Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်တိုက်ပွဲ စစ်ကောင်စီဘက်မှ ၅၀ ခန့်သေဆုံးမှုရှိဟုဆို

မင်းတပ်တိုက်ပွဲ စစ်ကောင်စီဘက်မှ ၅၀ ခန့်သေဆုံးမှုရှိဟုဆို

0
By Editor on June 7, 2021 Khonumthung

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ဇွန်လ ၆ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် Mindat-CDF အကြား တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်က အယောက် ၅၀ ခန့်သေဆုံးမှုရှိခဲ့ပြီး CDF ဘက်မှ ၃ ဦး ကျဆုံးခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ချောင်းဆုံအနီးတဝိုက်တွင် ဖြစ်သောတိုက်ပွဲ၌ အာဏာသိမ်းစစ်ကောင်စီတပ်များ ၄၀ ခန့်ကျဆုံးခဲ့ပြီး ယှက်ရွာတိုက်ပွဲတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့်ကျဆုံးမည်ဟု ခန့်မှန်းရပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ချောင်းဆုံတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် မင်းထို့အပြင်တပ်မြို့ အရှေ့ပြင်မီးသတ်ကုန်း၊ ဘောင်ထဲရွာ၊ ကျောက်ထုအမြှေက်တပ် စသည်တို့မှ ပစ်ကူသည့်အပြင်လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် ကြဲခဲ့သည်။

CDF မင်းတပ်မှလည်း ၃ ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိပြီး ချောင်းဆုံတိုက်ပွဲတွင် ၂ ဦး (ထန်းမာန် – စိချဲ့နှင့် ဟာဖေ – မရှိန်းလှော်) တို့ကျဆုံးပြီး ဒဏ်ရာရသူ ၆ ဦးခန့်ရှိပြီး ယှက်ရွာတိုက်ပွဲ မင်းတပ် CDF ဘက်မှ တစ်ဦး (ရဲဘော် ငိုင်းရှိန်းမာန် – ဝကောက်) ကျဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.