Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ ပါတီတစ်ခုတည်းဖြင့် အစိုးရဖွဲ့နိုင်ရန် ခက်ခဲမည်ဟု ချင်း USDP ဥက္ကဌ ပြော

၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ ပါတီတစ်ခုတည်းဖြင့် အစိုးရဖွဲ့နိုင်ရန် ခက်ခဲမည်ဟု ချင်း USDP ဥက္ကဌ ပြော

0
By Editor on July 14, 2020 Khonumthung

#Unicode

လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ပါတီတစ်ခုတည်းမှ အပြတ်အသတ်အနိူင်ရရှိပြီး အစိုးရဖွဲ့နိုင်ရန် ခက်ခဲမည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ (USDP) ဥက္ကဌ ဒေါက်တာမူထန်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) မှ (NLD) ဖြစ်ခဲ့ကြသော်လည်း ၎င်းတို့အစိုးရ (၅) နှစ်တာကာလအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူလူထုအနေဖြင့် အားမလိုအားမရမှုတွေရှိခဲ့ကြသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အလားအလာနည်းပါးကြောင်း ဒေါက်တာမှုထန်ကသုံးသပ်သည်။

ဒေါက်တာ မှုထန်းက “ပါတီတစ်ခုထဲအနေနဲ့အစိုးရဖွဲ့ဖို့ဆိုတာ နည်းနည်းခက်နိုင်မယ်လို့ကျွန်တော်မြင်တယ်၊ NLD ပါတီက ၂၀၁၅ လိုတော့ သူတို့ကို လူတွေက စိတ်ထဲမှာ မကျန်တော့ဘူးလေ၊ ၅ နှစ်နီးပါး သူတို့လုပ်ကိုင်ဆောင် ရွက်တဲ့နေရာတွေမှာ အားမရတာတွေ၊ မကျေနပ်တာတွေရှိတာ အများကြီးရှိတာကိုး၊ ၂၀၁၅တုန်းကတော့ NLD မှ NLD ဆိုတဲ့စိတ်က လူတိုင်းမှာရှိတယ်၊ ဒီတခါမှတော့ အဲ့လို မဟုတ်တော့ဘူးလို့ ဒါကြောင့် ပါတီတခုထဲအနေနဲ့ အစိုးရဖွဲ့နိုင်မယ်မထင်ဘူး” ဟု ပြောသည်။

မဲဆန္ဒနယ်မြေ (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) က မဲဆန္ဒနယ်မြေ (၂၈) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက မဲဆန္ဒနယ်မြေ (၆) နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီက (၅) နေရာအသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီကို ဦးစားပေးသည့်အနေဖြင့် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ (၂) နေရာချန်ထားကာ ကျန်မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဒေါက်တာမှုထန်းကပြောသည်။

“ကျွန်တော်တို့ တပြည်နယ်လုံးမှာ နေရာ ၂ နေရာတော့ ဟပေးမယ် အကြောင်းရင်းကတော့ တိုင်းရင်းသားပါတီကို ဦးစားပေးလို့လေ သူတို့ကို နိုင်စေချင်တဲ့သဘောပါ” ဟု ဒေါက်တာကပြောသည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (Myanmar Alliance for Transparency and Accountability-MATA) ၏ ချင်းပြည်နယ်တာဝန်ခံ ကို Andrew Thatuang ကလည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီတစ်ခုတည်းက အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည့်အလားအလာ မမြင်ရကြောင်း သုံးသပ်သည်။

“လူထုကလည်းပဲ ရွေးကောက်ပွဲ သက်တမ်း ၂ ခုလောက်ရှိလာပြီဆိုတော့ နိုင်ငံရေးအသိ ရေချိန်မြင့်လာပြီ ဘယ်လိုလူမျိူးကို အားကိုးလို့ရသလဲ၊ လူထုကိုယ်စား တကယ်လုပ်ကိုင်နိုင်တဲ့သူက ဘယ်သူလဲဆိုတာ လူထုက တွေးတတ်သွားပြီ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအခင်းအကျင်းက လူပေါ်အခြေခံလိမ့်မယ် ဒီတော့ လွှတ်တော်ရော အစိုးရအဖွဲ့ရော ကာလာစုံလာမယ်လို့ထင်တယ်’’ ဟု ကို Andrew Thatuang ကပြောသည်။

ချင်းနိုင်ငံရေးပါတီ (၃) ခုဖြစ်သည့် (CNDP, CPP, CLD) ပါတီတို့သည် (CNLD) ပါတီအနေဖြင့် ပူးပေါင်းဖွဲ့စည်းကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် NLD နှင့် USDP ပါတီအတွက် အဓိကအင်အားကြီး ပြိုင်ဘက်ဖြစ်လာမည်ဟု နိိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) စသည့်ပြည်မနိုင်ငံရေးပါတီကြီးများအပါအဝင် ဒေသခံ ချင်းနိုင်ငံရေးပါတီတွေဖြစ်ကြသည့် ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ ချူပ် (CLD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD)၊ တိုင်းရင်းသားလူမျိူးများဖွံဖြိုးရေးပါတီ (ENDP)၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေး ပါတီနဲ့ ခူမီး (ခမီး) အမျိူးသားပါတီအပြင် ရခိုင်အမျိူးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

#Zawgyi

လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ပါတီတစ်ခုတည်းမှ အပြတ်အသတ်အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ရန် ခက်ခဲမည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ (USDP) ဥက္ကဌ ဒေါက်တာမူထန်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) မှ (NLD) ဖြစ်ခဲ့ကြသော်လည်း ၎င်းတို့အစိုးရ (၅) နှစ်တာကာလအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူလူထုအနေဖြင့် အားမလိုအားမရမှုတွေရှိခဲ့ကြသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အလားအလာနည်းပါးကြောင်း ဒေါက်တာမှုထန်ကသုံးသပ်သည်။


မဲဆန္ဒနယ်မြေ (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) က မဲဆန္ဒနယ်မြေ (၂၈) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက မဲဆန္ဒနယ်မြေ (၆) နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီက (၅) နေရာအသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။




“လူထုကလည်းပဲ ရွေးကောက်ပွဲ သက်တမ်း ၂ ခုလောက်ရှိလာပြီဆိုတော့ နိုင်ငံရေးအသိ ရေချိန်မြင့်လာပြီ ဘယ်လိုလူမျိုးကို အားကိုးလို့ရသလဲ၊ လူထုကိုယ်စား တကယ်လုပ်ကိုင်နိုင်တဲ့သူက ဘယ်သူလဲဆိုတာ လူထုက တွေးတတ်သွားပြီ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအခင်းအကျင်းက လူပေါ်အခြေခံလိမ့်မယ် ဒီတော့ လွှတ်တော်ရော အစိုးရအဖွဲ့ရော ကာလာစုံလာမယ်လို့ထင်တယ်’’ ဟု ကို Andrew Thatuang ကပြောသည်။

ချင်းနိုင်ငံရေးပါတီ (၃) ခုဖြစ်သည့် (CNDP, CPP, CLD) ပါတီတို့သည် (CNLD) ပါတီအနေဖြင့် ပူးပေါင်းဖွဲ့စည်းကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် NLD နှင့် USDP ပါတီအတွက် အဓိကအင်အားကြီး ပြိုင်ဘက်ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) စသည့်ပြည်မနိုင်ငံရေးပါတီကြီးများအပါအဝင် ဒေသခံ ချင်းနိုင်ငံရေးပါတီတွေဖြစ်ကြသည့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ ချူပ် (CLD)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD)၊ တိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးပါတီ (ENDP)၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေး ပါတီနဲ့ ခူမီး (ခမီး) အမျိုးသားပါတီအပြင် ရခိုင်အမျိုးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.