNLD ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကာရှုံးနိမ့်ခဲ့သူဖြစ်သည်။
သူသည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီ၏ ဒုတိယ ဥက္ကဌ-၄ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဖေဖော် ဝါရီလ ၁၆ ရက်နေ့က ပါတီဒုတိယဥက္ကဌတာဝန်နှင့် ပါတီဝင် အဖြစ်မှ နှုတ်ထွက်ခဲ့သည်။
ဦးကျော်ငြိမ်းသည် ချင်းပြည်နယ်စံမံအုပ်ချုပ်ရေးကောင်စီတွင် သစ်တော၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းစသည့်ဌာနများကို အဓိကတာဝန်ယူကိုင်တွယ်သွားမည်ဟုသိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသဖြစ်ပြီး ဒေသခံပြည်သူ တစ်သောင်းခန့် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။
#Zawgyi
By မာဂရက္ – ခ်င္းျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္အဖြဲ႔၀င္အျဖစ္ပါ၀င္ရန္ စစ္ေကာင္စီ၏ ကမ္းလွမ္းမႈကို လက္ခံလိုက္ရျခင္းမွာ ပလက္၀ေဒသအေရးကို ေထာက္႐ႈ၍ မိသားစု၊ ရပ္မိရပ္ဖမ်ားႏွင့္တိုင္ပင္ကာ လက္ခံခဲ့ျခင္းျဖစ္သည္ဟု ခ်င္းျပည္နယ္ သစ္ေတာ၀န္ႀကီးေဟာင္းဦးေက်ာ္ၿငိမ္းကေျပာသည္။
“ ပလက္ဝက ခ်င္းျပည္နယ္မွာ အစြန္ဆုံးမွာက်တယ္၊ ေရာဂါကတမ်ဳိး၊ အခုအေရးခင္းကတမ်ဳိး၊ တုိက္ပြဲက တမ်ဳိးရွိတယ္ေလ၊ ေဒသမွာ တုိက္ပြဲေရွာင္ ဒုကၡသည္ေတြလည္းရွိေတာ့ ဒီအေရးကုိ ကြ်န္ ေတာ္တုိ႔ ခ်င္းျပည္နယ္မွာ လုိအပ္တဲ့ အကူူအညီကုိ ရလုိရညွားဆုိျပီးေတာ့ ကြ်န္ေတာ့္ကုိ ကမ္းလွမ္းတဲ့အခါမွာ အားလုံးကုိ မိဘနဲ႔ ကြ်န္ေတာ္တုိ႔ေဒသမွာရွိတဲ့ ရပ္မိရပ္ဖ၊ လူၾကီးေတြနဲ႔ တုိင္ပင္တယ္၊ တာဝန္ယူေပးပါဆုိျပီး လူထုကလည္း ေတာင္းဆုိတယ္ကြ်န္ေတာ့္ကုိ၊ ေဒသခံလူထုရဲ႕ သေဘာဆႏၵအရ ကြ်န္ေတာ္ကလည္း အေကာင္းဆုံးလုပ္မယ္ဆုိတဲ့ ရည္မွန္းခ်က္နဲ႔ ကြ်န္ေတာ္လုပ္ခဲ့တာပါ။” ဟု ဦးေက်ာ္ျငိမ္းက ေျပာသည္။
ပလက္၀ေဒသခံတစ္ဦးလည္းျဖစ္သည့္ ဦးေက်ာ္ၿငိမ္းသည္ ယခင္ဦးသိန္းစိန္အစိုးရလက္ထက္က ခ်င္းျပည္နယ္ သစ္ေတာႏွင့္ သတၱဳေရးရာ၀န္ႀကီးျဖစ္ခဲ့ၿပီး ၂၀၂၀ ေရြးေကာက္ပြဲတြင္ ပလက္ဝျမဳိ႕နယ္ ျပည္သူ႔လြတ္ေတာ္ ေနရာတြင္ CNLD ကိုယ္စားျပဳအေနျဖင့္ ဝင္ေရာက္ယွဥ္ျပဳိင္ကာရံႈးနိမ့္ခဲ့သူျဖစ္သည္။
သူသည္ ခ်င္းအမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ CNLD ပါတီ၏ ဒုတိယ ဥကၠဌ-၄ တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး ေဖေဖာ္ ဝါရီလ ၁၆ ရက္ေန႔က ပါတီဒုတိယဥကၠဌတာဝန္ႏွင့္ ပါတီဝင္ အျဖစ္မွ ႏႈတ္ထြက္ခဲ့သည္။
ဦးေက်ာ္ျငိမ္းသည္ ခ်င္းျပည္နယ္စံမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ သစ္ေတာ၊ စုိက္ပ်ဳိးေမြးျမဴေရး၊ ပညာေရး၊ က်န္းမာေရး၊ လ်ွပ္စစ္စြမ္းအင္၊ ဟုိတယ္ႏွင့္ ခရီးသြားလုပ္ငန္းစသည့္ဌာနမ်ားကို အဓိကတာ၀န္ယူကိုင္တြယ္သြားမည္ဟုသိရသည္။
ခ်င္းျပည္နယ္ေတာင္ပုိင္း ပလက္ဝျမဳိ႕နယ္သည္ တပ္မေတာ္ႏွင့္ ရကၡဳိင့္တပ္ေတာ္ (AA) အၾကား စစ္ေရးပဋိပကၡျဖစ္ပြားရာ ေဒသျဖစ္ျပီး ေဒသခံျပည္သူ တစ္ေသာင္းခန္႔ စစ္ေဘးတိမ္းေရွာင္ေနၾကရဆဲျဖစ္သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.