Author: Editor

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် တပ်အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။ ယမန်နေ့အောက်တိုဘာ ၂၆ နှင့် ယနေ့ ၂၇ ရက်နေ့တွင် စစ်ကော်မရှင်တပ်သည် ကလေးမြို့မှတစ်ဆင့် MI-17 ရဟတ်ယာဉ် အမျိုးအစားဖြင့် ၅ ကြိမ်ခန့် တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်စခန်းကို အင်အား ဖြည့်တင်းခဲ့သည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောသည်။ “ ရဟတ်ယာဉ်‌ဆင်းတယ်၊ တီးတိန်ခရိုင်မှူးရောက်တယ်လို့ပြောတယ်။ သူနဲ့အတူ စစ်သားတွေ အင်အားတိုးပေးတယ်။ မနေ့ က စစ်သားအင်အား ရဟတ်ယာဉ်နဲ့ ၅ ခေါက်လာချသွားတယ်။ ဒီနေ့ကျတော့ ၄ ခေါက်လာချတယ်။ နောက် သိပ်မကြာသေးခင်က ဂျက်ဖိုက်တာ တစ်စီး ပျံဝဲနေတယ်။ ဘယ်ကိုဦးတည်ချင်တာလဲတော့ မသိသေးဘူးပေါ့နော်” ဟု ၎င်းကပြောသည်။ ရဟတ်ယာဉ်တစ်စင်းလျှင် စစ်သား ၂၀ ဦးဝန်းကျင် ပါလာနိုင်တာကြောင့် လက်ရှိ တီးတိန်သို့ ချပေးသည့် အင်အားသည် တစ်ရာဝန်းကျင်ရှိနိုင်ကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် တီးတိန်မြို့ပေါ်မှာ ပုံမှန်အတိုင်းဖြစ်သော်လည်း ယခုကဲ့သို့ စစ်သားအင်အားဖြည့်တင်းလာခြင်းကြောင့် ပြည်သူ များနေဖြင့် စိုးရိမ်ပူပန်ခြင်းမရှိဘဲ သတိရှိစွာ သွားလာနေထိုင်ကြရန် တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ပြောရေး ဆိုခွင့်ရှိသူကပြောသည်။ “စစ်တပ်က အင်းအားအများအပြား ဖြည့်တင်းလာတာဆိုတာ သူတို့တွန်းဇံကို ပြန်သိမ်းချင်လို့ ဖြစ်နိုင်သလို။ တစ်ဖက်မှာ ရွေးကောက်ပွဲ နီးလာပြီးဆိုတော့ ဘယ်သူမှ မနှောက်ယှက်ရဲအောင်ဆိုပြီး အင်အား ဖြည့်တင်းတာလဲ ဖြစ်နိုင်တယ်လို့ ယူဆမိပါတယ်။ ဆိုတော့ ပြည်သူတွေ အနေနဲ့ စစ်ဖြစ်တော့မလားဆိုပြီး ကြောက်လန့်စရာမလိုပေမဲ့ အသွားအလာ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်ဖွဲ့သည် ယနေ့အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျွန်းချောင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ်တချို့မီးရှိုသွားသည်ဟု သိရသည်။ ကလေးမြို့နည်းပညာတက္ကသိုလ်-GTC ကျောင်းဝန်းအတွင်းအခြေချတပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့သည် အင်အား ၁၀၀ ကျော်ဖြင့် ယနေ့တွင် ထောက်ကြံရွာမြောက်ဖက် ကျွန်းချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် နေအိမ်တချို့ကို မီးရှိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “မနေ့က တနေကုန်မြောက်ဖက်ကနေ နည်းပညာ တက္ကသိုလ်ဖက်ကို ကား (၁၅) စီးနဲ့ လက်နက်ခဲယမ်းတွေ၊ အမြောက်တွေကော ပါတယ်။ ဒီမနက်တော့ ဒရုန်းတွေနဲ့ ဗုံးတွေချနေတယ်၊ ဒရုန်းနဲ့ ချလိုက် ပစ်လိုက် တိုးလိုက်ပဲ” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ (၂၆) ရက်နေ့လယ်ပိုင်းမှာ ကလေးမြို့မှ စစ်ကား (၂၁) စီးဖြင့် လက်နက်ခဲ ယမ်း၊ ရိက္ခာများနှင့် အင်အားအများအပြားကို နည်းပညာတက္ကသိုလ်ဝန်းအတွင်း ဖြည့်တင်းခဲ့သည့်အပြင် ညနေပိုင်းတွင် သံပြားကာ (၃) စီးအပါအဝင် ကားကြီး (၁၀) စီးဖြင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများ၊ ၁၂၀ မမ၊ ၁၀၅ မမ လက်နက် ကြီးများနှင့် ဆက်စပ်ကျည်သေတ္တာများဖြည့်တင်းခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းပြီးနောက် ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာက ပြည်သူထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်နေသောကြောင့် ဗုံးခိုကျင်းများ လုပ်ဆောင်ရန်နှင့် လူစုလူဝေးဖြစ်စေမည့် ပွဲအခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။ စစ်ကော်မရှင်တပ်သည် ဒေသခံပြည်သူနှင့် တော်လှန်ရေအဖွဲ့ကို ခွဲခြားခြင်း မရှိဘဲ အဆုံးစွန်ထိ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသောကြောင့် လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် လတ်တလော ရှောင်းရှာနိုင်ရန် အောက်တိုဘာလ ၂၆ ရက်မှာ ထုတ်ပြန်သည်ဟု သိရသည်။ “ဒီ ၂၄ ရက်၊ ၂၅ ရက်မှာကိုပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အများကြီး ထိခိုက်တာ ရှိတယ်၊၊ အဲဒါကြောင့် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ လေကြောင်းကနေ ခပ်စိပ်စိပ် တိုက်ခိုက်လာတာတွေ ရှိတဲ့အတွက် လူစုလူဝေးတွေ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့ လိုတယ်။ သာရေး၊ နာရေးက လွဲလို့ပေါ့နော်။ ပွဲလမ်းတွေကို၊ လူစုလူဝေးတွေကို မပြုလုပ်ကြဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ထားတာ ဖြစ်တယ်။ အဓိကက ပြည်သူတွေ အန္တရာယ်ဘေးကင်းဖို့အတွက်ပါ၊၊ ဒီဟာကို အတတ်နိုင်ဆုံး ပြည်သူတွေအနေနဲ့ ပူးပေါင်းပြီးမှ ဝိုင်းဝန်းလိုက်နာပေးဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကော်မရှင်တပ်သည် ကန်ပက်လက်မြို့မ ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် အောက်တိုဘာလ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်သည်ဟု သိရသည်။ အောက်တိုဘာလ ၂၅…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးကို ယနေ့မနက်ပိုင်းက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ပြီး ဗုံးကြဲတိုက်ခိုက်သွားသည်ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “လေကြောင်းတိုက်ခိုက်ခံရတာ ဟုတ်ပါတယ်။ ၂ ကြိမ်တိုက်ခိုက်ခံရတယ်။ ပထမတစ်ကြိမ်က တစ်လုံးနဲ့ ဒုတိယတစ်ကြိမ်က ၂ လုံးနဲ့ တိုက်ခိုက်ပါတယ်။ မြေပြင်အနေအထားကတော့ သတင်းအချက်အလက်တွေ အတည်ပြုလို့တော့ မရသေးပါဘူး” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာသန်းရွှေက ပြောသည်။ ယနေ့ အောက်တိုဘာလ ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကန်ပက်လက်မြို့အနောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ရာ ပထမတစ်ကြိမ်မှာ ဗုံး ၁ လုံး၊ ဒုတိယအကြိမ်တွင် ဗုံး ၂ လုံးဖြင့် တိုက်ခိုက်သွားသည်ဟု သိရသည်။ ဂျက်ဖိုက်တာ ၂ စီးဖြင့် ကန်ပက်လက်မြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု အဆိုပါဖြစ်စဉ်ကို သိရှိသော ဒေသခံ တစ်ဦးကလည်း ပြောသည်။ အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇန်မြို့နယ်တိုမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် ၆ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း၊ အရပ်သားနေအိမ်များနှင့် အဆောက်အဦးများလည်း ပျက်စီးကြောင်း သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က မင်္ဂလာဆောင်ပွဲတစ်ခုကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းက ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်း ၉ နာရီ ၂၀ မီနစ်ခန့်တွင် ကန်ပက်လက်မြို့အနီးက မင်္ဂလာဆောင်တစ်ခုကို စစ်တပ်က လေကြာင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပထမတစ်ကြိမ်မှာ ဗုံး ၁ လုံး၊ ဒုတိယအကြိမ်မှာ ဗုံး ၂ လုံးဖြင် တိုက်ခိုက် သည်ဟု ဒေသခံသတင်း ရင်းမြစ်များက ပြောသည်။ “ဗုံးကြဲခံရတာက မင်္ဂလာဆောင်နေရာပါ။ အထိအခိုက်များတယ်လို့ ကြားရပါတယ်။ ကန်ပက်လက်မြို့ အနောက်ဘက်က မြို့အနီးအနားကို ကြဲသွားတာပါ။ သူတို့က မင်္ဂလာဆောင် ဖိတ်စာတွေကို အသိတွေကိုလည်း ဝေငှာတာ ဆိုးသွားတယ်။ အဲဒီကို တိုက်ခိုက်တာပါ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အဆိုပါ မင်္ဂလာဆောင်သည် CDF – ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာဆောင်ဖြစ်ကြောင်း ဒေသခံက အတည်ပြုပြီး ထိခိုက်သေဆုံးမှု များကြောင်း သိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ပြောသည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏ သား ဦးခင်မာင်ရင်အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးကြောင်း ချင်းသတင်းဌာန VOC က ရေးသားသည်။ ထိခိုက်ဒဏ်ရာ ရရှိသူလည်း ၁၅ ဦးထက်မနည်း ရှိနေပြီး…

Read More

Headline….. စစ်ကော်မရှင်က ဦးဆောင်ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ NLD အစိုးရခေတ်က ချင်းပြည်နယ်ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးထက်၊ ဦးပေါင်လွန်းမင်ထန်၊ လူသိများတဲ့ ချင်းနိုင်ငံရေးသမား ပူးနိုးထန်ကပ်နဲ့ ပူးဇိုဇမ်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။ ချင်းပြည်နယ်၊ ဆဲန်ထန်ဒေသ၊ ဇာထာလ် (Zathal) ကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတွေအားလုံး ယာယီပိတ်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့မြောက်ပိုင်း ကလေး-တမူး လမ်းပိုင်းကို စစ်ကော်မရှင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

Read More

(006SV) ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ဥက္ကဌဟောင်း ပူးဇိုဇမ်းသည် လာမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကိုယ်စားပြုပြီး ရန်ကုန်တွင် အမျိုးသားလွတ်တော် မဲဆန္ဒနယ် အမှတ် ၆ (အချိုးကျ ကိုယ်စားပြုစနစ်) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ “ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF)ကိုယ်စားဝင်ပြိုင်ထာပါဗျ။ တိုင်းရင်းသားပါတီတွေ စုပေါင်း ထားတဲ့ NBF မှာလည်း ကျနော်က ၂၀၁၀ ကနေ ဒီနေ့အထိ ပူးတွဲ တည်ထောင်သူတွေနဲ့ ပြောရေးဆိုခွင့် တာဝန်တွေကို ယူထားတာပါ။ အဲဒါ သူတို့အတွက် အမျိုးသားလွှတ်တော်ကနေပြီး အလုပ်လုပ်ပေးချင်လို့ပါဗျ၊၊ CNPနဲ့ CNLD ချင်းပါတီ တွေလည်း NBF ထဲပါခဲ့၊ ဦးဆောင်ခဲ့တဲ့ မဟာမိတ်တွေလည်း ဖြစ်ပါတယ်” ဟု ပူးဇိုဇမ်းက ပြောသည်။ NBF ပါတီများထဲက ကျားဖြူပါတီ ဟူ၍ လူသိများသော ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ရွေးချယ်ရခြင်းသည် တိုင်းရင်းသားများပူးပေါင်း၍ ဆောင်ရွက်ချင်သောကြောင့်ဖြစ်ကြောင်း သိရသည်။ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားများ အခွင့်အရေးကို တိုက်ပွဲဝင်သွားမည်ဟု ဝါရင့် ချင်းနိုင်ငံရေးသမား ပူးဇိုဇမ်းက ပြောသည်။ “ကျနော်က လက်နက်နဲ့ အာဏာ ရယူထားတာ မကြိုက်ဘူး။ နှုတ်ပါးစပ်နဲ့ ဆွေးနွေးထာကိုပဲ ယုံတယ်၊၊ ကျနော်က Peacemaker (ငြိမ်းချမ်းရေးဖော်ဆောင်သူ) ကောင်းတစ်ဦးပဲ ဖြစ်ချင်တယ်၊၊ သေတဲ့ အထိ လုပ်ဖို့ ရည်ရွယ်ထားတာက Peace developing/Peace building…

Read More

(006SV) မကွေးတိုင်း၊ ဆောမြို့ပေါ်မှာ နေထိုင်သော အသက် ၆၀ ကျော်အရွယ် ချင်းအမျိုးသမီးတစ်ဦးသည် ထင်းရှာထွက်စဉ် သတ်ဖြတ်ခံရပြီး ရွှေထည်ပစ္စည်းများ လုယက်ခံရမှု ဖြစ်ပွားကြောင်း သိရသည်။ ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဒေါက်ဒွေကျေးရွာ ဇာတိဖြစ်သော အသက် ၆၀ ကျော်အရွယ် ဒေါ်ရှိန်ခေါဝါသည် လက်ရှိတွင် ဆောမြို့ပေါ်မှာ နေထိုင်ပြီး အောက်တိုဘာလ ၁၇ ရက်က ထင်းရှာရန် တောထဲ သွားစဉ်မှာ နေအိမ်သို့ ပြန်လည် ရောက်ရှိ မလာသောကြောင့် ဒေသခံပြည်သူများ ရှာဖွေကြရာ အောက်တိုဘာလ ၁၉ ရက်က ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ “ထင်းရှာဖို့ တောထဲသွားတာ ပြန်မလာလို့ လိုက်လံရှာဖွေတာမှာ ရုပ်အလောင်းကို ပြန်တွေ့ကြတာပါ။ အလောင်း ပြန်တွေ့ချိန်မှာက ဆွဲနေကြ ဆွဲကြိုးနဲ့ လက်ဝတ်လက်စားတစ်ချို့ ပြန်ပါမလာတော့ဘူး။ ပစ္စည်း လုခံရပြီး ရက်ရက်စက်စက် သတ်ဖြတ် အလောင်းဖျောက်ခံရ တယ်လို့ ယူဆရပါတယ်”ဟု အဆိုပါဖြစ်စဉ်ကို သိရှိသော ဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁၇ ရက်က ဆောမြို့၊ ဇေယျာရပ်ကွက်အနီးတွင် နေထိုင်သော ဒေါ်ရှိန်းခေါဝါသည် ထင်းရှာရန် သန်းပင်ခုံ စုန်းတလင်းပြင်ဥယျဉ်တောဘက်သို့ ထွက်သွားရင် ပျောက်ဆုံးနေသောကြောင့် ရပ်ကွက်နေ ပြည်သူများက လိုက်လံရှာဖွေကြသည်ဟု သိရသည်။ ယင်းသို့ ရှာဖွေရာ ဥယျာဉ်တောထဲရှိ ဒေါ်ရှိန်းခေါဝါ၏ တောင်ယာတဲ နှင့် ကိုက် ၅၀ အကွာမှာ ဆာလာအိတ်နှင့် ထုတ်ထားသော ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်သည်ဟု ဒေသသတွင်းကို ရေးသားဖော်ပြနေသော ယောအလင်းတန်းကလည်း…

Read More

အစည်းအဝေးကာလအတွင်း UNHCR ရုံးကို ပုံမှန်အတိုင်း ဖွင့်လှစ်မည် (004SS) မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (ASEAN Summit 2025) ကာလအတွင်း လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များ နှင့် လမ်းပိတ်ဆို့မှုများ အတွက် မလေးရှားရောက် မြန်မာဒုက္ခ သည်များအားလုံး အထူးသတိထားကြရန် Alliance of Chin Refugee (ACR) က အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။ အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိအတွင်းကျင်းပမည်ဖြစ်ပြီး ကွာလာ လမ်ပူမြို့တွင်း လမ်းများတွင် လုံခြုံရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်လမ်းကြောင်း လွှဲပြောင်းမှုများ ရှိလာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ဒုက္ခသည်များအနေဖြင့် မလိုအပ်သည့် ခရီးသွားလာခြင်းကို (အထူးသဖြင့် ညဘက်တွင်) တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။ သို့‌သော်လည်း အဆိုပါအစည်းအဝေးကာလအတွင်း UNHCR ရုံးကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရုံးချိန်းရရှိထားသူများအနေဖြင့် လမ်းများပိတ်ဆို့မှုကြောင့် မိမိတို့၏ ရက်ချိန်းများ နောက်မကျစေရန်အတွက် ကြိုတင်စောစီးစွာ အိမ်မှ ထွက်လာကြရန်လည်း တိုက်တွန်းထားသည်။ ထို့အပြင် အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း UNHCR ကတ်သက်တမ်း ကုန်ဆုံးမည့်သူများအနေဖြင့် အောက်တိုဘာ ၂၂ ရက်နေ့ မတိုင်မီ သို့မဟုတ် အောက်တိုဘာ ၂၉ ရက်နေ့ပြီးမှ လာရောက်ကာ သက်တမ်းတိုးနိုင်ကြောင်း လည်း အသိပေးထားသည်။ တစ်ချိန်တည်းမှာပင် အင်တာဗျူး…

Read More

(004SS) ချင်းပြည် (Chinland) အစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် လည်ပတ်နေသော ချင်းအမျိုးသားတက္ကသိုလ် (CNU) မှ ၂၀၂၆ ပညာသင်နှစ်အတွက် မဟာဌာန ၃ ခုဖွင့်လှစ်တော့မည်ဖြစ်ပြီး တက်ရောက်မည့် သင်တန်းသားများ ခေါ်ယူနေကြောင်း အောက်တိုဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါသင်တန်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပညာရေးမဟာဌာန၊ ဥပဒေ ပညာမဟာဌာန၊ နည်းပညာနှင့် သက်မေးပညာမဟာဌာနအတွက် သင်တန်းသားများခေါ်ယူသွားမည်ဖြစ်သည်။ ပညာရေးမဟာဌာန မှ (၂) နှစ်ကြာ သင်တန်းများဖြစ်သော လုပ်ငန်းခွင်ပညာရေးဒီပလိုမာ၊ ဘွဲ့ကြိုပညာရေးဒီပလိုမာ နှင့် ဘွဲ့လွန်ပညာရေးဒီပလိုမာ သင်တန်းများအတွက် လျှောက်ထားနိုင်မည်ဖြစ်သည်။ ထို့နောက် ဥပဒေပညာမဟာဌာန မှ (၄) နှစ်ကြာ ဥပဒေပညာဘွဲ့ သင်တန်းအတွက် ခေါ်ယူမည်ဖြစ်ကာ နည်းပညာနှင့် သက်မွေးပညာမဟာဌာန မှ (၂) နှစ်ကြာ ဒီပလိုမာသင်တန်းများဖြစ်သည့် လျှပ်စစ်အင်ဂျင်နီယာ (AGTI) နှင့် မြို့ပြ အင်ဂျင်နီယာ (AGTI) သင်တန်းများအား ခေါ်ယူမည်ဖြစ်သည်။ သင်တန်းအားလုံးအတွက် အခြေခံအားဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီး ရပ်နားထားသူ၊ တက္ကသိုလ်/ကောလိပ်မှ ဘွဲ့မရမီ ရပ်နားထားသူ သို့မဟုတ် အကြိုကောလိပ်အစီအစဉ်/BECA (NUG MoE/Chinland MoE) ပြီးမြောက်သူများ လျှောက်ထားနိုင်သည်။ ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်းအတွက်မူ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဖြစ်သည်။ အထူးသဖြင့် ပညာရေးနှင့် ဥပဒေပညာ သင်တန်းများအတွက် လျှောက်ထားသူများသည် သင်တန်းပြီးဆုံးပါက ချင်းပြည် (Chinland) အတွင်းရှိ ပြည်သူ့ကျောင်းများ၊ စစ်ဘေးရှောင်ကျောင်းများ…

Read More