Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အာဏာသိမ်းပြီးနောက်ပိုင်း ၁၁ လအတွင်း ချင်းလူမျိုး ၁၆၀ ကျော် အသတ်ခံရ

အာဏာသိမ်းပြီးနောက်ပိုင်း ၁၁ လအတွင်း ချင်းလူမျိုး ၁၆၀ ကျော် အသတ်ခံရ

0
By Editor on January 10, 2022 Khonumthung

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၁ လတာ ကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် ချင်းလူမျိုး ၁၆၃ ဦး သေဆုံးခဲ့ရပြီလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဇန်နဝါရီလ ၆ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်တာ၊ မတရားဖမ်းဆီး ညှင်းပန်းနှိပ်စက်တာ၊ မီးရှို့သတ်ဖြတ်တာ၊ လက်နက်ကြီးအပါအဝင် လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိူးအရပ်သားပြည်သူအများစုဟာ သေဆုံးကြရတာလို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ ပြန်ကြားရေးတာဝန်ခံကေ ပြာပါတယ်။

“စစ်အာဏာသိမ်းပြီး ၁၁ လအတွင်း စစ်ကောင်စီကြောင့် သေဆုံးရတဲ့ ချင်းတိုင်းရင်းသားဦးရေ ၁၆၀ ကျော်ရှိတယ်ဆိုပြီး ကျမတို့ထုတ်ပြန်ထားပါတယ်ကျမတို့ရရှိထားတဲ့စာရင်းအပေ့ါနော် တကယ့်မြေပြင်မှာဒီထက်မကများနိုင်သေးတယ်၊ သေဆုံးသူတွေထဲမှာ ဆန္ဒပြလို့ သပိတ်တွေမှောက်လို့ စစ်ကောင်စီဘက်ကနေ အကြမ်းဖြိုခွင်းလို့သေဆုံးတာရှိမယ်၊ စစ်ကောင်စီဘက်ကနေ ကျေးရွာတွေ လူနေရပ်ကွက်တွေထဲဝင်ရောက်ပြီး ရမ်းသန်းပစ်ခတ်လို့နေအိမ်အတွင်းမှာပဲ သေဆုံးတာရှိမယ်၊ စစ်ဘေးရှောင်ရင်းနဲ့ အင်အားပြတ်လပ်ပြီး ဆေးဝါးမလုံလောက်လို့သေဆုံးတာ ပြီးတော့မှ စစ်ကောင်စီ ဘက်ကနေ လူတွေကြင်လည်ကျက်စားတဲ့နေရာတွေမှာ မိုင်းထောင်ထားလို့ မိုင်းနင်းမိပြီးသေဆုံးတာတွေရှိပါတယ်၊ ဖမ်းဆီးနှိပ်စက်ပြီးမှသေဆုံးတာလည်းရှိမယ်၊ မီးရသတ်ဖြတ်ပြီးမှသေဆုံးတာလည်းရှိတယ် တစ်ချို့ဆိုရင်အလောင်း တောင်ပြန်မရဘူး အလောင်းဖျောက်တယ် သက်သေဖျောက်တဲ့ပုံစံတွေလည်းရှိပါတယ်”

အဲဒီသေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၇ ဦးအပါအဝင် အရပ်သားပြည်သူ ၈၇ ဦး နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၇၆ ဦးပါ ဝင်ပြီး အဲဒီထဲမှာ စစ်ကောင်စီရဲ့မီးရမှုကြောင့်သေဆုံးသူ ၇ ဦးနဲ့ အလောင်းပြန်မရတဲ့ အရပ်သား ၈ ဦးတို့ပါဝင်တ ယ်လို့လည်း ICA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့ပတ်သက်ဆက်နွယ်မှုမရှိတဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး စနစ်တကျ တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်ပြီး ဒါဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ICA ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

“စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ အရပ်သားပြည်သူတွေကို စစ်ရေးရည်ရွ ယ်ချက်နဲ့ပစ်မှတ်ထားအသုံးပြုနေတာကိုတွေ့ရတယ်၊ မြန်မာနိုင်ငံအနေနဲ့လည်း စစ်ပွဲတွေမှာ လိုုက်နာရမယ့် ဂျာနီဗာ ကွန်ဗင်းရှင်းတွေကိုလက်မှတ်ထိုးပြီးသားဖြစ်တယ်၊ တိုက်ပွဲဖြစ်လာပြီဆိုရင် အရပ်သားပြည်သူတွေအပေါ် ထိခိုက်မှုအနည်း ဆုံးဖြစ်အောင် ထိခိုက်မှုမရှိအောင်ရှောင်ရှားရမယ် အရပ်သားပြည်သူတွေကိုကာကွယ်ရမယ် ဆေးရုံတို့ စာသင်ကျောင်းတို့ ဘုရားကျောင်းတို့ဆိုရင် မတိုက်ခိုက်ရဘူး ကာကွယ်ရမယ်ဆိုတဲ့ code of conduct တွေရှိပြီးသားပေါ့ နော် ဒီတော့ စစ်ကောင်စီက ဒါတွေကို ပြောင်ပြောင်တင်းတင်းချိူးဖောက်နေတာတွေ့ရတယ် ဒါဟာစစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေ တာဖြစ်ပါတယ် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုလည်းမြောက်ပါတယ်”

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလ ပထမပတ်ကစပြီး အနော်ရထာစစ်ဆင်ရေးအမည်တပ်ပြီး ချင်းပြည်နယ်တကျောလုံးကို စစ်ကောင်စီက စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ထန်တလန်မြို့က လူနေအိမ် ၈၀၀ ကျော် နဲ့ ဘုရားကျောင်း ၇ ကျောင်းကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့ပြီးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ သူတို့ကျူးလွန်တဲ့ပြစ်မှုတွေအပေါ် တာဝန်ခံရမှာဖြစ်သလို အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာတွေကို ချက်ချင်းရပ်တန့်ဖို့ကိုလည်း ချင်းရေးရာအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.