Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လုံခြုံရေးတင်းကြပ်သည့်ကြားမှ ကလေးမြို့တွင် စစ်အာဏာဆန့်ကျင်ရေး စတုတ္ထမြောက်နေ့ ဆန္ဒဖော်ထုတ်

လုံခြုံရေးတင်းကြပ်သည့်ကြားမှ ကလေးမြို့တွင် စစ်အာဏာဆန့်ကျင်ရေး စတုတ္ထမြောက်နေ့ ဆန္ဒဖော်ထုတ်

0
By Editor on February 10, 2021 Khonumthung

#Unicode

ကလေးမြို့၏ အချက်အချာကျသည့် နေရာများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ လက်နက်ကိုင်ဆောင်ပြီး လုံခြုံရေး နေရာယူကာ လမ်းကြောင်းများပိတ်ဆို့ထားသော် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့် စတုတ္ထမြောက် လူထု ဆန္ဒဖော်ထုတ်မှုကို ယနေ့နံနက်ပိုင်း ၉ နာရီက ဆက်လက်ဆင်နွှဲခဲ့ကြသည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့သည် ကလေးမြို့ လမ်းမကြီးဖြစ်သည့် လမ်းဆုံ၊ ဘူတာလမ်းခွဲ၊ ပင်လုံ မီးပွင့်၊ မြို့ပတ်လမ်းမှ ဗိုလ်ချူပ်လမ်းဝင်လာသည့် လမ်းကြောင်းများကို ယနေ့နံနက်ပိုင်းကတည်းက လက်နက်ကိုင်ဆောင်ပြီး ပိတ်ဆို့ထား သော်လည်း အင်အား တစ်သိန်းဝန်းကျင်ခန့်ရှိမည့် ကလေးမြို့ဆန္ဒပြပြည်သူလူထုသည် ကံသူရလဘ္ကရည်ဆိုင်ရှေ့မှ စတင်ကာ ဆိပ်ကမ်းသာလမ်းမှတဆင့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်စိုက်ထူရာအထိ ချီတက်ဆန္ဒပြခဲ့ကြသည်။
ယနေ့ဆန္ဒဖော်ထုတ်မှုတွင် လူထုအင်အား တစ်သိန်းဝန်းကျင်ခန့်ပါဝင်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ ချက်ချင်းလွှတ် ၊ အရေးတော်ပုံအောင်ရမည်၊ CDM လှုပ်ရှားမှု ထောက်ခံကြောင်း စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
လမ်းမပေါ်ချီတက်ဆန္ဒဖော်ထုတ်ကြသည့် လူထုကို ထောက်ခံအားပေးသည့်အနေဖြင့် ရပ်ကွက်နေပြည်သူများက လည်း လမ်းဘေးဝဲယာတွင်ရပ်စောင့်ကာ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သင်္ကေတ ဖြစ်သော လက်သုံးချောင်းထောင် ခဲ့ကြသည့်အပြင် လက်ခုပ်တီးအားပေးခဲ့ကြသည်။
#Zawgyi

ကေလးၿမိဳ႕၏ အခ်က္အခ်ာက်သည့္ ေနရာမ်ားကို တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕တို႔မွ လက္နက္ကိုင္ေဆာင္ၿပီး လုံျခဳံေရး ေနရာယူကာ လမ္းေၾကာင္းမ်ားပိတ္ဆို႔ထားေသာ္ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ကန႔္ကြက္သည့္ စတုတၳေျမာက္ လူထု ဆႏၵေဖာ္ထုတ္မႈကို ယေန႔နံနက္ပိုင္း ၉ နာရီက ဆက္လက္ဆင္ႏႊဲခဲ့ၾကသည္။

တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕တို႔သည္ ကေလးၿမိဳ႕ လမ္းမႀကီးျဖစ္သည့္ လမ္းဆုံ၊ ဘူတာလမ္းခြဲ၊ ပင္လုံ မီးပြင့္၊ ၿမိဳ႕ပတ္လမ္းမွ ဗိုလ္ခ်ဴပ္လမ္းဝင္လာသည့္ လမ္းေၾကာင္းမ်ားကို ယေန႔နံနက္ပိုင္းကတည္းက လက္နက္ကိုင္ေဆာင္ၿပီး ပိတ္ဆို႔ထား ေသာ္လည္း အင္အား တစ္သိန္းဝန္းက်င္ခန႔္ရွိမည့္ ကေလးၿမိဳ႕ဆႏၵျပျပည္သူလူထုသည္ ကံသူရလဘၠရည္ဆိုင္ေရွ႕မွ စတင္ကာ ဆိပ္ကမ္းသာလမ္းမွတဆင့္ ဗိုလ္ခ်ဴပ္ေအာင္ဆန္းေၾကး႐ုပ္စိုက္ထူရာအထိ ခ်ီတက္ဆႏၵျပခဲ့ၾကသည္။

ယေန႔ဆႏၵေဖာ္ထုတ္မႈတြင္ လူထုအင္အား တစ္သိန္းဝန္းက်င္ခန႔္ပါဝင္ခဲ့ၾကၿပီး စစ္အာဏာရွင္စနစ္ က်ဆုံးေရး ဒို႔အေရး၊ ဒီမိုကေရစီရရွိေရး ဒို႔အေရး၊ ဖမ္းဆီးခံနိုင္ငံ့ေခါင္းေဆာင္မ်ား ခ်က္ခ်င္းလႊတ္ ၊ အေရးေတာ္ပုံေအာင္ရမည္၊ CDM လႈပ္ရွားမႈ ေထာက္ခံေၾကာင္း စသည့္ ေႂကြးေၾကာ္သံမ်ားကို ဟစ္ေႂကြးခဲ့ၾကသည္။

လမ္းမေပၚခ်ီတက္ဆႏၵေဖာ္ထုတ္ၾကသည့္ လူထုကို ေထာက္ခံအားေပးသည့္အေနျဖင့္ ရပ္ကြက္ေနျပည္သူမ်ားက လည္း လမ္းေဘးဝဲယာတြင္ရပ္ေစာင့္ကာ အာဏာရွင္စနစ္ကို ဆန႔္က်င္သည့္ သေကၤတ ျဖစ္ေသာ လက္သုံးေခ်ာင္းေထာင္ ခဲ့ၾကသည့္အျပင္ လက္ခုပ္တီးအားေပးခဲ့ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.