(006SV) ချင်းပြည်သူများအနေဖြင့် စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲများကို ပူးပေါင်းဆောင်ရွက်မှု မပြုဘဲ အဓမ္မဆန္ဒမဲပေးရန် စေခိုင်းခြင်းအပေါ် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးပြီး မဲပေးခြင်းမပြုရန် ချင်းပြည်ကောင်စီက ကြေညာသည်။ ချင်းပြည်ကောင်စီသည် အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် ကန့်ကွက်ကြောင်းကို အောက်တိုဘာလ ၂၉ ရက် ထုတ်ပြန်ရာတွင် ထည့်သွင်းအကြံပြုထားခြင်းဖြစ်သည်။ စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်အားလုံးနှင့် ထွက်ပေါ်လာမည့် ရလဒ်များကို လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း၊ ချင်းပြည်အတွင်းရှိ Non-CDM ဝန်ထမ်းများ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်တပ် အုပ်ချုပ် ရေးကို သက်ဆိုးရှည်စေမည့် အထောက်အကူပေးမှုဖြစ်ကြောင်းကို သိရှိနားလည်ထားရန် ထပ်မံ သတိပေး ထုတ်ပြန် သည်၊၊ ချင်းပြည်နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲများအပေါ် အတင်းအဓမ္မ ဆန္ဒမဲပေးရန် စေခိုင်းခြင်းအပေါ် ချင်းလူထု အနေဖြင့် မိမိ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်ကို ကျင့်သုံးကာ ဆန္ဒမဲပေးခြင်း မပြုရန်၊ ပူးပေါင်းဆောင်ရွက် ခြင်း မပြုရန် ချင်းပြည်ကောင်စီက တိုက်တွန်းနှိုးဆော်သည်။ စစ်ကော်မရှင်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးကိုသာ ဦးတည်နေ၍ နိုင်ငံရေး ပဋိပက္ခကို ပိုကြန့်ကြာစေမည်ဟု ချင်းပြည်ကောင်စီက ဆိုသည်။ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် စစ်တပ်ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲကို အသိအမှတ် မပြုရန်နှင့် မည်သည့် ပံ့ပိုးမှုမျှ မပြုလုပ်ရန်လည်း ချင်းလန်းကောင်စီက တောင်းဆိုသည်။ စစ်ကော်မရှင်သည် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများကို လိမ်လည်လှည့်ဖြားကာ ရွေးကောက်ပွဲ…
Author: Editor
(006SV) စစ်ကော်မရှင်က လာမည့်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၂ တွင် ချင်းပြည်နယ်ရှိ မြို့များတွင် ကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၈ ရက်မှာ ကြေညာသည်။ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပပြီးနောက် ၂ ပတ်အကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း ၂ ကို ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးနှင့် မကွေးက မြို့နယ် ၁၀၀ တွင် ကျင်းပမည်ဟု ကြေညာသော်လည်း ချင်းနှင့် ရခိုင်က မြို့နယ်များ ပါဝင်လာခြင်း မရှိပေ။ “ထန်တလန်၊ တွန်းဇံ၊ ဖလမ်းက သူတို့ အပိုင်း ၂ လုပ်မယ့် ဇန်နဝါရီလ ၁၁ အထိ အသင့်မဖြစ်သေးဘူးလို့ ယူဆတဲ့အတွက် နောက်ဆုံးတတိယအသုတ်မှာ ထည့်မယ်လို့ တွက်ချက်ရပါတယ်၊၊ စစ်တပ်ကော်မရှင်က အဲဒီမြို့တွေကို အပိုင်း ၂ မှာ လုပ်မယ် လို့လည်း မကြေညာဘူး။ လုပ်လို့ မရဘူးဆိုတဲ့ မြို့နယ်တွေထဲကနေ ချန်ထားခဲ့တာပေါ့နော်။ သူက ရွေးကောက်ပွဲကို ၃ ပိုင်းလုပ်မှာ ဆိုတဲ့အတွက် နောက်ဆုံးအသုတ်မှာ လုပ်မယ့် အနေအထားပါဗျ” ဟု စစ်ရေးလေ့လာသုံးသပ် ဗိုလ်ကြီးဇင်ယော်က ပြောသည်။ စစ်တပ်က မြို့ပေါ်သာ ထိန်းချုပ်ထားနိုင်သည့် ဟားခါး၊…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာကို စစ်ကော် မရှင်တပ်က အင်အားရာချီဖြင့် နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးလာသောကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ ကလေး-တီးတန် လမ်းမပေါ်မှာ တည်ရှိသည့် သိုင်းငင်းသို့ မွှာလ်ပီးဘက်မှ အင်အား ၂၀၀ ဝန်းကျင်နှင့် တီးတိန်မှ သိုင်းငယ်သို့ အင်အား ၂၀၀ ဝန်းကျင်တို့ဖြင့် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မွှာလ်ပီးဘက်တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လည် ၂ နာရီခွဲမှစတင်၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု CDF CDM – စီးယင်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “အခု က စစ်ကြောင်း နှစ်ကြောင်းနဲ့ သိုင်းငင်းကို ထိုးလာပါတယ်။ စစ်ကြောင်း ၁ ခုက မွာလ်ပီး မှသိုင်းငင်း၊ နောက်စစ်ကြောင်း တစ်ခုက တီးတိန် မှ သိုင်းငင်းပါ၊ မွာလ်ပီးဘက်မှ ထိတွေ့မှုတော့ ၂:၃၀ ဝန်းကျင်ကနေ စဖြစ်နေပါပြီ” ဟု CDF CDM – စီးယင်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယနေ့မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းမထိုးမီ ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ည ၁၁ နာရီခွဲခန့်တွင် သိုင်းငင်းကို ပေါင် ၅၀၀ ဗုံး၊ ၂ လုံးဖြင့် လေကြောင်းတိုက်ခိုက်ရာ ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံတချို့ ပျက်စီးမှု ရှိသည်ဟု သိရသည်။ “နှစ်လုံးချတယ်၊၊ အရပ်သားပြည်သူ အမျိုးသမီးတဦး…
ကျား၊မ ရေးရာ တန်းတူညီမျှမှုဆိုတာ ဘာလဲ? • ကျား၊မ ရေးရာ တန်းတူညီမျှမှုဆိုတာ အမျိုးသမီးရော အမျိုးသားများပါ မိမိ ရပိုင်ခွင့်နဲ့ အခွင့်အရေးကို တန်းတူညီမျှ ရရှိခြင်းဖြစ်တယ်။ • ကျား-မ တန်းတူညီမျှရေးဟာ လူသားတိုင်းရဲ့ အခွင့်အရေးပါ။ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ခွဲခြားဆက်ဆံမှုများအားလုံး အဆုံးသတ်ခြင်းသည် အခြေခံလူ့အခွင့်အရေးတစ်ခုတင်မကပါ၊ ဤကဲ့သို့ပြုလုပ်ခြင်းသည် ရေရှည်တည်တံ့သော အနာဂတ်အတွက် လွန်စွာအရေးကြီးပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဏများတွင် အထောက်အကူပြုကြောင်း သက်သေပြခဲ့ပါသည်။ ကျား၊မ တန်းတူညီမျှမှုက ဖွံ့ဖြိုးတိုးတတ်မှုကို အားပေးပါတယ်။ • ကျား-မ တန်းတူညီမျှရေးက ဖွံ့ဖြိုး တိုုးတတ်ရေးကို အားပေးပြီး ဆင်းရဲမွဲတေမှုကို ကျဆင်းစေပါတယ်။ • အမျိုးသမီးနှင့် မိန်းကလေးငယ်များ ပညာရေးကို တန်းတူညီမျှရရှိပါက လူမှုအဖွဲ့အစည်းတစ်ခုလုံး အကျိုးဖြစ်ထွန်းနိုင်မယ်။ • အမျိုးသမီး အများအပြား လုပ်ငန်းခွင် ဝင်ရောက်နိုင်ပါက မြန်မာ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုုးတက်လာပါမယ်။ • အမျိုးသမီးများ ကောင်းမွန်တဲ့ အလုပ်အကိုင်နှင့် ဦးဆောင်ဦးရွက်ပြုရတဲ့ ရာထူးတွေကို ပိုမိုလက်လှမ်းမှီဖို့ လိုအပ်ပါတယ်။ ကျား၊မ တန်းတူညီမျှမှုက လူတိုင်းကို အကျိုးပြုတယ်… • ကျား၊မ တန်းတူညီမျှမှုက အမျိုးသမီးနဲ့ အမျိုးသား၊ မိန်းကလေးနဲ့ ယောကျာ်းလေး အားလုံးကို အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။ • အပေး၊ အယူ တန်းတူညီမျှမှုရှိတဲ့ စုံတွဲတွေက ပိုမို ပျော်ရွှင်ကြတယ်။ ပိုမို ကျေနပ်မှုရှိကြပါတယ်။ • အမျိုးသမီးတွေ အလုပ် နဲ့ မိသားစု အကြား ရွေးချယ်နေရတာမျိုး…
Khonumthung Radio Program (2025-10-28) ဒီနေ့တင်ဆက်ပေးမဲ့ သတင်းတွေကတော့ • လေကြောင်းတိုက်ခိုက်မှုများကြောင့် ကန်ပက်လက်မှာ ပွဲအခမ်းအနား ကျင်းပခြင်း မလုပ်ရန် ကြေညာ • စစ်ကော်မရှင်တပ်များ အင်အားဖြည့် စစ်ကြောင်းထိုးလာ၍ ကလေး-တီးတိန်ကြား ဆိုင်ကယ်လမ်းများ ခေတ္တပိတ် • ဂန့်ဂေါမြို့ပေါ်၌ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း အသံတိတ် ဆန္ဒပြမှု ပြုလုပ် စတဲ့သတင်းတွေကို တင်ဆက်ပါမယ်။
(006SV) ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို အခြေပြု၍ စစ်ရေးလှုပ်ရှားနေသော စစ်ကော်မရှင်တပ်သည် ရွေကောက်ပွဲ ဒုတိယပိုင်းအဖြစ် ကျင်းပမည့် ထန်တလန်၊ ဖလမ်းနှင့် တွန်းဇန်မြို့တို့ကို ဦးတည်ကာ ချင်းပြည်ဘက်ကို ထိုးစစ်ဆင်ရန် လုပ်ဆောင်လာနေသည်ဟု သိရသည်။ လက်ရှိတွင် စစ်ကော်မရှင်တပ်များသည် ကလေးမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် အင်အားအများအပြားဖြင့် စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိရာမှ ချင်းပြည်နယ်ကို ဦးတည်ကာ စစ်ရေးပြင်ဆင်မှု လုပ်ဆောင်လာနေသည်ဟု ချင်းအင်အားစုများနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။ “အဓိကက ချင်းပြည်ထဲကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်ဖို့၊ ပြီးရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ မြို့ ၃ မြို့လည်း ရှိတယ်၊ ထန်တလန်အပါအဝင်ပေါ့နော်။ အဲဒါတွေကို သူတို့ ပြန်ပြီးတော့ တိုက်စစ်ဆင်မယ့် အနေအထားရှိတယ်။ အဲဒီ ၃ မြို့နယ်က စစ်ရေးအရ အတော်လေး အလေးထားရမယ်။ ချင်းပြည်နယ်ကို ကလေးဘက်က တစ်ကြောင်း၊ မကွေးတိုင်း ထီးလင်းနဲ့ ဂန့်ဂေါဘက်ကနေလည်း ပြန်ကိုင်ဖို့တွေ ရှိနေတယ်။ အဓိကက အဲဒီရွေးကောက်ပွဲ ၃ မြို့နယ်ကို အဓိကထားပြီး စစ်ကြောင်းထိုးမယ့် အနေအထားလို့ သုံးသပ်ရပါတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို တပ်မ ၉၉ နှင့် တပ်မ ၃၃ ၏ နောက်ချန်အင်အားများကို ဖြည့်တင်းထားပြီး ကလေး – တမူးလမ်းပိုင်းကို တဝက်၊ ကလေးတောင်ပိုင်း နှင့် ချင်းပြည်နယ်ဘက်ကို စစ်အင်အားတဝက်လွှတ်ကာ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။ ကလေးမြို့နှင့်…
(004SS) စစ်ကော်မရှင်စစ်တပ်၏ နေ့စဉ်ဗုံးကြဲ၊ သတ်ဖြတ်မှုများနှင့် လာမည့်ရွေးကောက်ပွဲအတွက် စစ်အင်အားဖြည့်တင်းမှုများကြောင့် ဟားခါးမြို့ပေါ်တွင် သုံးလကျော်ကြာ ညမထွက်ရအမိန့် (Night Curfew) ကို CDF- ဟားခါး ဗဟိုကောင်စီက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ ညမထွက်ရအမိန့်ကို မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ည ၇:၀၀ နာရီမှ နံနက် ၅:၀၀ နာရီအကြား အပြင်မထွက်ရန် လုံးဝ (လုံးဝ) တားမြစ်ထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းမှာ ရွေးကောက်ပွဲကို အကြောင်းပြကာ အကြမ်းဖက်စစ်တပ်သည် အချိန်မရွေး ညသန်းခေါင်အချိန်များတွင်ပါ လူနေအိမ်များ ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခြင်း၊ ချင်းပြည်အနှံ့သာမက ချင်းပြည်နယ် မြို့တော် ဟားခါးကိုပါ လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းနေခြင်းများကြောင့် ပြည်သူ့လုံခြုံရေးအတွက် အမိန့် ထုတ်ပြန်ရခြင်းဟု CDF- ဟားခါး ဗဟိုကောင်စီက ဆိုသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံစွာ ပူးပေါင်းပါဝင်ပေးရန် အမိန့်ကို လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခံရပါက တာဝန်ယူဖြေရှင်းမည်မဟုတ်ဟုလည်း CDF-ဟားခါး ဗဟိုကောင်စီက သတိပေးထားသည်။
(006SV) ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလအတွင်း ကလေးငယ် များ အပါ အဝင် ၉ ဦးထက်မနည်း သေဆုံးပြီး ၅၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိကာ တချို့ဒေသမှာ လေကြောင်းရန်ကြောင့် မြို့နှင့်ရပ်ရွာကို ထွက်ခွာတိမ်းရှောင်မှုများ ဖြစ်နေသည်ဟု သိရသည်၊၊ အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဟားခါး၊ တွန်းဇံ စသည့်မြို့နယ်များတွင် ကလေးငယ်များ စာသင် နေသော ကျောင်းအဆောက် အဦးများ၊ ဌာနဆိုင်ရာ အဆောက်အဦးများ၊ လူနေအိမ်များ၊ ပွဲအခမ်းအနားများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ပြည်သူများ ပိုမိုသေဆုံးရသည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ပြောသည်။ ကန်ပက်လက်မြို့ပေါ်ကို အောက်တိုဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ရှိမှာ ကတုတ်ကျင်းများ ထပ်ထပ်တူးကြရန်နှင့် ပွဲအခမ်း အနားများ ကျင်းပခြင်း မပြုလုပ်ရန် ကြေညာထားရသည်။ “ကျနော်တို့ ကျင်ဒွေးနဲ့ ကန်ပက်လက်ကို ပြန်လည်သိမ်းပိုက် ရယူပြီးနောက်ပိုင်းမှာ စစ်ကောင်စီက သူတို့ လက်လွှတ်ဆုံးရှုံးရလို့ ဖြစ်မယ်၊၊ ကျနော်တို့ကို လေကြောင်းကနေ အကြိမ်ကြိမ်နဲ့ ပြန်တိုက်ခိုက်နေတာ ရှိတယ်။ စစ်ကောင်စီရဲ့ ဒီဆိုးဝါးတဲ့ တိုက်ခိုက်မှု တွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေ များစွာ ဆုံးရှုံးရတာတွေ ရှိတယ်။ အဲဒါကြောင့် လေကြောင်းရန် ကာကွယ်တဲ့ ကတုတ်ကျင်းတွေ…
(004SS) အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂ ဦး၏ နေအိမ်ကို CDF-Tonzang တပ်ဖွဲ့က အောက် တိုဘာလ ၂၅ ရက်နေ့တွင် ချိတ်ပိတ်လိုက်သည်ဟု ဒေသခံများထံမှသိရသည်။ နေအိမ်ချိတ်ပိတ်ခံရသူ နှစ်ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း Pu Cin Tung Mang နှင့် ဇိုမီးအမျိုးသား ပါတီကိုယ်စားလှယ်လောင်း Pa Nang Khan Zam တို့ ဖြစ်ကြောင်း သိရသည်။ တွန်ဇံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီးတော့ တွန်ဇံ CDF က Pu Cin Tung Mang နဲ့ Pa Nang Khan Zam တို့ နေအိမ် ၂ လုံးကို ချိတ်ပိတ်ထားပါတယ်။ သူတို့ချိတ်ပိတ်ရတဲ့ အကြောင်းအရင်း ကတော့ အရင်ကတည်းက သူတို့ဟာ စစ်ကော်မရှင်တွေနဲ့ ပူးပေါင်းတယ်ပေါ့နော်။ အဲဒါတင်မကဘူး အခု ရွေးကောက်ပွဲ မှာပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေတာပေါ့နော်” ဟုပြောသည်။ Pu Cin Tung Mang သည် ချင်းပြည်နယ်အမျိုသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မြေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ Pa Nang Kan Zam သည်လည်း ချင်းပြည်နယ်အမျိုသားလွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မြေမှာ ဇိုမီးအမျိုးသားပါတီကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည်။ Pu Cin Tung Mang နှင့် Pa Nang Khan Zam တို့သည်…
(005MK) အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ နှင့် နေထိုင်ခွင့်လက်မှတ်မရှိဘဲ နေထိုင်ကြသူများ အား မောင်းထုတ်သွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုခြင်းမှာ Inner Line Permit(ILP) မရှိဘဲ မီဇိုရမ် ပြည်နယ် အတွင်းသို့ ဝင်ရောက်နေထိုင်ကြသော အိန္ဒိယနိုင်ငံသားများကို ဆိုလိုခြင်းဖြစ်သည်ဟုသိရသည်။ မကြာသေးခင်ရက်ပိုင်းက ချင်းသတင်းဌာနတချို့တွင် မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်နေထိုင်ကြသူများအားလုံးကို ပြည်နယ်အစိုးရက မောင်းထုတ်မည်ဟု ရေးသားဖော်ပြမှုကြောင့် မီဇိုရမ်ပြည်နယ်တွင်နေထိုင်ကြသော မြန်မာနိုင်ငံသား များအကြား စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။ အိုင်ဇောလ်ခရိုင် Sakawrdai ကျေးရွာတွင် ကျင်းပသော Young Mizo Association(YMA) အထွေထွေညီလာခံကြီး မှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက တရားမဝင်ပြောင်းရွှေနေထိုင်ကြသူများအား မောင်းထုတ် ရေးအတွက် အိန္ဒိယ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးများနှင့်လည်း ဆွေးနွေးပြီးဖြစ်သည်ဟု ပြောဆိုကြောင်း ချင်း သတင်းဌာနများတွင်ဖော်ပြကြသည်။ သို့သော်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်မှ ပြောဆိုသွားသည့်အဓိကဆိုလိုရင်းမှာ Inner Line Permit(ILP) မရှိဘဲ မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်ကြသော အိန္ဒိယပြည်မဘက်ကလာသော ဌာနေတိုင်းရင်းသားမဟုတ်သူများ အထူး သဖြင့် ဒေသအခေါ် (Vai) ဟုခေါ်ဆိုကြသော အိန္ဒိယလူမျိုးများကို မောင်းထုတ်ရန် ပြောဆိုသွားခြင်းဖြစ်သည်။ ဌာနေတိုင်းရင်းသားများမဟုတ်သည့် အိန္ဒိယနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်မည်ဆိုပါက တရားဝင် ခရီးသွားလက်မှတ်အထောက်အထား ILP ကို ပြုလုပ်ရပြီး ယင်း ILP လက်မှတ်ပါမှသာ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့်ရှိသည်။ ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင် ILP မရှိဘဲ တရားမဝင် နေထိုင်ကြသော အိန္ဒိယနိုင်ငံသားအမြောက်အများရှိနေ ကြသည့်အတွက် ထိုသူများကို ပြည်နယ်အစိုးရနှင့် YMA တို့ပူးပေါင်းပြီး ရပ်ကွက်အလိုက်…
