Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၉ ဦးသေဆုံး

ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၉ ဦးသေဆုံး

0
By Editor on January 16, 2022 Khonumthung

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ဘက်မှ စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်များသည် ဇန္နဝါရီလ ၁၄ ရက် မနက် ၃ နာရီအချိန်ခန့်တွင် မွှန်လီကျေးရွာနှင့် ဗားရ်စခန်းအကြား CNDF မှ ထောင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများကြောင့် (၅) ဦး သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်သည်။

ထို့နောက် ယနေ့ ဇန္နဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါ ဗားရ်စခန်းမှ ပြန်လည်ထွက်ခွာလာကြရာ ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် CNDF နှင့် နံနက် ၁၀ နာရီအချိန်ခန့်မှ ညေန ၅ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ပစ်ခတ်ခဲ့ပါသည်။

အဆိုပါတိုက်ပွဲအတွင်း CNDF များ၏ မိုင်းပဒေသာနှင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ ၄ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိပါသည်ဟုသိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဖက်မှ ချင်းပြည်နယ်သို့တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်အား CNDF အပါအဝင် CNA, CDF-KKG, Zoland-PDF, CDM ပူးပေါင်းတပ်များနှင့်အတူ တီးတိန်မြို့နယ်၊ ဟိန်းဇိန်ကျေးရွာမှ ခုခံတိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းပါ အသုံးပြုပြီး ပစ်ခတ်ခဲ့သည်။

လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖလမ်း – ကေလး လမ်းမကြီးနှင့် ဖလမ်း – ဝေဘူလ လမ်းဘက်သို့ ခရီးသွားလာခြင်း မပြုကြပါရန် အသိပေးအပ်ပါသည်ဟု CNDF က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.