Author: Editor

(004SS) ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီမြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် CDF-Matupi တပ်မဟာ ၁ နှင့် တပ်မဟာ ၂ ခေါင်းဆောင်များအနေဖြင့် စားပွဲဝိုင်းတွင် အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးကာ ငြိမ်းချမ်းစွာဖြေရှင်းကြရန် မတူပီလက်နက်ကိုင်တပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေပေးနေသော CDF-Matupi Fundraising Committee က တိုက်တွန်းတောင်းဆိုလိုက်သည်။ မတူပီမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ CDF-Matupi တပ်မဟာ (၁) နှင့် တပ်မဟာ (၂) အပြင်၊ ၎င်းတို့နှင့် ပတ်သက်သည့် အစုအဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲမှုမှတစ်ဆင့် သွေးထွက်သံယို ပဋိပက္ခ အဆင့်အထိ ဖြစ်ပွါး နေသည်ကို မြင်တွေ့ရသဖြင့် အထူး စိုးရိမ်စိတ်မကောင်း ဖြစ်ရသည်ဟု CDF-Matupi Fundraising Committee က ဇွန်လ ၂၃ ရက်နေ့ကကြေညာချက်ထုတ်ပြန်သည်။ မတူ(Matu)တစ်မျိုးသားလုံး၏ စည်းလုံးညီညွှတ်ရေးကို ဦးထိပ်ထားလျက်၊ လက်ရှိဖြစ်ပွါးနေသော ပဋိပက္ခ များအား CDF-Matupi တပ်မဟာ (၁) နှင့် CDF-Matupi တပ်မဟာ (၂) ၏ ခေါင်းဆောင်များအနေဖြင့် စားပွဲဝိုင်းတွင် (အမြန်ဆုံး) တွေ့ဆုံဆွေးနွေးကာ၊ ငြိမ်းချမ်းစွာ ဖြေရှင်းကြလေးလေးနက်နက်တိုက်တွန်းသည်ဟု CDF-Matupi Fundraising Committee ၏ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ပြည်တွင်း ပြည်ပရှိ မတူ(Matu)ပြည်သူ လူထုများမှလည်း မတူ(Matu)တစ်မျိုးသားလုံး၏ စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းကြရန်၊ လူမျိုးရေး အမုန်းတရားများ ပြန့်ပွါးခြင်းအား ဦးတည်စေမည့် အရေးအသားများ၊ ပြောဆိုမှုများကို ရှောင်ကြဉ်ပေးကြပါရန် CDF-Matupi Fundraising Committee က မေတ္တာရပ်ခံထားသည်။…

Read More

ချင်းပြည်နယ် မတူပီမြို့ စစ်ဆင်ရေးတွင် ကျဆုံးခဲ့သော CDF-Hualngoram ရဲဘော် J.Hmangaihthanga ၏ ရုပ် အလောင်းသည် ယနေ့ဇွန်လ ၂၃ ရက်နေ့ညနေပိုင်း ၆ နာရီတွင် ဇာတိမြို့ ရိခေါဒါရ် နေအိမ်သို့ ရောက်ရှိလာပြီဖြစ်သည်။ အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်သော J.Hmangaihthanga ၏ ရုပ်အလောင်းကို မနက်ဖြန်ဇွန်လ ၂၄ ရက်နေ့ တွင် ခရစ်ယာန်ထုံးတမ်းစဉ်လာအရ မြေမြုပ်သဂြိုလ်ကြမည်ဟု သိရသည်။ အားကစားဝါသနာပါသူတစ်ဦးလည်းဖြစ်သည့် J.Hmangaihthanga သည် ဘော်လီဘော (Volleyball) အားကစားတွင် ထူးချွန်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ဘော်လီဘောပြိုင်ပွဲများတွင်လည်း ဆုရရှိသည်အထိ အောင်မြင်ခဲ့သူတစ်ဦးဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်နောက်ပိုင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hualngoram တပ်ဖွဲ့သို့ ဝင်ရောက်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်သည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်က စစ်ကောင်စီတပ်စခန်းကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သိရသည်။ တီးတိန်-ကလေး ကားလမ်းမဘေးတွင်တည်ရှိသော ကနေဒီတောင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က PDF-Zoland တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့က တီးတိန်မြို့မှ ကနေဒီတောင်သို့ စစ်ကြောင်းထိုးကာ PDF-Zoland တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အင်အားမမျှသည့်အတွက် PDF-Zoland တပ်ဖွဲ့များသည် ကနေဒီတောင်မှ ဆုတ်ခွါသွားခဲ့ရသည်ဟု သိရသည်။ သို့သော်လည်း ချင်းလဲန်းကောင်စီတပ်ဖွဲ့များက ယနေ့ဇွန်လ ၂၂ ရက်မနက်ပိုင်းတွင် ကနေဒီတောင်ကုန်းတပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသည်ဟု ယင်းဒေသတွင်အခြေပြုလှုပ်ရှားနေသော People Defence Army (PDA-Tedim) က ထုတ်ပြန်လာသည်။ တချိန်တည်းမှာပဲ တီးတိန်-ကလေးလမ်းမပေါ်ရှိ သိုင်းငင်တပ်စခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်ကာ ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

Read More

(006SV) ချင်းပြည်တောင်ပိုင်း မတူပီမြို့ စစ်ဆင်ရေးတွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ နှစ်ဖက်လုံးမှာ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ချင်းတော်လှန်ရေးနှစ်ဖွဲ့အကြားတွင် ဇွန်လ ၁၈ ရက်မနက်ပိုင်းမှ ဇွန်လ ၂၀ ရက်အထိ တိုက်ပွဲများ ၃ ရက်ကြာအထိ ဖြစ်ပွားနေခဲ့ပြီး တိုက်ပွဲအကြိမ်ရေ အများအပြားရှိခဲ့ကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ မှ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောသည်။ “တိုက်ပွဲက တောက်လျှောက်ဖြစ်နေပါတယ်။ တဖက်နဲ့ တဖက် ကျနော်တို့က တိုက်နေမယ်ဆိုရင် စစ်ကောင်စီကို သိမ်းဖို့က တော်တော်လေး ခဲယဉ်းဖို့ ဖြစ်နေပါတယ်။ တပ်မဟာ – ၂ က ထုတ်ပြန်တာမှာလည်း လမ်းတွေ ပိတ်မယ်ဆိုတာတွေ ပါလာတော့ လိုအပ်တဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူမှု အပိုင်းတွေမှာနောက်ကျမှု အများကြီး နောက်ကျမှု ရှိပါမယ်။ အချင်းချင်းကြား ပြသနာ ဆက်ဖြစ်မယ်ဆိုရင် ကျနော်တို့ ချင်းညီနောင်ရဲ့ သီးသန့် တာဂစ်ပေါ့နော်။ စစ်ကောင်စီ ပြုတ်ကျရေး ရည်းမှန်းချက် အတော်လေး အခက်အခဲရှိမယ်။ အတော်လေး လူလည်ပေးဆပ်ရမယ်” ဟု ၎င်းက ပြောသည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့၏ မတူပီမြို့မှာ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ဇွန်လ ၂၀ ရက်က ချင်းအမျိုးသားတပ်ဦး CNA မှ ဒုတိယ ဗိုလ်မှူးကြီး လာလ်ဘိခ့် (Lt.Col Lal Bik) ကျဆုံးသွားခဲ့ကြောင်း သိရသည်။…

Read More

(005MK) အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံနေရသော မြန်မာနိုင်ငံသားများသည် ၎င်းတို့လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြမှု ဆက်လက်ဆောင်ရွက်နေပြီး ယနေ့ဆိုလျှင် ၆ ရက်မြောက်ရှိလာပြီဖြစ်သည်။ အင်ဖားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသားများအား စစ်ကောင်စီလက်ထံ ပြန်မအပ်ရန်နှင့် အမြန်ဆုံးလွှတ်ပေးရန် ဇွန်လ ၁၆ ရက်နေ့ကစ၍ လူငယ် ၂၈ ဦးက ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ကြပြီး ထောင်အာဏာပိုင်းများက အသံဗုံး၊ ရာဘကျဉ်ဆန်များဖြင့် ဖြိုးခွင်းခဲ့ပြီးနောက် တထောင်လုံးတွင်ရှိသော မြန်မာနိုင်ငံသား ၉၉ ယောက်စလုံးသည် ၎င်းတို့လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အစာငတ်ခံဆန္ဒပြသူ ၉၉ ယောက်အနက် ၃၃ ယောက်သည် ဇွန်လ ၂၀ ရက်နေ့တွင် ရပ်နားခဲ့ကြပြီး ကျန် ၆၆ ယောက်မှာ ၎င်းတို့တောင်းဆိုချက်မရမချင်း ဆက်လက်ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ၆၆ ဦးထဲမှ အသက် ၅၀ နှင့် ၆၀ ကျော်အရွယ်ရှိသော အမျိုးသား ၂ ဦးမှာ အင်အားချိနဲ့လာပြီး ကိုယ်လက်လှုပ်ရှားရန် ခက်ခဲလာသောကြောင့် ဆေးဝါးကုသပေးရန် ထောင်အာဏာပိုင်များကို တောင်းဆိုထားကြသည်ဟု သိရသည်။ အစာငတ်ခံဆန္ဒပြမှု ရပ်နားသွားသည့် ၃၃ ယောက်မှာ မြန်မာယက္ကန်းအလုပ်သမားအများစုဖြစ်ကြပြီး ၎င်းတို့သည် ထောင်အာဏာပိုင်းများနှင့်ဆွေးနွေးမှုအရ မြန်မာနိုင်ငံဘက်သို့ပြန်ပို့ရန်သဘောတူလက်ခံသည့်အတွက် ဆန္ဒပြမှုကို ရပ်နားခဲ့ကြခြင်းဖြစ်သည်ဟု မြန်မာအကျဉ်းသားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယခုလက်ရှိအင်ဖားမြို့ နိုင်ငံခြားသားများ ထိန်းသိမ်းရေးစင်တာ (အကျဉ်းထောင်) တွင် မြန်မာနိုင်ငံသား ၉၉ ယောက် နှင့် SAJIWA ဗဟိုအကျဉ်းထောင်တွင် မြန်မာနိုင်ငံသား အယောက် ၆၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်။ ပြီးခဲ့သည့် မေလ နှင့် ဇွန်လဆန်းပိုင်းက…

Read More

(002MG) ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန်ကျေးရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ဖောက်ထွင်းပြီး ငွေကြေးအမြောက်အများ ခိုးယူသွားသည်ဟု ဒေသခံများထံမှ သိရသည်။ တီးတိန်မြို့မှ ကနေဒီတောင်ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဆိုဇန်ကျေးရွာအတွင်း ဝင်ရောက်ကာ ဒေသခံများအား နေအိမ်တခုအတွင်း သော့ခတ်ပိတ်လှောင်ထားပြီးနောက် ပြည်သူများ၏ ငွေကြေးများကို ခိုးယူသွားကြသည်ဟု တီးတိန်ဒေသခံတစ်ဦးက ပြောသည်။ “ကနေဒီတောင် စကစ ပြန်သိမ်းပြီးတဲ့နောက် ညနေပိုင်းမှာ ဆိုဇန်ရွာကို ဆင်းပြီးတော့ ပြည်သူလူထုကို ဖမ်းပြီးတော့မှ သူတို့ကိုနေအိမ်တလုံးမှာ အပြင်ကနေသော့ခတ်တယ်၊ တရွာလုံးနေအိမ်တွေဖောက်ပြီးတော့ ငွေ ကြေးတွေယူသွားတယ်၊ ခန့်မှန်းခြေ သိန်း ၅၀၀ ဝန်းကျင်လောက်ရှိမယ်။ ဆိုဇန်ဒေသခံတွေက သစ်သီးတို့၊ ရာသီပေါ်အသီးအနှံတွေပဲ ရောင်းကြပြီး အသက်ရှင်နေကြတာ” ဟု တီးတိန်ဒေသခံက ပြောသည်။ ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းတွင် သော့ခတ်ပိတ်လှောင်ဖမ်းဆီးခံထားသော ပြည်သူများကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ၎င်းတို့ထဲမှ လူငယ်အမျိုးသား (၄) ဦးအား အာလွယ် (Aklui khua) ကျေးရွာအထိ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။ ဆိုဇန်ကျေးရွာသည် ကလေး-တီးတိန် ကားလမ်းမပေါ် ကနေဒီတောင်ခြေတွင်ရှိသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၀ နီးပါးရှိကာ ကလေးမြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးသည်ဟု သိရသည်။ လက်ရှိဆိုဇန်ကျေးရွာ ပြည်သူအားလုံးသည် အခြားကျေးရွာနှင့်ကလေးမြို့တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြသည့်အပြင် ကလေး-တီးတိန်လမ်းမဘေးတွင်ရှိသည့် ကျေးရွာများလည်း စစ်ဘေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က…

Read More

(004SS) အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို လက်အောက်ဝန်ထမ်းအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုအတွက် အရေးယူဆောင်ရွက်ပေးရန် အမျိုးသမီးမဟာမိတ်အဖွဲ့ (မြန်မာ) က တောာင်းဆိုလိုက်သည်။ ကျူးလွန်သူသည် ယခင်အချိန်ကလည်း အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုများ ကျူးလွန်ခဲ့သော ရာဇဝင်ရှိသူဖြစ်နေသော်လည်း ပြစ်ဒါဏ်စီရင်ခြင်းမှ ကင်းလွတ်ခွင့်ရနေသူတစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးအား တာဝန်ခံထားသော ဦးဆောင်သူဖြစ်နေသော်လည်း ၎င်း၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို မလျော်ဩဇာသုံး၍ ကျူးလွန်ခံရသူအား အလုပ်မှ ထုတ်ပယ်ခြင်းကိုလည်း ဆက်လက်ကျူးလွန်ခဲ့သည်ဟု အမျိုးသမီးမဟာမိတ်အဖွဲ့ (မြန်မာ) က ဇွန်လ ၂၀ ရက်စွဲဖြင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အိပ်ဖွင့်ပေးစာပေးပို့ခဲ့သည်။ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုအား လုံးဝလက်သင့်မခံရေးမူ ကိုင်စွဲပြီး အာဏာရှင်တိုက်ဖျက်ရေးနှင့် ဖိုဝါဒကြီးစိုးမှု အဆုံးသတ်ရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေသော အမျိုးသမီးမဟာမိတ်အဖွဲ့ -မြန်မာအနေဖြင့် အဆိုပါကျူးလွန်မှုအား ပြင်းထန်စွာရှုံ့ချပြီး ထိရောက်သောအရေးယူဆောင်ရွက်မှုအား ပွင့်လင်းမြင်သာရှိစွာနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု ဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကျူးလွန်သူအား NUG-PSHEA မူဝါဒအရ ထိရောက်စွာ အရေးယူပေးရန်၊ အမှုကိစ္စကို စိစစ်ကြားနာ အရေးယူမှုများ အမြန်ဆုံးဆောင်ရွက်ပေးရန်၊ နစ်နာသူအား လိုအပ်သည့်ကုစားမှုများ ဆောင်ရွက်ပေးရန်နှင့် အဆိုပါဆောင်ရွက်မှုနှင့် ဆုံးဖြတ်ကိုင်တွယ်မှုအား အများပြည်သူသိရှိရန် အသိပေးထုတ်ပြန်ပေးရန်ဟူသော အချက် ၄ ချက်ကို အမျိုးသမီး မဟာမိတ်အဖွဲ့ (မြန်မာ) က တောင်းဆိုထားသည်။ အမျိုးသမီးမဟာမိတ်အဖွဲ့ -မြန်မာ (Women’s Advocacy Coalition – Myanmar (WAC-M) သည် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုအား လုံးဝလက်သင့်မခံရေးမူ ကိုင်စွဲပြီး…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းလက်နက်ကိုတပ်ဖွဲ့ အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြသည်။ မတူပီမြို့မှာအခြေစိုက်သော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ ချင်းညီနောင်နှင့် မဟာမိတ်တပ် ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ခလရ ၁၄၀ တပ်ရင်းကို ဆက်သိမ်းရန်လုပ်ဆောင်နေစဉ်မှာ CNF/CNA နှင့် ချင်းပူးပေါင်းတပ်တို့က ၎င်းတို့ကို အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းညီနောင်က ဇွန်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလဲန်းကောင်စီကလည်း မတူပီမြို့ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်အတွက် အဖက်ဖက်မှ ပြင်ဆင်လျှက်ရှိရာ ဇွန်လ ၁၇ ရက်တွင်အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်တို့က မတူပီမြို့တွင်းမှ စစ်ဘေးရှောင်အရပ်သားများ အကြိုအပို့ ဆောင်ရွက်နေသော ၎င်းတို့ရဲဘော်တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့သည့်အပြင် ချင်းလဲန်းကောင် စီတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဖနိုင်ရွာနှင့် ခလရ ၁၄၀ ကြား အဟန့်အတားပြုလုပ်၍ စစ်ဆင်ရေးမဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၁၈ ရက်နေ့မှာပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယခုကိစ္စနှင့်ပတ်သက်၍ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို ခိုနူမ်းသုန်သတင်းဌာနမှ သတင်းထောက် Salai Vakok က ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ မတူပီစစ်ဆင်ရေးမှာ ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေကို CNF/CNA နဲ့ပူးပေါင်းတပ်ဖွဲ့က အလစ်ဝင် တိုက်တယ်လို့ ချင်းညီနောင်က ထုတ်ပြန်တာတွေ့ရပါတယ်။ ဘယ်လိုဖြစ်တာလဲ ရှင်းပြပါဦး။ ဖြေ။ ။ ကျွန်တော်တို့ထုတ်ပြန်ချက်မှာ တော့…

Read More

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်မှာ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့သည်။ မတူပီမြို့မှာ အခြေစိုက်သော ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ခလရ ၁၄၀ တပ်ရင်းကို ဆက်သိမ်းရန်လုပ်ဆောင်နေစဉ်မှာ CNF/CNA နှင့် ချင်းပူးပေါင်းတပ်တို့က ၎င်းတို့ကို အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းညီနောင်၏ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်အခြေအနေနှင့် ချင်းပြည်၏စစ်ရေးအခြေအနေများ သိရှိနိုင်ရန် ချင်းအမျိုးသား တပ်ဦး CNF/CNA ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး။ မနေ့က ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ထားပါတယ်။ ချင်းအမျိုးသားတပ်ဦးနှင့် ပူးပေါင်းတပ် ဖွဲ့တွေက သူတို့ မတူပီစစ်ဆင်ရေးလုပ်တဲ့အခါမှာ အနောက်ကနေ အလစ်ဝင်တိုက်တယ်ဆိုပြီး ပြောထားပါတယ်။ ဘယ်လိုဖြစ်ရတာပါလဲ? အဲဒီအခြေအနေလေးကို ရှင်းပြပေးလို့ရမလား? ဖြေ။ ဟုတ်ကဲ့၊ မတူပီမြို့ပေါ်မှာရှိတဲ့ ၃၀၄ နှင့် ၁၄၀ ပေါ့၊ ၁၄၀ က ဗျူဟာနှင့် ပေါင်းထားတယ်။ စစ်ဆင်ရေး လုပ်ဖို့ ကျွန်တော်တို့ ပြင်ဆင်တယ်။ အဲဒီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-မတူပီ တပ်မဟာ ၂ နဲ့ ကျနော်တို့နဲ့စစ်ဆင် ရေးလုပ်ဖို့ပြင်ထားတာဖြစ်ပါတယ်။ ၁၄၀ နှင့် ဗျူဟာကုန်းကို CDF မတူပီတပ်မဟာ ၂ နှင့်…

Read More

ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းများ သိမ်းယူနိုင်ရန် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်တွင် CNA/CDFs တပ်ဖွဲ့များမှ စစ်မျက်နှာတိုးမြှင့်ဖွင့်ထားသည့်အတွက် မတူပီမြို့အဝင်အထွက်လမ်းများအား အကန့်အသတ်မရှိ ပိတ်ထားလိုက်သည် CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။ မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်း နှင့် မတူပီ-လိုင်လဲန်းပီလမ်းအား အကန့်အသတ် မရှိ ပိတ်ပင်လိုက်ပြီဟု ယနေ့ဇွန်လ ၂၀ ရက်တွင် CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်ခြင်းဖြစ်သည်။ အထက်ပါထုတ်ပြန်ချက်အား ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိပါက ကြီးလေးသော ပစ်ဒဏ်ခံယူရမည်ဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လိုက်နာခြင်းမရှိပါက ပစ်မိန့်ပေးထားသည်ဟု CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။ စစ်ရေးအရ အချက်အချာကြသော မတူပီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့ကတည်းက ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိပြီး ဇွန်လ ၁၇ ရက်က ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ကြသည်။ တဖက်မှာလည်း ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနဦးဆောင်မှုဖြင့် CNA/CDFs တပ်ဖွဲ့များကလည်း ခလရ ၁၄၀ နှင့် စစ်ဗျူဟာကုန်းသိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိကြောင်း သိရသည်။ သို့သော်လည်း မတူပီမြို့က စစ်ကောင်စီ၏ ခလရ ၁၄၀ နှင့် စစ်ဗျူဟာကုန်း သိမ်းပိုက်ရေး စစ်ဆင်ရေးဖော်ဆောင်မှုတွင် ချင်းညီနောင်အဖွဲ့ နှင့် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက် CNA/CDFs တပ်ဖွဲ့များအကြား အငြင်းပွားမှုဖြစ်ပွားကာ နှစ်ဖက်ပစ်ခတ်မှုအထိဖြစ်ပွားခဲ့ကြသည်။ CDF-မတူပီတွင် တပ်မဟာ ၁ နှင့် ၂ ရှိနေပြီး တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ ၂…

Read More