Author: Editor

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လက်နက်ကြီးကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားကလေးငယ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် တီးတိန်မြို့ မောလ်တုတ် (Mualtuk) ကုန်းပေါ်ရှိ ခလရ (၂၆၉) တပ်ရင်းမှ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု သိရသည်။ အဆိုပါ လက်နက်ကြီးကျည်မှာ တီးတိန်မြို့အနီး Sezang ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၈) နှစ်အရွယ် ပထမတန်း (G-1) ကျောင်းသား မောင်ပေါင်မွန်ဆန်း (Tg Pau Muan Sang) ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွား ရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသွာသူနှင့် နီးစပ်သူတစ်ဦးက “Sangpi (Tg Pau Muan Sang) က လိမ္မာတဲ့ကလေးလေးပါ။ သူတို့ ညနေစာ စားပြီးမှ သူ့ပန်းကန်ဆေးဖို့ အိမ်ရှေ့က ရေသုံးတဲ့နေရာမှာ သွားတာကို လက်နက်ကြီးကျည် ထိမှန်ပြီး အဲဒီမှာတင် တစ်ခါတည်း ဆုံးသွားတာ” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ သေဆုံးသူကလေးငယ်သည် Pa Lian Sian Mung နှင့် Nu Cing Pian Lian တို့၏ အငယ်ဆုံးသားဖြစ်ပြီး Suante မျိုးနွယ်စုဝင်၊ EBC အသင်းတော်ဝင် တစ်ဦးဖြစ်သည်ဟုသိရသည်။ ၎င်း၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သဂြိုဟ်သွားမည်ဟု သိရသည်။…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်ဇေယျရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေနတ်ဒဏ်ရာနှင့် နှိပ်စက်ခံထားရသော ဒဏ်ရာများဖြင့် ယမန်နေ့က သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးခဲ့သူမှာ အသက် ၄၃ နှစ်အရွယ် ကိုမောင်ကြီးဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းတွင် သူနေထိုင်ရာ အောင် ဇေယျရပ်ကွက်မှ မိခင်ဖြစ်သူနေထိုင်သည့် မြို့လှရပ်ကွက်သို့ သွားရာလမ်းတွင် စစ်ကော်မရှင်တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာသေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကလေးမြို့ခံတစ်ဦးက “ရွေးကောက်ပွဲလုပ်တဲ့ညဦးပိုင်း အဲ့အချိန်မှာ မြို့လှဂိတ်မှာစောင့်တဲ့ စစ်ကောင်စီတပ်သားတွေက ဖဲရိုက်တာ ဖဲရှုံးလို့ အကြံဖန်လုပ်ဖို့အတွက် လိုက်ရှာရင်းနဲ့ သူတို့ကိုတွေ့တော့ ဖမ်းထားတာ လက်ပြန်ကြိုးတုပ်ပြီးတော့ဖမ်းတော့ ခနနေတော့ သူက ထွက်ပြေးတာ ပစ်လိုက်တာ သေနတ်မှန်တဲ့ဒဏ်ရာနဲ့ တညလုံး ဒီအတိုင်းထားတော့ မနက်ကြတော့ သေတာ၊ အလောင်း ကိုဖျောက်ဖို့လုပ်တော့ မြို့လှက သူရဲ့အမျိုးတွေကနေ အိမ်ကို အကြောင်းကြားတော့ သူ့မိသားစု တွေကလိုက်သွားတာ၊ သူ့မျက်နှာမှာ သေနတ်ဒင်းနဲ့ရိုက်ထားတဲ့ သေနတ် ဒဏ်ရာတွေလဲရှိတယ်၊ နှိပ်စက်ထားတာပေါ့။ အဓိက သေတာကတော့ ဆေးမကုပဲ တညလုံးပစ်ထားလို့ သွေးထွက်လွန်ပြီး သေတာ” ဟုပြောသည်။ ကိုမောင်ကြီး၏ ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ ကလေးမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပြီးနောက် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားသည့် အရပ်သား ပြည်သူအနည်းဆုံး ၅ ယောက်ခန့်ရှိသွားပြီဟုသိရသည်။ လက်ရှိတွင်လည်း ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမှု ပိုမိုပြုလုပ်လာခြင်းကြောင့် နေ့ခင်းဘက်အချိန်များတွင်လည်း အပြင်ထွက်ရန် စိုးရိမ်နေကြရသည်ဟု သိရသည်။…

Read More

(006SV) အာဏာသိမ်းစစ်ကော်ရှင်က ဦးဆောင်ကျင်းပသော ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က မဲဆန္ဒနယ်တွင် ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အားလုံးမှာ ကြံ့ခိုင်ရေးပါတီ (USDP) အနိုင်ရရှိကြောင်း သိရသည်။ စစ်တပ်၏ ပါတီအဖြစ် လူသိများသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဟားခါးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ပြိုက်ဘက်ပါတီများထက် မဲရာချီ ရရှိကာ အနိုင်ရရှိခြင်းဖြစ်သည်ဟု ဟားခါးမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ မဲစာရင်းအရ သိရသည်။ ဟားခါးမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ခူမီးအမျိုးသားပါတီမှ ဦးကံလင်းက ၃၂၁ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးရိုဘင်က ၅၉၅ မဲ၊ ကြံ့ခိုင်ရေးပါတီက ၂၀၀၆ မဲ ရရှိရှိကာ အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု သိရသည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ တွင် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးမျိုးသူရလင်းက ၃၈၁ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးထလာထန်းမှ ၁၁၃၆ မဲ ရရှိကာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသွားသည်ဟု သိရသည်။ ချင်းပြည်နယ်လွှတ်တော်အတွက်မူ ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးလျန်ကျဲအိုက ၇၆၇ မဲ၊ ကြံခိုင်ရေးပါတီမှ ဒေါက်တာဝုန်ဆွန်းထန်က ၂၀၆၉ မဲတို့ ရရှိပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသည်ဟု သိရသည်။ ယမန်နေ့က ကျင်းပသော စစ်ကော်ရှင်၏ အပိုင်း ၁ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့ပေါ် ရပ်ကွက် ၈ ခုတွင် မဲရုံပေါင်း ၁၈ ရုံမှာ ဒေသခံတွေက မဲပေးကြသည်ဟု သိရသည်။ ဟားခါးမြို့တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှာ မဲပေးသူ အနည်းငယ်သာ ရှိကြောင်း…

Read More

(006SV) အာဏာသိမ်းစစ်တပ်၏ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ရန် ကမ်းလှမ်းမှုကို လက်မခံဘဲ ဝင်ရောက် တာဝန်ယူခြင်း မရှိသောကြောင့် ပူးဂင့်ကမ်းလျန်ကို အကြမ်းဖက်သမားအဖြစ် ကြေညာခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၂ ရက်တွင် အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းခဲ့သော “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ”တွင် အဖွဲ့ဝင်အဖြစ် ပါရှိခဲ့သော်လည်း ကျန်းမာရေးအရ အဆိုပါကမ်းလှမ်းမှုကို လက်မခံဘဲ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ ခြင်း မရှိသောကြောင့် အကြမ်းဖက်သမားအဖြစ် ကြေညာခဲ့ခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်ဟု NUG အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်မှာ ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့က NUG အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အာဏာသိမ်းစစ်ခေါင်းဆောင် များ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ဗိုလ်ချုပ်ကြီး ၆ ဦး၊ ဒုဗိုလ်ချုပ်ကြီး ၃ ဦးအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပူးပေါင်းပါဝင်သော လူပုဂ္ဂိုလ် ၃၃ ဦးကို အကြမ်းဖက်အုပ်စု သို့မဟုတ် အကြမ်းဖက်သမားများအဖြစ် ကြေညာထားသည်။ အကြမ်းသမားအဖြစ် ကြေညာခံရသော ၎င်းတို့အထဲတွင် ချင်းနိုင်ငံရေးသမားများဖြစ်သော ပူးဂင့်ကမ်းလျန်၊ ဒေါက်တာ မှုထန် နှင့် ဦးမောင်းဟာတို့ ပါဝင်ခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ပူဂင့်ကမ်းလျန်ကို ပြန်ရုပ်သိမ်းပေး လိုက်ခြင်းဖြစ်သည်။

Read More

(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လာရောက်မဲပေးသူ မရှိသလောက် နည်းပါးပြီး ဒေသခံ လူထုက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး အပြင်မထွက်သပိတ်မှာ ပါဝင်နေကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် အာဏာသိမ်းစစ်ကော်မရှင်က ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲအပိုင်း ၁ ကို နိုင်ငံတဝန်းက မြို့ပေါင်း ၁၀၀ ကျော်တွင် ကျင်းပနေရာ ကလေးမြို့ပေါ် လူနေရပ်ကွက်များတွင် မဲပေးသူ မရှိသလောက် နည်းပါးလျက်ရှိသည်ဟု ကလေးမြို့လူထုတိုက်ပွဲ ဦး‌ဆောင်ကော်မတီထံက သိရသည်။ ကလေးမြို့ပေါ် လမ်းမကြီးများတွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေ “အပြင်မထွက်သပိတ်”တွင် ကလေးမြို့ပြည်သူများ ပူးပေါင်း ပါဝင်နေသည်ဟု သိရသည်။ “ပုံမှန် တနင်္ဂနွေနေ့များတွင် စည်ကားလေ့ရှိသော်လည်း ယနေ့တွင် မနက်ခင်းဈေးသွားဈေးလာ အချိန်မှစ၍ လမ်းမကြီးများ၊ လူစည်ကားရာနေရာများနှင့် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် နေရာများတွင် လူသူသွားလာခြင်း မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိသည်” ဟု ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ယနေ့မှာ ထုတ်ပြန်ထားသည်။ စစ်အာဏာရှင် အပါအဝင် အာဏာရှင်မှန်သမျှ ကျဆုံးရေအတွက် ၅ နှစ်တာကာလအတွင်း အထွေထွေဖိနှိပ်မှု များကြားက တော်လှန်ရေး၏ တောင်းဆိုမှု အရပ်ရပ်အပေါ် တာဝန်ကျေပွန်ကြောင်း ပြသနေသော ကလးမြို့ဒေသခံတရပ်လုံး၏ ပူးပေါင်းဝင်ပါဝင်မှုကို မှတ်တမ်းတင်အပ်ပါသည်ဟု ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။ “ကလေးတမြို့လုံးက လမ်းမကြီးတွေမှာ လူသူကင်းမဲ့နေတာပါ။ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဘယ်သူက မဲပေးချင်မှာလဲ။ အနည်းစု အစိမ်းဓာတ်ခံတချို့ပဲ…

Read More

(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် တီးတိန်မြို့တို့တွင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲကို မဲပေးသူ မရှိသလောက် နည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပနေချိန်တွင် ချင်းပြည်နယ်က ဟားခါးမြို့နှင့် တီးတိန်မြို့တို့ရှိ လမ်းမများပေါ်တွင် လူသွားလူလာ ကင်းမဲ့နေပြီး မဲပေးသူ အနည်းငယ်သာ တွေ့ရှိရသည်ဟု သိရသည်။ “CDF ဟားခါးကောင်စီကလည်း ဒေသခံတွေကို အပြင်မထွက်ဖို့ ၊ အသံတိတ်သပိတ်မှာ လုပ်ဖို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အဲဒီမှာ ဒေသခံတွေက ပူးပေါင်းပါဝင်ကြပါတယ်။ အများစုက အပြင်မထွက်ကြပါဘူး။ ဟားခါးမှာ မဲပေးသူက မရှိသလောက် နည်းပါးပါတယ်။ ဝန်ထမ်းတွေအပါအဝင် မဲပေးသူ အနည်းငယ်ပဲ ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၂၆ ရက်က ဟားခါးမြို့က စစ်ကော်မရှင်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်သော တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့က မြို့ပေါ်တွင် လူငယ်များကို စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးမှုများ ပြုလုပ်သည်ဟု သိရသည်။ ဟားခါးမြို့ပေါ်ရှိ လမ်းများတွင် လူသူ ကင်းရှင်းနေပြီး ဈေးဆိုင်များလည်း မဖွင့်ကြကြောင်း၊ ယနေ့ တနင်္ဂနွေနေ့ ဘုရားကျောင်းပင် သွားရောက်သူ နည်းပါးကြောင်း သိရသည်။ ဟားခါးပြည်သူများအနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသရန် ရွေးကောက်ပွဲ ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မိမိတို့ နေအိမ်၌သာ နေထိုင်၍ အသံတိတ်သပိတ် ဆင်နွှဲကြရန် CDF…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တစ်နေရာကို ယနေ့ ခရစ္စမတ်နေ့တွင် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် မင်းတပ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူနေ နေအိမ် ၇ လုံး ထိခိုက်ပျက်စီးသည်ဟု သိရသည်။ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းတပ်မြို့နယ်အတွင်း ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလများတွင် လူစုလူဝေးဖြင့် ပွဲလမ်းသဘင် ကျင်းပခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်က အသိပေးထုတ်ပြန်ထားသည်။

Read More

(004SS) စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး သည် မဖြစ်မနေ မဲပေးကြရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ဝန်ထမ်းတိုင်း ကိုယ်တိုင် မဲပေးကြရန်နှင့် မဲပေးရန် ပျက်ကွက်ပါက နောက်ဆက်တွဲပြသနာများကို ကာယကံရှင် ဝန်ထမ်းများကသာ ဖြေရှင်းရမည်ဟု လူမှု ကွန်ရက်တွင် ပျံ့နှံ့လာသော တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရုံးအမိန့်စာတွင် ဖော်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မဲပေးသည့်အခါ မိမိတို့၏ မှတ်ပုံတင်မူရင်း (ဝန်ထမ်းကဒ်) များကို မဖြစ်မနေ ယူဆောင်လာရန်နှင့် “အလေးအနက်” ထားကာ မဲပေးကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။ မဲပေးရန် ပျက်ကွက်သူများအား အကာအကွယ်ပေးမည်မဟုတ်ဘဲ ဥပဒေကြောင်းအရဖြစ်စေ၊ အုပ်ချုပ်ရေးအရဖြစ်စေ ကြုံတွေ့လာရမည့် ကိစ္စရပ်များကို ကယကံရှင်ဝန်ထမ်းကိုယ်တိုင် ဖြေရှင်းရမည်ဟု ပါရှိသည်။ တီးတိန်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက “ဒီလိုစာထုတ်တာ ဟုတ်ပါတယ်။ ဒါကတော့ ဆေးရုံဝန်ထမ်းတွေ အတွက်ပေါ့နော်။ တခြား ဌာနဆိုင်ရာအားလုံးလည်း မဖြစ်မနေ မဲပေးရမယ်လို့ သိရတယ်။ ပြည်သူတွေအတွက်တော့ အခြေအနေ မသိရသေးပေမဲ့ ရုံးတိုင်းကတော့ ပေးရမယ်လို့ ပြောနေကြတယ်” ဟု ပြောသည်။ လက်ရှိတွင် ဝန်ထမ်းများကို အဓိကပစ်မှတ်ထား၍ မဲပေးရန် ဖိအားပေးမှုများ ရှိနေသော်လည်း မြို့ပေါ်ရှိ အရပ်သား ပြည်သူများအား မဲပေးရန် တိုက်ရိုက်ဖိအားပေးမှုမျိုးတော့ ယနေ့အထိ မရှိသေးကြောင်း သိရသည်။ တစ်ဖက်တွင်လည်း ရွေးကောက်ပွဲအကြိုကာလအဖြစ် စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်…

Read More

(006SV) ချင်းညီနောင် (CB) နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့ထံ စေလွတ်ထားသော ကိုယ်စားလှယ်တချို့ကို ယာယီရုပ်သိမ်းကြောင်း သိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်ထဲတွင် ပြုလုပ်သော ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေး၊ ကာကွယ်ရေးအစည်းအဝေးတွင် ရှေ့လုပ်ငန်း စဉ်များ ဆွေးနွေးခြင်းနှင့်အတူ CB နှင့် ICNCC တွင် ကိုယ်စားလှယ်ရုပ်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။ “CB ရယ်၊ ICNCC ရယ် ကိုယ်စားလှယ်တွေက မြို့နယ်ညီလာခံကနေ တာဝန်ပေးခြင်း ခံထားရသူတွေ ဖြစ်တယ်။ အဲဒီကနေ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားပြီးမှ ICNCC၊ CB မှာ ပါဝင်ကြတာဖြစ်တဲ့အတွက် ကျနော်တို့ ကိုယ်စားလှယ်တွေကို တချို့တွေကို အစည်းအဝေးနဲ့ ရုပ်သိမ်းတာတော့ ရှိမယ်။ ICNCC ကနေ ချင်းညီနောင်ကနေ ကျနော်တို့ နှုတ်ထွက်တာတော့ မဟုတ်ပါဘူး” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ဆလိုင်းပီတာသန်းရွှေက ပြောသည်။ ချင်းညီနောင် (CB) နှင့် ICNCC တို့တွင် ကန်ပက်လက်အခြေစိုက် CDF – ကန်ပက်လက်က နုတ်ထွက်ခြင်း မရှိကြောင်း၊ တော်လှန် ရေး အရွေ့ခရီးပေါက်ရန် ယခုထက် ပိုအားကောင်းသည့် တပ်ပေါင်းစု ဆက်လက်ဖွဲ့စည်းပြီး ရပ်တည်ရန် လိုအပ်ကြောင်း ဆိုသည်။ CDF – ကန်ပက်လက်သည် CB နှင့် ICNCC မှ နုတ်ထွက်သည်ဟူ၍ သတင်းများ ထွက်ပေါ်နေခြင်းသည် သတင်းမှားသာဖြစ်ကြောင်း CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။…

Read More

(006SV) ချင်းပြည်နယ်အလယ်ပိုင်း ZZLMS ဒေသဟုခေါ်ဆိုသော ဇိုတုန်၊ ဇိုဖေ၊ လောက်တူ၊ မရာနှင့် ဆဲန်ထန်းဒေသရှိ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်လူရွယ်အားလုံးသည် ၎င်းတို့နယ်မြေပြင်ပသို့ ခရီးသွားလိုပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ခံစာနှင့်သာ ခရီးသွားလာရန် ZZLMS ညီနောင်အဖွဲ့က ကြေညာသည်။ “တော်လှန်ရေး အားကောင်းလာဖို့အတွက်လည်း ပါသလို နယ်မြေချင်းဆက်စပ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်း ကြား အပြန်အလှန်လေးစားသမှု အနေနဲ့လည်း လုပ်ဆောင်တာဖြစ်ပါတယ်” ဟု CDF – Zophei မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တော်လှန်ရေးကာလအတွင်း ZZLMS နယ်မြေ ဧရိယာအတွင်းရှိ လူငယ်လူရွယ်များသည် ၎င်းတို့ နယ်မြေပြင်ပသို့ အရေးပေါ် အကြောင်းကိစ္စရှိ၍ ခရီးသွားလိုပါက သက်ဆိုင်ရာ နယ်မြေရှိ ZZLMS ကာကွယ်ရေးတပ်ဖွဲ့ထံမှ ထောက်ခံစာ ရယူပြီး ထောက်ခံစာနှင့်သာ ခရီးသွားလာကြရန် ဒီဇင်ဘာလ ၂၀ ရက် ထုတ်ပြန်သည်။ ZZLMS ညီနောင်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား လူငယ် လူရွယ်များ အားလုံးသည် ထောက်ခံစာနှင့်သာ ခရီးသွားလာခွင့် ပြုတော့မည်ဟု စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါး ရှိလာချိန်တွင် ထုတ်ပြန် လာခြင်းဖြစ်သည်။ လက်ရှိတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသော ကာလဖြစ် သောကြောင့် အနယ်နယ်အရပ်ရပ်ရှိ ZZLMS လူငယ် လူရွယ်မှန်သမျှ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန် ထမ်းဆောင်ရန် ZZLMS ညီနောင်အဖွဲ့ က ဖိတ်ခေါ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့်…

Read More