(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာနေထိုင်သော မြန်မာစစ်ဘေးရှောင်တစ်ဦးသည် မူးယစ်ရမ်းကားပြီး ရပ်ကွက်ထဲမှာ ပြသနာရှာလေ့ရှိသည့်အတွက် နေရပ်ပြန်ရန် မြန်မာနိုင်ငံသို့ပြန်သွားရန် မီဇိုးလူငယ်အသင်း (YMA) က မောင်းထုတ်လိုက်သည်ဟု သိရသည်။ နယူးကျန်ဖိုင်းမြို့၊ Helipad ရပ်ကွက်တွင်နေထိုင်သူ Pu Vum Deih Lian သည် မူးယစ်ရမ်းကား ပြသနာရှာလေ့ရှိသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်လေ့ရှိသည့်အတွက် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် ရပ်ကွက်မှထွက်ခွါ၍ မြန်မာနိုင်ငံသို့ပြန်သွားရန် အသိပေးထားကြောင်း နယူးကျန်ဖိုင်း YMA က ထုတ်ပြန်သည်။ ပြီးခဲ့သည့် မေလတုန်းကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်ခဲ့ပြီးဖြစ်သည်။
Author: Editor
(006SV) အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အခြေခံစစ်သင်တန်း အပတ်စဉ် ၆ သင်တန်းတွင် အရှိုချင်းအမျိုးသမီးရဲဘော် ၁၅ ရာခိုင်နှုန်း ပါဝင်တက်ရောက်ခဲ့သည်ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။ ၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်တွင် အရှိုချင်းကာကွယ်ရေးတပ်၏ နောက်တန်းလေ့ကျင့်ရေးကွင်းမှာ အပတ်စဉ် ၆ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။ “ဒီသင်တန်းမှာက မြန်မာနိုင်ငံ အနှံ့အပြားက လူငယ်တွေ တက်ရောက်ပါတယ်။ အမျိုးသမီးကတော့ ၁၅ ရာခိုင်နှုန်းတော့ ရှိမယ်။ အရှိုချင်းတိုင်းရင်းသားတွေပါပဲ ။ ကျနော်တို့ဆီကို ချိတ်ဆက်ပြီး ACDF ကို ဝင်လာကြတာပါ။ ကျနော်တို့ အရှိချင်း ကာကွယ်ရေးတပ် (ACDF) က ကျနော်တို့ သွားမဲ့လမ်းကို ဖြည်းဖြည်းမှန်မှန်နဲ့ သွားနေပါတယ်လို ပြည်သူတွေကို ပြောချင်ပါတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။ အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အပတ်စဉ် ၆ သင်တန်းတွင် အရှိုချင်းရဲဘော် ၈၀ ဝန်းကျင်း တက်ရောက်ခဲ့သည်ဟု ACDF ၏ ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်သော သတင်းဓါတ်ပုံများအရ သိရသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို အရှိုချင်းကာကွယ်ရေးတပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ACDF တပ်မှူးများနှင့် ဖိတ်ကြားထားသော မဟာမိတ်ကိုယ်စားလှယ်များ အသီးသီးတက်ရောက်ချီးမြှင့်သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ်သည် မကွေးတိုင်းဒေသထဲက ဧရာဝတီမြစ်အနောက်ခြမ်းရှိ အရှိုချင်းဒေသများနှင့် ပဲခူးတိုင်းထဲက အရှိုချင်းဒေသများတွင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်လျက်ရှိသည်ဟု သိရသည်။
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းက ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ၍ အရှင်ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေး တပ် – အရှို (CDF – Asho) ထံမှ သိရသည်။ မကွေး- ရခိုင်အစပ်က နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီး မီတာ ၁၅၀၀၀ ပတ်လည် နတ်ရေကန် လမ်းဟောင်း ဖြတ်တောက် တိုက်ခိုက်ရေးလုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းက ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၃ ဦးကို ဇွန်လ ၈ ရက်မှ ၁၂ ရက်တာအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု CDF – အရှိုက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်သည်။ “နိုင်ငံတကာ စစ်သုံပန်း ဥပဒေအတိုင်းပဲ ထိန်းသိမ်း ထားပါမယ်ဗျ။ သူတို့က တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုမျိုးတော့ မရှိဘူး။ ပြေးလာရတဲ့အချိန်မှာ တောထဲမှာ ၂ ညနေ၊ ၃ ညနေ၊ ၄ ညနေ အဲလို နေလာရတာတွေ ရှိတော့ ခန္ဓာကိုယ်တွေ နာကျဉ်နေတာတွေ ရှိမယ်။ ပြီးတော့ ငှက်ဖျားရောဂါ ဖြစ်လာကြတာတွေ ပါမယ်။ အဲလိုရောဂါတွေ ကုသပေးနေရတာတော့ ရှိပါတယ်” ဟု CDF – အရှိုမှ ဆလိုင်းရိုးချင်းက ပြောသည်။ စစ်ကောင်စီ စစ်သုံ့ပန်းများနှင့်အတူ MA – 1 သေနတ် ၅ လက်၊ MA…
(006SV) ယခုနှစ် ၅ လကျော်အတွင်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈ ကြိမ်ပြုလုပ်ခဲ့ရာ သေဆုံးသူ ၁၀ ဦးရှိပြီး ထိခိုက်ဒဏ်ရာ ရသူ ၂၀ ဦးအထိ ရှိသည်ဟု ကြားကာလမင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၁ ရက်အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၈ ကြိမ် နှင့်အတူ ဗုံးအလုံးရေ ၄၀ ကျော် ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အဦး ၁၁ လုံး၊ အစိုးရဌာန အဆောက်အဦး ၂၆ လုံး၊ ပုဂ္ဂိလက အဆောက်အဦး ၇၁ လုံး စသဖြင့် စုစုပေါင်း ၁၀၀ ကျော် ထိခိုက်စီးခဲ့သည်ဟု သိရသည်။ ၅ လတာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများသည် မင်းတပ်မြို့ပေါ်က ဘဝသစ်ရပ်ကွက်ကို ၄ ကြိမ်၊ အရှေ့ပြင်ရပ်ကွက်ကို ၃ ကြိမ်၊ စံပြရပ်ကွက်ကို ၂ ကြိမ်နှင့် မင်းတပ်မြို့နယ်ထဲ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် CDF မင်းတပ်၊ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် မင်းတပ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထိန်းချုပ်ထားကြောင်း၊ မင်းတပ်မြို့ပေါ်တွင် ပြန်လည်ထူးထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့ပေါ်တွင် ဒေသခံများ ပြန်လည်အခြေချနေထိုင်မှု နည်းပါးကြောင်း သိရသည်။
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ထံမှ သိရသည်။ ဇွန်လ ၄ ရက်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ရှေ့တန်းကာကင်း တာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေး လာသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်သား ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီး ရမိသည်ဟု CDF – အရှိုက ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်သည်။ MA အမျိုးအစား လက်နက်ငယ် ၃ လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန် ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြရန် CDF – အရှိုက တိုက်တွန်းထားသည်။ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း၏ စခန်းကုန်းများထဲက တခုဖြစ်သည့် အမ်း- ပဒါန်းလမ်းပေါ်မှာ ရှိသော နတ်ရေကန် MPT တာဝါတိုင်စခန်းကုန်းကို ULA/ AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိမှာလည်း တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ အာရက္ခတပ်တော် ULA/ AA က ထည့်သွင်းသတ်မှတ်လိုက်ပြီး ရခိုင်ပြည်နယ်ကို ခရိုင် ၈ ခုဖြင့် ၂၀၂၅ ခုနှစ် မေလအတွင်း ဖွဲ့စည်းသတ်မှတ်လိုက် ကြောင်း သိရသည်။ အာရက္ခတပ်တော် ULA/ AA က ဖွဲ့စည်းသတ်မှတ်လိုက်သော ခရိုင် ၈ ခုမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝခရိုင်တို့ ဖြစ်သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက ယနေ့ ဇွန် ၁၂မှာ ရေးသားဖော်ပြသည်။ အာရက္ခတပ်တော် ULA/AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ရခိုင်ပြည်ကို ယခင်က စစ်ဒေသအလိုက် ဖွဲ့စည်းအုပ်ချုပ်ခဲ့သော်လည်း ယခုလက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်တွင် ဗဟို၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်စသည့် စီမံအုပ်ချုပ်မှု အဆင့်ငါးဆင့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ ယင်းသို့ ဖွဲ့စည်းသတ်မှတ်ရသည့် ရည်ရွယ်ချက်ကို သိရှိနိုင်ရန် ULLA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။ သို့ရာတွင် ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနက ယနေ့ ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းက သတင်းဖော်ပြပြီး နာရီပိုင်းအကြာတွင် ပြန်ဖြုတ်ချသွားခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းမှီ ၂၀၂၁ မတိုင်မီက ရခိုင်ပြည်နယ်ကို ခရိုင် ၇ ခုဖြစ်သည့် စစ်တွေခရိုင်၊ မောင်တော…
(004SS) မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ပလက်ဝမြို့နယ်စစ်ဘေးရှောင်စခန်း (၃) ခုမှ ရေဘေးသင့် ပြည်သူများအား အရေးပေါ်ကူညီထောက်ပံ့မှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပလက်ဝ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူ ညီရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။ လူသားစာနာကူညီရေးဌာနနှင့် ပလက်ဝကောင်စီတို့ပူးပေါင်း၍ ဇွန်လ ၇ ရက် နှင့် ၈ ရက်နေ့တို့တွင် တွီဒင်း၊ ကာကီနှင့် လောင်မဆူ စစ်ဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ဆန်အိတ် ၁၃၀၊ ဆီ၊ ပဲ၊ အာလူးစသည့် အခြေခံစားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ခြင်းဟု သိရသည်။ “အဘက်ဘက်ကနေ ကူညီပေးတဲ့ အဖွဲ့အစည်းတွေရဲ့ အလှူတွေကို ပူးပေါင်းဆောင်ရွက်ပေးပြီးမှ ကျွန်တော်တို့ ဝန်ဆောင်မှု ပေးရခြင်းဖြစ်ပါတယ်။ ဆိုတော့ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရှိသလို ထပ်ပြီးမှ လူသားစာနာ အခြေခံစားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအတွက် အရေးကြီး လိုအပ်ချက်တွေကို အကူအညီတောင်းလိုပါတယ်” ဟု ပလက်ဝမြို့နယ်၊ လူသားစာနာကူညီရေးဌာနမှ ဌာနမှူးက ပြောသည်။ ယခုရေဘေးကြောင့် အထက်ပါ စစ်ရှောင်စခန်း ၃ ခုအတွင်း မူလအိမ်ခြေ ၄၇၂ နှင့် လူဦးရေ ၂၂၈၃ ဦးရှိသည့်အနက် အိမ်ခြေ ၁၄၁ နှင့် လူဦးရေ ၇၂၉ ဦး ရေဘေးဒဏ်သင့်ခဲ့ပြီး လုံးဝပျက်စီးသွားသည့် အိမ်ခြေ ၉၁ ခု၊ အိမ်သာ ၁၁၂ လုံး ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ ရေဘေးသင့် ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များ၊ အခြေခံစားနပ်ရိက္ခာလိုအပ်ချက်များ များစွာရှိနေသေးကြောင်း သိရသည်။ လိုအပ်ချက်များစွာအနက် ရေးဘေးသင့်ပြည်သူများ၏ နေအိမ်ပြန်လည်တည်ဆောက်ရန် အမိုးအကာ၊ သစ်ဝါး၊ ရေသန့်ပိုက်၊…
(006SV) ချင်းပြည်နယ်၏ စစ်ကောင်စီ အစိုးရရုံးစိုက်ရာ ဟားခါးမြို့တွင် အခြေစိုက်ထားသော ဟားခါးအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းသည် ရာထူးတိုးဖြင့် တပ်မ ၉၉ တပ်မမှူးအဖြစ် အစားထိုး ခန့်အပ်ခံရပြီးနောက် ဟားခါးအခြေချ စစ်ဗျူဟာမှူး အပြောင်းအလဲဖြစ်သွားကြောင်း သိရသည်။ ယခု ဇွန်လအတွင်း ဟားခါးအခြေချ စစ်ဗျူဟာမှူး စိုးဝင်းထွန်း သည် အစမ်းခန့် ဗိုလ်မှူးချုပ်ရာထူး တိုးဖြင့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်ကို တပ်မမှူးအဖြစ် ပြောင်းရွေ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်း မြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။“သူက လက်ရှိမှာတော့ တပ်မမှူးအဖြစ် တိုးလိုက်ပြီးဆိုတော့ ယာယီဗိုလ်မှူးချုပ်၊ အစမ်းခန့် ဗိုလ်မှူးချုပ်ရာထူးကို ရရှိသွားပြီဖြစ် ပါတယ်။ လက်ရှိမှာ အခြေချ ဟားခါးမှာပဲ ရှိပြီးတော့ မိတ္ထီလာ သို့မဟုတ် သူတို့ စစ်ဆင်ရေးဝင်နေတဲ့ နတ်ရေကန်၊ ပဒါန်းဘက်ကို သွားဖို့ ပြင်ဆင်နေဆဲပဲ ရှိပါသေးတယ်။ သူ့အကြောင်းကိုတော့ ကျနော်တို့ အခုမှ စုံစမ်းတည်ဆောက်နေဆဲပဲ ရှိပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ လက်ရှိတွင် ဟားခါးအခြေချစစ်ဗျူဟာမှူးနေရာတွင် အသစ်ရောက်ရှိလာသူကို မတွေ့ရသေးသော်လည်း စစ်ကောင်စီအနေဖြင့် ချက်ချင်း ခန့်အပ်မည်ဟု သုံးသပ်ကြောင်း၊ စစ်ကောင်စီသည် ဗျူဟာမှူးနေရာကို အလွတ်မထားတတ်ကြောင်း သိရသည်။ ဗျူဟားမှူးအပြောင်းအလဲကြောင့် ဟားခါးမြို့ဝန်းကျင်တွင် စစ်ကောင်စီ၏ တန်ပြန်စစ်ကြောင်းထိုးမှုများ ဖြစ်လာနိုင်သည်ဟု သိရသည်။ “ဗျူဟာမှူးအပြောင်းအလဲနဲ့တော့ စစ်ရေးအခြေအနေက ထူးခြားလာဖွယ် မရှိပါဘူး။ စစ်တပ်က လူတွေက တပုံစံထဲတွေပဲ။ စကားလုံးလည်း ရှိတယ်။…
|| ချင်းပြည်သစ်ကွန်ဂရက်ပါတီခေါင်းဆောင် ဦးဘွာလ်ဆိုင်လိုဆိုတာ ဘယ်သူလဲ? (006SV) စစ်တပ်မှ အရာရှိအငြိမ်းစားဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဖလမ်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ USPD အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖူးသော ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်မည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ပါတီတည်ထောင်ခွင့်ပြုပြီးနောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားလိုက်ပြီဟုသိရသည်။ ဇွန်လ ၉ ရက် နေ့စွဲဖြင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ (New Chinland Congress – NCC) က ပါတီတည်ထောင်ခွင့် ပြုသည့် နေရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ပြည်ထောင် ရွေးကောက်ပွဲကော်မတီက ယမန်နေ့ ဇွန်၉ ရက်က ကြေညာသည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရ၍ မေလ ၂၆ ရက်တွင် ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းကို စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သည်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဦးဘွာလ်ဆိုင်လိုသည် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီက ပါတီနိုင်ငံရေးလှုပ် ရှားမှု မရှိသော ဖလမ်းမြို့နယ်သား တပ်မတော်ဆေးတပ်ဖွဲ့က ဗိုလ်ကြီး (ငြိမ်း)ဖြစ်သည်ဟု ချင်းနိုင်ငံရေးအသိုင်းအဝိုင်းက သိရသည်။ “သူက တပ်မတော်ဆေးတပ်ဗိုလ်ကြီး(ငြိမ်း) တဦးပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖလမ်းမဲဆန္နနယ်ကနေ ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းအဖြစ်ပြိုင်ပြီး ရှုံးဖူးတယ်။ ကြံ့ဖွံ့ပါတီနဲ့ အမတ်လောင်းပြိုင်ဖူးတဲ့ ဗိုလ်ကြီးဘွာလ်ဆိုင်လိုက ပါတီခေါင်းဆောင် နာမည်မှာ…
|| ZRA မှ ရဲဘော် ၂ ဦးကျဆုံး၊ ဒရုန်း ၂စီး၊ သေနတ် ၄လက်၊ ကား ၁စီး၊ ဆိုင်ကယ် ၇ စီး သိမ်းပိုက်ရရှိဟု ဆို (006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲက မွာလ်ကွေး (Muelkawi) တွင် CDF-Tonzang နှင့် ဇိုမီးတော်လှန်ရေးတပ် ZRA – EC တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားပြီး ZRA-EC မှ ရဲဘော် ၂ ဦး သေဆုံးခဲ့သည်ဟု CDF – Tonzang ထံမှ သိရသည်။ ဇွန်လ ၉ ရက်က ဇိုမီးတော်လှန်ရေးတပ် ZRA – EC ၏ မွာလ်ကွေးရွာ စစ်စခန်းကို ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF-Tonzang က ဇိုမိုးမုန် စစ်ဆင်ရေးအမည်ဖြင့် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကာ တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စခန်းကို သိမ်းပိုက် ရရှိသည်ဟု သိရသည်။ တိုက်ပွဲတွင် ZRA – EC တပ်သား အလောင်း ၂ လောင်း ရရှိခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ် သေနတ် ၄ လက်၊ ဒရုန်း ၂ စီး၊ ကား ၁ စီး၊ ဆိုင်ကယ် ၇ စီး၊ မီးစက် ၁ လုံး၊ ကျည်ဘောက် နှင့် ကျည်ဆန်တချို့၊ အခြားပစ္စည်းများကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ ဇိုမီးတော်လှန်ရေးတပ်သည် တွန်းဇံမြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူမည်ဟု…