Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ သက္ငယ္မုဒိမ္းမႈက်ဴးလြန္သည့္အေပၚ ဥပေဒအတုိင္းအေရးယူေပးရန္ ကန္ပက္လက္ အရပ္ဘက္အဖြဲ႕အစည္းမ်ားေတာင္းဆို

ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ သက္ငယ္မုဒိမ္းမႈက်ဴးလြန္သည့္အေပၚ ဥပေဒအတုိင္းအေရးယူေပးရန္ ကန္ပက္လက္ အရပ္ဘက္အဖြဲ႕အစည္းမ်ားေတာင္းဆို

0
By Editor on October 15, 2020 Khonumthung

#Unicode

By နှင်းနှင်း – ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းမှုကျူး လွန်ခဲ့သည့်အပေါ် ဥပဒေအတိုင်းအရေးယူဆောင်ရွက်ပေးရန် ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများက အောက်တိုဘာ ၁၄ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ဖြစ်စဉ်မှာ ကန်ပလက်မြို့၊ အမှတ် (၁) မြို့မရပ်ကွက်နေ အသက်(၁၇) နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ကန်ပလက်မြို့ ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့က အလိုမတူပဲအဓမ္မပြုကျင့်ခဲ့ပြီး အမှုဖွင့်တိုင်ကြား ခဲ့သော်လည်း ချက်ခြင်းလက်မခံခဲ့ကြောင်း ယင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသော ခေါ်နူးစုမ်ကျေးလက်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့ (KRDO) မှ ဦးကီးဘူကပြောသည်။

“ အဓိကဒီသက်ငယ်မုဒိမ်းမှုကို အမှုဖွင့်ပေမယ့် အမှုကိုတော်တော်နဲ့မဖွင့်ပေးဘူး ၊ နောက်တခုက သူတို့ပိုက်ဆံနဲ့ကျေးအေး ဖို့ကြိုးစားတယ်၊ ပြစ်မှုကျုးလွန်တဲ့သူကရဲဆိုတော့ ရဲတွေအနေနဲ့ဒီဟာကိုသေ ချာဥပဒေအတိုင်း ကိုယ်တွယ်မှုအားနည်း တယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ဦးကီးဘူကပြောသည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပြည်သူများ၏ လုံခြုံရေးကို စောင့်ရှောက်ရမည့်အစား လူသားမဆန်စွာ အသက်မပြည့်သေးသည့် ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်ခြင်းသည် ကန်ပက်လက်မြို့နယ်အတွင်း တရားဥပေဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးကို အလွန်စိုးရိမ်မိကြောင်း ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

ဦးကီးဘူက “သူက ရဲတပ်ဖွဲ့အနေနဲ့ပထမ ကျေအေးပါ့မယ်လို့သွားပြောတယ်ပေါ့နော်၊ ကလေးမရဲ့ဆွေးမျိုးတော်စပ်တဲ့သူ က လက်မခံပဲ ပထမ ၃သိန်းပေးတယ် လို့ပြောတယ်၊အဲ့မှာသူအလုပ်လုပ်တဲ့ဆိုင်က ၃သိန်းနဲ့ဘယ်ရမလဲ ဆိုတော့ ၅သိ်န်းတိုးပေးတယ်၊ လကုုုုန်မှပေးမယ်၊ လကုန်တဲ့အခါကြတော့လည်း ၅သိန်းကိုမပေးဘူး ၊မုဒိမ်းမှုဆိုတဲ့သက်သေ အထောက်အထားတွေရှာလို့မရတော့တဲ့ချိန်မှာ ပေးလည်းမပေးဘူး တိုင်ရင်လည်းဘာမှထူးမှာမဟုတ်ဘူးဆိုပြီးရဲတွေက အဲ့လိုလုပ်လိုက်တယ်” ဟုပြောသည်။

ယခုကဲ့သို့ မုဒိမ်းမှုကျူးလွန်သူနှင့် ငွေကြေးအသုံးပြုပြီး အမှုကိုဖုံးဖိရန် ကြိုးပမ်းသူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် ပြစ်မှုကျူးလွန်သူနှင့် ပြစ်မှုကို ဖုံးကွယ်ရန် လုပ်ဆောင်သူများအား ကလေးသူငယ် ဥပဒေနှင့်အညီ ထိရောက်စွာ ရေးယူဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာ အစိုးရအဆင့်ဆင့်သို့ ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ယင်းကိစ္စနှင့်ပက်သက်၍ ကန်ပလက်မြို့ အမျိုးသမီးအဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေး သောကြောင့် အောက်တိုဘာလ ၁၄ ရက်တွင်ကန်ပလက်မြို့ရဲစခန်းမှအမှုဖွင့်နေကြောင်းသိရသည်။

#Zawgyi

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕တြင္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ အသက္မျပည့္ေသးသူ အမ်ဳိးသမီးငယ္တစ္ဦးအား မုဒိမ္းမႈက်ဴး လြန္ခဲ့သည့္အေပၚ ဥပေဒအတိုင္းအေရးယူေဆာင္ရြက္ေပးရန္ ကန္ပက္လက္အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေအာက္တိုဘာ ၁၄ရက္ေန႔က ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ကာ ေတာင္းဆိုလိုက္သည္။ 

ျဖစ္စဥ္မွာ ကန္ပလက္ျမဳိ႕၊ အမွတ္ (၁) ျမဳိ႕မရပ္ကြက္ေန အသက္(၁၇) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦးအား ကန္ပလက္ျမဳိ႕ ၊ ျမဳိ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးမွ ၿပီးခဲ့သည့္ စက္တင္ဘာ(၁၃)ရက္ေန႔က အလုိမတူပဲအဓမၼျပဳက်င့္ခဲ့ၿပီး အမႈဖြင့္တိုင္ၾကား ခဲ့ေသာ္လည္း ခ်က္ျခင္းလက္မခံခဲ့ေၾကာင္း ယင္းအမႈကိုလိုက္ပါေဆာင္ရြက္ေပးေနေသာ ေခၚႏူးစုမ္ေက်းလက္ေဒသ လူမႈဖြံ႔ၿဖိဳးေရးအဖြဲ႔ (KRDO) မွ ဦးကီးဘူကေျပာသည္။ 

“ အဓိကဒီသက္ငယ္မုဒိမ္းမႈကုိ အမႈဖြင့္ေပမယ့္ အမႈကုိေတာ္ေတာ္နဲ႔မဖြင့္ေပးဘူး ၊ ေနာက္တခုက သူတုိ႔ပုိက္ဆံနဲ႔ေက်းေအး ဖုိ႔ၾကဳိးစားတယ္၊ ျပစ္မႈက်ဳးလြန္တဲ့သူကရဲဆုိေတာ့ ရဲေတြအေနနဲ႔ဒီဟာကုိေသ ခ်ာဥပေဒအတုိင္း ကုိယ္တြယ္မႈအားနည္း တယ္လုိ႔ ကြ်န္ေတာ္တုိ႔ျမင္တယ္” ဟု ဦးကီးဘူကေျပာသည္။ 

ရဲတပ္ဖြဲ႕ဝင္တစ္ဦးသည္ ျပည္သူမ်ား၏ လံုျခံဳေရးကို ေစာင့္ေရွာက္ရမည့္အစား လူသားမဆန္စြာ အသက္မျပည့္ေသးသည့္ ကေလးသူငယ္အား မုဒိမ္းမႈက်ဴးလြန္ျခင္းသည္ ကန္ပက္လက္ျမဳိ႕နယ္အတြင္း တရားဥေပေဒစိုးမိုးေရးႏွင့္ ျပည္သူလူထု၏ လံုျခံဳေရးကို အလြန္စိုးရိမ္မိေၾကာင္း ကန္ပက္လက္အရပ္ဘက္အဖြဲ႕အစည္းမ်ား၏ ထုတ္ျပန္ခ်က္ထဲတြင္ေဖာ္ျပထားသည္။ 

ဦးကီးဘူက “သူက ရဲတပ္ဖြဲ႔အေနနဲ႔ပထမ ေက်ေအးပါ့မယ္လုိ႔သြားေျပာတယ္ေပါ့ေနာ္၊ ကေလးမရဲ႕ေဆြးမ်ဳိးေတာ္စပ္တဲ့သူ က လက္မခံပဲ ပထမ ၃သိန္းေပးတယ္ လို႔ေျပာတယ္၊အဲ႔မွာသူအလုပ္လုပ္တဲ့ဆုိင္က ၃သိန္းနဲ႔ဘယ္ရမလဲ ဆုိေတာ့ ၅သိ္န္းတုိးေပးတယ္၊ လကုုုုန္မွေပးမယ္၊ လကုန္တဲ့အခါၾကေတာ့လည္း ၅သိန္းကုိမေပးဘူး ၊မုဒိမ္းမႈဆုိတဲ့သက္ေသ အေထာက္အထားေတြရွာလုိ႔မရေတာ့တဲ့ခ်ိန္မွာ ေပးလည္းမေပးဘူး တုိင္ရင္လည္းဘာမွထူးမွာမဟုတ္ဘူးဆုိျပီးရဲေတြက အဲ့လုိလုပ္လုိက္တယ္” ဟုေျပာသည္။

ယခုကဲ့သို႔ မုဒိမ္းမႈက်ဴးလြန္သူႏွင့္ ေငြေၾကးအသံုးျပဳၿပီး အမႈကိုဖံုးဖိရန္ ႀကိဳးပမ္းသူမ်ားအား ထိေရာက္စြာ အေရးယူေပးရန္ႏွင့္ ျပည္သူလူထု၏ လံုျခံဳေရးႏွင့္ တရားဥပေဒစိုးမိုးမႈ ရွိေစေရးအတြက္ ျပစ္မႈက်ဴးလြန္သူႏွင့္ ျပစ္မႈကို ဖံုးကြယ္ရန္ လုပ္ေဆာင္သူမ်ားအား ကေလးသူငယ္ ဥပေဒႏွင့္အညီ ထိေရာက္စြာ ေရးယူေဆာင္ရြက္ေပးပါရန္ သက္ဆိုင္ရာ အစိုးရအဆင့္ဆင့္သို႔ ကန္ပက္လက္အရပ္ဘက္အဖြဲ႔အစည္းမ်ားက ေတာင္းဆိုထားသည္။ 

ယင္းကိစၥႏွင့္ပက္သက္၍ ကန္ပလက္ျမဳိ႕ အမ်ဳိးသမီးအဖြဲ႔၊ လူမႈဝန္ထမ္းအဖြဲ႔တုိ႔မွ ကူညီေဆာင္ရြက္ေပး ေသာေၾကာင့္ ေအာက္တုိဘာလ ၁၄ ရက္တြင္ကန္ပလက္ျမဳိ႕ရဲစခန္းမွအမႈဖြင့္ေနေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.