Author: Editor

(006SV) ချင်းမျိုးနွယ်စုများအားလုံး စုံလင်စွာပါဝင်၍ နိုင်ငံရေး ဘုံသဘောတူညီချက် အရင်တည်ဆောက်ပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတူတကွရေးဆွဲကာ ကောင်စီဖွဲ့သင့်သည်ဟု ချင်းညီနောင်က ပြောဆိုလိုက်သည်။ ဇန်နဝါရီလ ၃ ရက်က ချင်းညီနောင်အဖွဲ့သည် လက်ရှိဖြစ်ပေါ်နေသော ချင်းပြည်နိုင်ငံရေး အခင်းအကျင်းအပေါ် သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ကာ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ မိမိတို့ တော်လှန်နေသော စစ်အာဏာရှင်တို့၏ စိတ်ဓါတ်၊ လုပ်နည်း လုပ်ဟန်ကဲ့သို့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မင်းမူရန် ကြိုးပမ်းသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ဆန့်ကျင်တော်လှန်သွားမည်ဟုလည်း ချင်းညီနောင်က အသိပေးထုတ်ပြန်သည်။ ထို့အပြင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့သည် ချင်းတစ်မျိုးသားလုံး၏ အကျိုး စီးပွားနှင့် အရပ်သားအုပ်ချုပ်မှု စံနှုန်းများကို လျစ်လျူရှုပြီး အာဏာရှင်ဆန်သော ချင်းပြည်အစိုးရသစ်တစ်ခုကို အလျင်စလို တည်ထောင်နေသည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။ ချင်းညီနောင်သည် သက်ဆိုင်ရာမြို့နယ်နှင့် ထိန်းချုပ်နယ်မြေများတွင် ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ အကူအညီထောက်ပံ့မှု စသော ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။ ချင်းညီနောင်အဖွဲ့ကို ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)(CDF-Mindat) တို့က ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်က တရားဝင် ဖွဲ့စည်းခဲ့ကြသည်။

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ရုံး၊ဌာနနှင့် တပ်ဖွဲ့များမှ ဝန်ထမ်းများအနေဖြင့် ရက်ပေါင်း ၃၀ အတွင်း အလင်းဝင်ရောက်ရန် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြေညာလိုက်သည်။ စစ်ကောင်စီလက်အောက်ခံ ရုံး၊ ဌာနနှင့် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် Non – CDM ဝန်ထမ်းများအနေဖြင့် လက်ရှိဆောင်ရွက်နေမှုများကို ရပ်တန့်၍ ၂၀၂၄ ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အတွင်း အလင်းဝင်ရောက်ကြရန် ဇန်နဝါရီလ ၁ ရက်နေ့တွင် စာဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။ အလင်းဝင်ရောက်ခြင်းမရှိသည့် Non- CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း မင်းတပ် (ပအဖ) က အသိပေးထုတ်ပြန်သည်။ CDF- မင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲများ ပူးပေါင်းဆင်နွှဲသွားရန် အစီအစဉ် ရှိသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ခေါ်နုသုန်းသတင်းဌာကို ယနေ့ အင်တာဗျူးတွင် ဖြေဆိုထားသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်အနီးက နှစ်သစ်၏ ပထမဆုံးတိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်မှူးတစ်ဦးကို စနိုက်ဘာဖြင့် ထိမှန်အောင် ပစ်ချနိုင်ခဲ့သည်ဟု CDF မင်းတပ်က ယနေ့မှာ သတင်းထုတ်ပြန်သည်။ တိုက်ပွဲနှင့်လက်ရှိစစ်ရေးအခြေအနေဖြင့် ပတ်သက်၍ မေးမြန်းရန် CDF- မင်းတပ်သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ ထိုတိုက်ပွဲအပြီးတွင် စစ်ကောင်စီမှ အရပ်သားနေအိမ် ၂ လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး တိုက်နယ် ၄ ဖက်သို့လည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့…

Read More

(005MK) စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းကျေးရွာတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့မနက်ပိုင်း ၉ နာရီ၀န်းကျင်ခန့်က လက်ပံချောင်းကျေးရွာထဲသို့ လက်နက်ကြီးကျည် ၂ ကြိမ်ကျရောက် ပေါက် ကွဲကာ အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး အသက် ၉ နှစ်အရွယ် Joseph Malsawmhlua သည် ပြင်းထန် ဒဏ်ရာကြောင့် မွန်းလွဲပိုင်း ၁၂ နာရီခွဲခန့်တွင် သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်း Zofa Journal တွင် ဖော်ပြသည်။ Joseph Malsawmhlua သည် ၀မ်းကွဲညီအကိုများနှင့်အတူ ဖခင်ဖြစ်သူ၏ ၀က်ခြံဆောက်လုပ်မှုကို ၀◌ိုင်း၀န်း ကူညီနေသည့်အချိန်တွင် ၎င်းတို့အနီးနားသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလာသည့်အတွက် ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ဒဏ်ရာရရှိသူများကို နီးစပ်ဆေးရုံများသို့ ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။ ကလေးမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်းကျေးရွာသည် ချင်းလူမျိုးများနေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်ပြီး ယခင်ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Read More

(006SV) ချင်းပြည်နယ်တွင် ခွင့်ယူထားသော ရဲဘော်၊ ရဲမေများ မိခင်တပ်ရင်းများသို့ ပြန်လည်ရောက်ရှိရန် ဆင့်ခေါ်ပြီး တစ်ပတ်အကြာတွင် ထက်ဝက်ခန့်သည် တော်လှန်ရေးတာဝန် ပြန်ထမ်းဆောင်ရန် ဆက်သွယ်သတင်းပို့ထားသည်ဟု CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်းက ပြောသည်။ “တော်တော်များများကတော့ အကုန်လုံး ပြန်စုံကြပါတယ်။ အဲဒီအထဲကမှ မလာနိုင်တဲ့လူကို ပြန်အတည်ပြုရမှာပေါ့။ အခုက ရပ်ဝေးမှာရှိတဲ့ ၂ ရက်ခရီး၊ ၃ ရက်ခရီး ဖြစ်မယ့်ဟာတွေနဲ့ လာမယ့်ဟာတွေရှိလို့ အဲဒါတွေကို စောင့်မယ်။ ရက်ကန့်သတ်ချက်က အဝေးဆုံးမှာရှိတဲ့လူကို ရက်နဲ့ တွက်ချက်ထားတာရှိတယ်။ တစ်ဝက်လောက်တော့ ပြန်ပြီးရောက်မယ်။ ကျန်တဲ့တစ်ဝက်ကတော့ သူတို့ ရွေ့ချယ်မှုမှာ မူတည်မှာပါ” ဟု သူက ပြောသည်။ CDF – မတူပီ၏ တပ်ရင်းများသို့ ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ ပြန်ရောက်ရှိရန် ဆင့်ခေါ်ထားသော်လည်း ရပ်ဝေးသို့ ရောက်နေသည့် ရဲဘော်များအတွက် တစ်ပတ်ဝန်းကျင် ထပ်မံ ရက်တိုးပေးထားသည်ဟု သိရသည်။ တချို့ရဲဘော်များသည် မိခင်တပ်ရင်းများသို့ ပြန်လာရန် လမ်းခရီးစရိတ်များ မရှိဘဲဖြစ်နေ၍ ငွေကြေးအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု CDF – မတူပီ တာဝန်ရှိသူက ပြောသည်။ သတ်မှတ်ရက်အတွင်း မိခင်တပ်ရင်းများသို့ မလာရောက်နိုင်ပါက ရဲဘော်၊ ရဲမေများ၏ အမည်စာရင်းမှ ပယ်ဖျက်သွားတော့မည်ဖြစ်ပြီး တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် ရဲဘော်၊ ရဲမေ၏ ရသင့်ရထိုက်သော အခွင့်အရေးများ လုံးဝ ခံစားရရှိတော့မည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်စွဲဖြင့် CDF မတူပီတပ်ရင်း ၁ လင်းယုန်တပ်ရင်း၏…

Read More

(005MK) ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၁ ဦးကို ဇန်န၀◌ါရီလ ၂ ရက်နေ့က မြန်မာ့လေ ကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ခေါ်ဆောင်သွားကြပြီဟု သိရသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Lengpui လေဆိပ်ကတဆင့် မြန်မာလေကြောင်းလိုင်းဖြင့် နှစ်သုတ်ခွဲ၍ သယ်ဆောင်သွားခြင်းဖြစ်ပြီး ပထမအသုတ်တွင် တပ်သား ၈၄ ဉီးနှင့် ဒုတိယသုတ်တွင် ၆၇ ဉီးကို ခေါ်ထုတ်သွားပြီဖြစ်သည်ဟု ဒေသတွင်းသတင်းမီဒီယာတွင် ဖော်ပြသည်။ ချင်းပြည်နယ် ပလက်၀မြို့နယ် အိန္ဒိယ- မြန်မာနယ်စပ်အနီးရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးသည် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang ကျေးရွာက အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလုံခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် ဒဏ်ရာရရှိသူ ၉ ဦးရှိကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။ ပြီးခဲ့သည့် နို၀င်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားအယောက် ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွါပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ကာ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

Read More

(006SV) ချင်းပြည်၏ မြို့နယ်အသီးသီးရှိ နိုင်ငံရေးဦးဆောင်အဖွဲ့များဖြင့် ချင်းကာကွယ်ရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး လုပ်ဆောင်စရာများကို ပြတ်ပြတ်သားသားဆက်လက် လုပ်ဆောင်သွားမည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။ ဇန်နဝါရီလ ၁ ရက်က နှစ်သစ်ကူးသဝဏ်လွှာတွင် ကြားကာလချင်းအမျိုးသာားအတိုင်ပင်ခံကောင်စီက ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။ “ချင်းပြည်၏ မြို့နယ်အသီးသီးရှိ နိုင်ငံရေး ဦးဆောင်အဖွဲ့များ၏ တက်ကြွစွာ ပါဝင်မှုနှင့်အတူ ချင်းကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းရင်း ချင်းတစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ရှေ့ရှုလျက် လုပ်ဆောင်စရာများကို ပြတ်ပြတ် သားသား ဆက်လက်လုပ်ဆောင်ဖို့ ရှိနေပါသည်” ဟု ချင်းပြည်သူများသို့ နှစ်သစ်ကူး သဝဏ်လွှာတွင်ဖော်ပြထားသည်။ ချင်းပြည်အရေး ဆောင်ရွက်ရာတွင် အခက်အခဲတချို့ ရှိသော်လည်း ICNCC အနေဖြင့် ပြည်သူများ၏ သုံးသပ်အကြံပြုချက်များကို အလေးထားပြီး ပြုပြင်ပြောင်းလဲမှုများစွာ စတင်လုပ်ဆောင်နိုင်ခဲ့သည့် နှစ်ဖြစ်သည်ဟုဆိုသည်။ ချင်းကာကွယ်ရေးကော်မတီ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မည်သည့်ချင်းကာကွယ်ရေးအဖွဲ့များ ပါဝင်မည်၊ မည်သို့ ဖွဲ့စည်းဆောင်ရွက်မည်ကို အသေးစိတ်မေးမြန်းရန် ICNCC ကို ခိုနူမ်းသုန်မှ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့သည် “ချင်းညီနောင်” အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က နိုင်ငံရေးနှင့် စစ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တရားဝင် ဖွဲ့စည်းခဲ့သည်။ ချင်းပြည် နိုင်ငံရေးတွင် ICNCC လမ်းကြောင်းဖြင့် ဆက်လက်လျှောက်လှမ်းရန် ဆွေးနွေးနေကြပြီး ICNCC တွင် လိုအပ်သော စုဖွဲ့မှုများရှိရန် ပြန်တည်ဆောက်နေသည်ဟု “ချင်းညီနောင်”…

Read More

(006SV) ၂၀၂၄ ခုနှစ်သည် ချင်းပြည်အတွက် အလွန်အရေးကြီးသော “နှစ်” တစ်နှစ်ဖြစ်ပြီး အရေးတကြီး အကောင်အထည်ဖော်ရမည့် အချက် (၄) ချက်ရှိကြောင်း ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ပြောသည်။ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌလည်းဖြစ် ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်က နှစ်သစ်နှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပထမအချက်သည် “စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းရေး” ဖြစ်ပြီး ယင်းစနစ်ကို ကျောထောက်နောက်ခံပေးနေသည့် စစ်တပ်နှင့် ၎င်း၏ ယန္တရားတစ်ခုလုံကို ချေးမှုန်းရန်ဖြစ်သည်ဟု ကောင်စီဥက္ကဌက ပြောသည်။ ဒုတိယအချက်သည် “ချင်းအမျိုးသားပိုက်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားတို့၏ ပိုက်နက် နယ်မြေ အစိတ်အပိုင်းတချို့ကို စစ်ကောင်စီက အုပ်ချုပ်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်ကို အပြီးအပိုင် တိုက်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တတိယအချက်သည် “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းလဲန်းတည်ဆောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားရေး လှုပ်ရှားမှုမှာ အင်အားစုတစ်ရပ်လုံး စုစည်းမှသာ အရှိန်အဟုန်နှင့် တိုက်ပွဲဝင်နိုင်မှာဖြစ်ကြောင်း၊ ချင်းလဲန်းတည်ဆောက်ရေးမှာ ချင်းအမျိုးသားများနှင့် ချင်းလဲန်းပြည်သူတစ်ရပ်လုံး တက်ညီလက်ညီ တာဝန်ထမ်းရွက်ကြမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။ နောက်ဆုံးအချက်သည် “နိုင်ငံရေးနဲ့ အမျိးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး ချင်းပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင်တခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အကောင်းဆုံးအခွင့်အလမ်းဖြစ်ကြောင်း၊ ယင်းကို…

Read More

(006SV) မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးစွဲကိုင်ပြီး အစောဆုံးဆန့်ကျင့်တော်လှန်တဲ့ ချင်းအင်အားစု တွေဟာ အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် ခုခံတော်လှန်ရေး ၃ နှစ်ရှိလာချိန်မှာ ကြီးမားတဲ့ အရွေ့တစ်ခုကို ဖော်ဆောင်လာကြပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်မှာ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်ထိ ကျင်းပနိုင် ခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းနိုင်ခဲ့သလို ချင်းပြည်ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တာပါ။ ချင်းအင်အားစုတွေ ကိုယ်ပိုင်ရေးဆွဲပြဌာန်းနိုင်ခဲ့တဲ့ ဒီအရွေ့မှာ ချင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ အစိုးရယန္တရားတွေကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမှာဖြစ်လို့ ၂၀၂၄ ဖေဖော်ဝါရီလ ၄ ရက်မတိုင်မီ ချင်းပြည်အစိုးရ ယန္တရားလည်ပတ်မှုတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ “လွှတ်တော်ဆိုရင် ဥပဒေပြုရေးရာ အားလုံးကို ကိုင်တွယ်မယ်။ အုပ်ချုပ်ရေးကိုတော့ အုပ်ချုပ်ရေးအစိုးရက ကိုင်တွယ်မယ်။ တရား စီရင်ရေးကြတော့လည်း သူ့ဟာသူ လွတ်လွတ်လပ်လပ် သီးသီးသန့်သန့် အရပ်ဖက် တရားစီရင်ရေးကို ကျနော်တို့က ဖော်ဆောင်မှာ ဖြစ်တယ်။ အဓိက ပြောချင်တာက နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်း ဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင် တဲ့ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်” ချင်းလဲန်းကောင်စီ၊ တွဲဖက်အတွင်းရေးမှူး ၁ ဆလိုင်းထက်နီက ပြောပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်နယ်မှာ…

Read More

(006SV) ချင်းပြည်နှင့် ချင်းအမျိုးသားအရေးတွင် နိုင်ငံရေး၊ စစ်ရေးများကို ပူးပေါင်းဆောင်ရွက်ရန် “ချင်းညီနောင်” မဟာမိတ်အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က ဖွဲ့စည်းလိုက်ကြောင်း ချင်းလန်းကောင်စီညီလာခံ မတက်ရောက်သည့် ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့ ကပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။ Zomi Federal Union (ZFU)/ PDF-Zoland၊ Chin National Organization (CNO/CNDF) နှင့် Chin National Council (Mindat)/ CDF- Mindat (၃)ဖွဲ့တို့သည် ချင်းပြည်လုံးဆိုင်ရာ ကိစ္စရပ်များနှင့် ချင်းတမျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များတွင် “ချင်းညီနောင်” ဘုံသဘောတူညီချက်ဖြင့်သာ ပူးပေါင်းပါဝင်ကြမည်ဟု ယင်းအဖွဲ့ ၃ အဖွဲ့က ပူးပေါင်းထုတ်ပြန်သည်။ “ချင်းညီနောင်” တစ်ဖွဲ့ဖွဲ့အား နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မတော်မတရား ကျူးကျော် ထိပါးလာပါက အတူတကွ ပူးပေါင်းရင်ဆိုင် တွန်းလှန်တုံ့ပြန်သွားမည်ဟု ယင်းအဖွဲ့တို့က သဘောတူထားသည်။ “ချင်းညီနောင်”၏ ဘုံသဘောတူညီချက်နှင့် ကိုက်ညီသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အရေး၊ ချင်းတမျိုးသားလုံး အရေးနှင့် ပြည်ထောင်စုကိစ္စများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်သည်။ ဒီဇင်ဘာလ ၆ ရက်က CNF/CNA ဗဟိုဌာနချုပ်တွင် CNF/CNA အစုအဖွဲ့၊ CDF ၁၄ ဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တချို့ သည် ချင်းလဲန်းကောင်စီညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ZFU/PDF-Zoland၊ CNO/CNDF နှင့် CNC/ CDF- Mindat တို့သည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေး…

Read More

(005MK) ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က မြို့မိမြို့ဖအား နှစ်သစ်ကူး အကြောင်းပြုကာ လက်ဆောင်ပေးဝေခြင်းများပြုလုပ်ခဲ့ရာတွင် Zomi Revolutionary Army – ZRA တပ်ဖွဲ့များက လုံခြုံရေးယူပေးခဲ့သည်ဟု Zoland Voice TV ကဖော်ပြသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့က တီးတိန်မြို့ပေါ်ရှိ ဆေးရုံနှင့် မြို့တွင်းတချို့နေရာများတွင် စစ်ကောင်စီက နှစ်သစ်ကူးလက်ဆောင်ဟုဆိုကာ မြန်မာကျပ်ငွေ နှစ်သောင်း (၂၀,၀၀၀) ပေးပြီး စည်းရုံးရေးဆင်းခဲ့သည်ဟု ဆိုသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ZRA တပ်ဖွဲ့က စစ်ကောင်စီလှုပ်ရှားရာ လမ်းကြောင်းများဖြစ်သော ခရိုင်ရုံးနားနှင့် မီးသတ်ရုံး လမ်းခွဲများတွင် လုံခြုံရေးယူပေးခဲ့သည်ဟု Zoland Voice TV ကဖော်ပြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း စစ်ကောင်စီ ဦးဆောင်မှုဖြင့် Sweet December ဖလား ဘောလုံးပြိုင်ပွဲကို တွန်းဇံမြို့ တွင် ကျင်းပရာ စကစတပ်များ၊ ရဲတပ်သားများနှင့် ZRA တပ်များ ပူးပေါင်းကာ လုံခြုံရေး တာ၀န်ယူထားခဲ့သည်ဟု သိရသည်။

Read More