#Unicode Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) မှ ထောက်ပံ့ပေးပို့ထားသည့် စောင်နှင့်အဝတ်အစား အထည် ၅၀၀၀ ပထမအသုတ်အဖြစ် ဒီဇင်ဘာ ၇ ရက် ယနေ့မနက်ပိုင်းက ပလက်ဝမြို့သို့ရောက်ရှိပြီဟု RRCCI မှ မနန်းဝေထံမှ သိရသည်။ “ဒီပလက်ဝကိုတော့ဒီနေ့မနက်ရောက်တယ်လို့သိရတယ်။ ဒီမနက် ရောက်တာကစုစုပေါင်းအထည် ၅ဝဝဝလောက် တော့ရှိမယ်၊ ဒါပေမယ့်အဲ့တခေါက်ကတော့ အိမ်နေရင်း သူများတွေ အသုံးပိုနေတဲ့ အဝတ်အစားတွေပို့ပေးတာများတာပေါ့၊ အခုမနေ့ကပို့ပေးတာက အသစ်တွေကြီးပဲ နောက်ထပ်ပို့မဲ့ဟာတွေလည်း အကုန်အသစ်တွေကြီးပဲ။ ဝယ်တာက ကျွန်မတို နည်းနည်းတဖက်ကို တဖက် စက်ရုံဖက်ကနေ ပြန်ဝယ်ရတဲ့အခါမှာ အချိန်စောင့်ဆိုင်းရတာ တွေရှိိ တယ်၊ ပထမတခေါက်က ရန်ကုန်မြို့အတွင်းကောက်ခံရရှိတဲ့ တနိုင်ငံလုံး ၊အနယ်နယ်အရပ်ရပ်က ပို့ပေးတဲ့ ဟာအပိုပစ္စည်းတွေ အဝတ်အထည်တွေကိုပြန်လှူနိုင်တဲ့ အထည်တွေက ၅ဝဝဝလောက်ရှိ တယ်။”ဟု မနန်းဝေမှပြောသည်။ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် RRCCI မှ စောင်နှင့်အနွေးအထည်များကို အသုတ်လိုက်ဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ပထမသုတ်တွင် ၅၀၀၀၊ ဒုတိယတွင် ၆၀၀၀၊ တတိယတွင် ၃၀၀၀ နှင့် စတုတ္ထအသုတ်တွင် ၄၀၀၀ စီပို့ဆောင်ပေးခဲ့သည်။ ယနေ့ပလက်ဝမြို့သို့ရောက်ရှိသော အဝတ်အထည် ၅၀၀၀ မှာ ပထမအသုတ်တွင် ပို့လိုက် သည့်အဝတ်အထည်များဖြစ်ပြီး ကျန်အဝတ်အထည်များမှာ လမ်းခရီးတွင်ရှိနေသေးသည်ဟုသိရသည်။ RRCCI အနေဖြင့် ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စောင်နဲ့အနွေးအထည်များ တာဝန်ယူကာ အလှူခံ ပေးပို့ပေးနေခြင်းဖြစ်ပြီး စောင်နှင့် အနွေးအထည် ၈၀၀၀ ဝန်းကျင်နှင့် ဆန်အိတ် ၁၀၀ ပေးပို့ရန် ကျန်ရှိနေသေးကြောင်း…
Author: Editor
#Unicode By လားနွန် – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ချင်းပြည်နယ်တွင် အမှုဖွင့်တိုင်းကြားမှု (၂) မှုသာရှိခဲ့သည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးလင်းကျော်က ပြောသည်။ ယင်းအမှုအဖွင့်တိုင်ကြားမှုမှာ တီးတိန် နှင့် ထန်တလန်မြို့နယ်တို့တွင်ဖြစ်ပွားခဲ့ပြီး အယောင်အဆောင်မဲပေးမှုရှိသည်ဟု ဆိုကာ နိုင်ငံရေးပါတီတစ်ချိူ့က သက်ဆိုင်ရာရွေးကောက်ပွဲ ရပ်ကျေးကော်မရှင်ထံသို့ တိုင်းကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ ရွေးကောက်ပွဲနေ့မှာပဲ တိုင်ကြားတဲ့အမှုက တီးတိန်မှာ တစ်ခု ထန်တလန်မှာ တစ်ခု နှစ်ခုပဲ ကျနော်တို့ဆီမှာရှိတယ်၊ ဒါကတော့ ရဲရေးပိုင်အမှုဆိုတော့ တချို့ကိစ္စတွေကိုတော့ ကျနော်တို့လည်းသေချာမသိဘူး ဒါကတော့ ကျနော်တို့ဆီတိုင်ထားတဲ့ဟာ အယောင်အဆောင်မဲပေးမှု နဲ့ ကိုယ်စား အယောင်အဆောင်မဲပေးမှု အတူတူပါပဲ ဒီနှစ်ခုပဲရှိခဲ့တယ်’’ ဟု ပြောသည်။ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲကာလမတိုင်ခင်က ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးမှုကျယ်ကျယ်ပြန့်ပြန့်မပေးနိုင်ခဲ့ သည့်အတွက် မဲဆန္ဒရှင်ပြည်သူများအချိူ့သည် ရွေးကောက်ပွဲဆိုင်ရာအသိပညာအားနည်းမှုကြောင့်ဖြစ်နိုင်သည်ဟု ဦးလင်းကျော်ကဆက်ပြောသည်။ “မဲဆန္ဒရှင်တွေကို အသိပညာပေးမှု ကောင်းကောင်းမပေးနိုင်တဲ့ဟာတစ်ခုရယ် ကျနော်တို့ဒေသမှ အင်တာနက်မေ ကာင်းတော့ တချို့နေရာတွေမှာလည်း တီဗီလိုင်းတွေလည်းမကောင်းတော့ နားမလည်တဲ့အပိုင်းမှာလည်း ဖြစ်သွားနိုင်တယ်၊ တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ မဲမသမာမှုလုပ်တဲ့သဘောလို့တော့ ကျနော်ကတော့မထင်ဘူး ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲအမှုဖွင့်ရတာပေါ့” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင် (၂၈၆၃၀၈) ဦးရှိခဲ့ပြီး မဲလာပေးသည့် မဲအရေအတွက်မှာ ပြည်သူ့လွှတ်တော်တွင် (၂၂၂၉၀၅) မဲ၊ ပြည်နယ်လွှတ်တော်တွင် (၂၁၇၁၅၂) မဲ၊ အမျိုးသား လွှတ်တော်တွင် (၂၁၆၉၆၄) မဲ အသီးအသီးရှိကြောင်းသိရသည်။ မဲဆန္ဒနယ်မြေစုစုပေါင်း (၃၉)…
#Unicode နှင်းနှင်း – ချင်းပြည်နယ်အတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခွင့်အား ခွင့်ပြုရန် အစီအစဉ်မရှိသေးကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ဖွင့်မဲ့အစီစဉ်မရှိဘူး၊ ဘာလို့လဲဆိုရင်ကျွန်တော်တို့ဖက်မှာ ကိုဗစ်ပိုးတွေ့လူနာက များများလာတာ ၊ ဟားခါးမှာလည်း များလာတယ်၊ မင်းတပ်မှာလည်းများလာတယ်၊ ကန်ပလက်၊ မတူပီ၊ ပလက်ဝ၊ အဲဒီဟာရော နောက်ဒီဖက်က တီးတိန်းကလည်း တောက်လျှောက်ကိုဗစ်ရောဂါသည်က မလျှော့လာပဲ တိုးတိုးလာတယ်။ ဟားခါးမှာဆိုရင် မကြာမကြာ တွေ့နေတာ၊အဲ့လိုဖြစ်တဲ့အတွက် လူအဝင်အထွက်နဲ့ အဲ့လိုမျိုးပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ကို ကျွန်တော်တို့က ပိုပြီးတော့ စစ်တာ” ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ လက်ရှိတွင် ချင်းပြည်အနယ်အတွင်းရှိဆိုင်များအား ဆိုင်ပြန်လည်ဖွင့်လှစ်နိုင်ရန်မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းမှုရှိမရှိ သိရှိနိုင်ရန်သာ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။ “စားသောက်ဆိုင်တွေက လောလောဆယ်တော့ ပါဆယ်ကိုပဲသွားတာပေါ့နော်၊ ဒီရောင်း ကုန်ဆိုရင်လည်း ကျွန်တော်ခုမှ တနေ့လုံးပြန်ရောင်းခိုင်းထားတာ အရင်တုန်းက ဆိုရင် နေ့တဝက်ပဲရောင်းတာ၊နေ့တဝက်မှာမှ စျေးဆိုင်အခန်းကို တဆိုင်ခြားရောင်းခိုင်းတာ၊ နေ့တစ်ဝက်စီအခုကနည်းနည်း သက်သာတယ်ဆိုပြီးမှ အစကမနက်ကနေညနေ အထိရောင်းခိုင်း တဲ့အချိန်မှာ ကိုဗစ်ပိုးတွေကပိုပြန့်နံ့လာတယ် ၊တွေ့ရှိမှုကလည်းများလာတယ်။ကျွန်တော်ကတော့ အချိန်တောင်မှ နေ့တဝက်လောက်ပဲရောင်းတာမျိုး၊ နောက်ပြီးဆိုင်တစ်ဆိုင်ခြားကိုရောင်းခိုင်းတာ တို့၊အဲ့လိုမျိုးလုပ်ဖို့တောင်ပြန်စီစဉ်နေတယ်”ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။ နေပြည်တော်ကောင်စီအတွင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအား (A) အဆင့်သတ်မှတ်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ဒီဇင်ဘာ (၄) ရက်နေ့မှ စတင်ကာ ပြန်လည်ခွင့်ပြုပေးမည်ဟု ပြည်ထောင်စု…
#Unicode By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ရဲစခန်းအချူပ်တွင် အချုပ်ကျနေသည့် ချင်းအမျိုးသမီးတစ်ဦးအား ရဲကင်း စောင့်တပ်ကြပ်မှ မုဒိမ်းပြုကျင့်ခဲ့သည်ဟု စွပ်စွဲမှုပြောဆိုမှုမှာ မဟုတ်မှန်ကြောင်း ပလက်ဝမြို့ရဲစခန်း ကငြင်းဆိုထားသည်။ ပလက်ဝမြို့ရဲစခန်းရှိ အချုပ်ခန်းတွင် အချုပ်ကျနေသူ အမျိုးသမီးမှာ ရဲတပ်ကြပ်တစ်ဦးမှ နိုဝင်ဘာလ (၂၈) နေ့ မနက်ပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု လူမှုကွန်ယက်ပေါ်တွင်ပြန့်နှံ့လာခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ ရဲစခန်းမှူး ဒု-ရဲမှူးဝင်းလွင်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် မဟုတ်မမှန်သည့်အပြင် ဆေးစစ်ချက် အရလည်းကောင်း မဖြစ်ခဲ့ကြောင်း ပြောဆိုသည်။ “ ကျနော်ကစခန်းမှူးဆိုတော့ မနက် (၈) နာရီတန်းစီတဲ့အချိန်မှာလည်း စစ်ဆေးရတယ်လေ ကျနော်တို့ဖက်က ဘာမှကို မဖြစ်ခဲ့တာ နောက်ကျမှ မီဒီယာမှာ ကောက်တင်လိုက်တော့ ဒီမှာကအင်တာနက်မရဘူး အင်တာနက်ရတဲ့သူငယ်ချင်း တွေကလှမ်းမေးတဲ့အခါကျမှ သိတာ၊ ကျနော်တို့ဆီမှာ ကိုဗစ်ကူးစက်သူနဲ့ ထိတွေ့နေသူရဲ့ အစ်ကိုတစ်ယောက် အရက်သောက်တတ်ပြီး နည်းနည်းကြောင်တတ်နေသူ သီးသန့် Quarantine ထားတဲ့သူတစ်ယောက်ရှိတယ် ကျနော်ကလည်း ဆရာဝန်ပြောတဲ့အတိုင်းထိတွေ့လို့မရဘူး အရက်တိုက်လို့လည်းမရဘူး အဲဒီကနေစတာ သူကမြင်တယ်ပေါ့ တကယ်တမ်းတော့မဟုတ်ဘူး ဒီအမျိုးသမီးစိတ်ကအရမ်းဖောက်တဲ့သူတော့မဟုတ်ဘူး စိတ်မငြိမ်တာပေါ့ မနေ့က ကျနော်တို့ဒီအမျိုးသမီးကို ဆရာဝန်ဆီမှာစစ်ဆေးခိုင်းတယ် ကာမဆက်ဆံခံရလားပေါ့ စစ်တော့ဗျာ အမျိုးသမီးက ဓမ္မတာလာနေတယ် ၂၇ ရက်နေ့ကနေစပြီးတော့ ၃၀ ထိပေါ့ သွေးထွက်တာ သွေးကျတဲ့အချိန်ပေါ့ ဆရာဝန်တောင်စိတ်ညစ်သွားတယ် အဲလိုဖြစ်နေတာ ဆေးစစ်ချက်အရတော့ ဘာမှမဟုတ်ဘူး” ဟု ပလက်ဝမြို့ရဲစခန်းမှူးဝင်းလွင်ကပြောသည်။ အဆိုပါအမျိူးသမီးသည် ပလက်ဝမြို့နယ် အောက်ဘလိုင်ကျေးရွာနေ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ၂၀၂၀ သြဂုတ်လ (၇) ရက်နေ့ကစိတ်ဖောက်ပြန်ပြီး သူ၏ ကလေးနှစ်ကိုသတ်ဖြတ်မှုဖြင့် တရားစွဲဆိုရန် ပလက်ဝမြို့ရဲစခန်းသို့ထိန်းသိမ်းခံထားရသူဖြစ်သည်ဟု…
#Unicode ချင်းပြည်နယ် ထန်တလန်မြို့နယ် NLD ပါတီအောင်နိုင်ရေးအတွက် အလှူငွေထည့်ဝင်ကြသည့် ကုမ္ပဏီများအား ပညာရေးဉီးစီးဌာန၏ တင်ဒါလုပ်ငန်းအတွက် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဌ၏လက်မှတ်ဖြင့် ထောက်ခံပေးထားသည့်သဘောသက်ရောက်သော အစီရင်ခံစာရွက်ပေါက်ကြားခဲ့ပြီးနောက် အဆိုပါကိစ္စအား ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးပြီး ဗဟိုသို့တင်ပြထားကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွေကပြောသည်။ “အဲဒီကိစ္စက စည်းကမ်းထိန်းသိမ်းရေးက စစ်ဆေးပြီးတော့ စစ်ဆေးချက်ကို ဗဟိုကို တင်ပြထားပြီးပြီ၊ ဗဟိုက ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာတော့ မသိရသေးဘူး၊ ဒီကိစ္စက တစ်ကယ်တမ်းဆိုရင် မလုပ်သင့် မလုပ်ထိုက် မဖြစ်သင့်တဲ့လုပ်ရပ်ပါ။ အဲဒါကြောင့် ပါတီစည်းကမ်းထိန်းသိမ်းရေးကနေ စစ်ဆေးပြီးတော့ ဗဟိုကနေ လိုအပ်သလို အရေးယူရင်လည်းယူမယ်ပေါ့” ဟု ဦးဇိုဘွေမှပြောသည်။ လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သည့် ယင်းအစီရင်ခံစာရွက်တွင် ပညာရေးဉီးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက်လျှောက်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင် မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများမြင့်တက်ခဲ့သည်။ ထန်တလန်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ လုံးဝမလုပ်သင့်သည့်ကိစ္စဖြစ်ပြီး ပါတီဗဟိုကလည်း ရွေးကောက်ပွဲမတိုင်မီကတည်းက ညွှန်ကြားချက်များလည်းထုတ်ပြန်ခဲ့ကြောင်း ချင်းပြည်နယ် NLD အောင်နိုင်ရေးကော်မတီဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။ ဆလိုင်း အိုက်ဇက်ခင်က “ပြောရရင်တော့ အရမ်းစိတ်ဆိုးတယ်။ စိတ်မကောင်းလည်းဖြစ်တယ်။ ဒီဟာက မလုပ်သင့်တဲ့ကိစ္စဘဲ။ ပါတီဗဟိုကရော ကျွန်တော်ကိုယ်တိုင် အောင်နိုင်ရေးနဲ့ပါတ်သတ်ပြီးတော့ မြို့နယ်တိုင်းကို အကြိမ်ကြိမ်ပြောထားပြီးသားဖြစ်တယ်။ ညွှန်ကြားချက်လည်း ထွက်ထားပြီးသားဖြစ်တယ်။ အဲဒါမလုပ်ရဘူးဆိုတာကိုပေါ့။ ပါတီကိုဝန်းရံကြတဲ့ လူတွေကတော့ လှူကြဒါန်းကြတာရှိမှာပါဘဲ။ ကျနော်တို့ NLD မှာက လှူဒါန်းတဲ့အခါမှာ အနှောင်အဖွဲ့ပါနိုင်သည့် မည်သည့်ရံပုံငွေမျိုးမဆို လက်ခံခြင်းမပြုရဘူးလို့ ညွှန်ကြားထားပြီးဖြစ်တယ်။ လှူချင်လှူ၊ ဒါပေမယ့် အကျိုးအမြတ်မျှော်လို့မရဘူး”…
#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆလိုင်းအောင်စိုးသည် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ ဖမ်းဆီးခံရသည်မှာ နိုဝင်ဘာလ၂၉ ရက်နေ့က ၄ လ ပြည့်ခဲ့ပြီဖြစ်ကာ မိသားစုဝင်များအနေဖြင့် အလွန်စိုးရိမ်ပူပန်နေကြပြီး အမြန်းဆုံးပြန်လွတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ကတောင်းဆိုလိုက်သည်။ KACC ပြောရေးဆိုခွင့်ရှိသူ မနန်းဝေက “ကျမတို့ ၂၉ ရက်နေ့တုန်းက ၄ လပြည့်သွားတာပေါ့နော်အချိန်အရမ်းကြာပြီ စစ်ဖက်နဲ့ မသက်ဆိုင်တဲ့ သာမာန်အရပ်သားအပြစ်မဲ့ပြည်သူဖြစ်တဲ့အတွက် အမြန်းဆုံးပြန်လွတ်ပေးဖို့ တော်တော်လေး အချိန်တန်နေပြီဖြစ်တဲ့အပြင် မိသားစုဝင်တွေလည်း အရမ်းစိတ်ပူနေပြီးဖြစ်တဲ့အတွက် AA အနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေးစေချင်တယ်” ဟုပြောသည်။ ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သော ဇူလို်င်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကျန် (၃) ဦးမှာလွတ်မြောက်လာပြီးဖြစ်သော်လည်းဆလိုင်းအောင်စိုး မှာမှု ယနေ့အချိန်ထိလွတ်မြောက်လာခြင်း မရှိသေးခြင်း ဖြစ်သည်။ ဆလိုင်းအောင်စိုး၏ ကျန်းမာရေးအခြေအနေများသိရှိနိုင်ရန်အတွက် ဖခင်နှင့် ညီဖြစ်သူမှာ လွန်ခဲ့သော (၄) ရက်ခန့်တွင်သွားရောက်စုံစမ်းခဲ့သော်လည်း လမ်းတစ်ဝက်ထိသာသွားခွင့်ရခဲ့ကြောင်း ယောက်ဖတော်စပ်သူ ကိုရမ်းနှင်းကပြောသည်။ “သူ့အဖေနှင့်ညီတစ်ယောက်နဲ့သွားပြီးတော့ လမ်းတစ်ဝက်ထိပဲသွားတယ်၊ သွားစုံစမ်းကြည့်တော့ အဲ့နေရာကို ကိုယ်တိုင်သွားလို့မရဘူး ဖမ်းထားတဲ့နေရာက ဘယ်နေရာလဲဆိုတာမသိဘူး၊ အရင်က ဖမ်းထားခဲ့တဲ့နေရာ အဲ့ရွာအထိကို နယ်ကဥက္ကဌတွေက မသွားခိုင်းဘူး၊ AA ကမလာနဲ့လို့ ပြောထားတာလားမသိဘူး၊ သွားလို့လည်းမရဘူး၊ စကားကိုတော့ လူကနေတဆင့်ဆင့်ပြန်ပြောခိုင်းတာပေါ့ တိကျမှန်ကန်တဲ့သတင်းကမရသေးဘူး၊ တခြားဘာမှထူးခြားတာမျိုးမရှိသေးဘူး။ အရင်ကလည်း ကျန်းကျန်းမာမာနဲ့နေပါတယ်၊ ပြန်လွတ်လာပါတယ်လို့ပြောတာလည်းခါတိုင်းလည်းကြားနေရတော့ သိပ်လည်းမယုံနိုင်တော့ဘူး၊ တခုခုများဖြစ်နေပြီလားသူ့အသက်တောင်ရှိသေးရဲ့လား…
#Unicode နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင်ကွာရန်တင်းဝင်နေသူ(၃)ဦးထံတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိ သောကြောင့် စုစုပေါင်းကိုဗစ်လူနာ(၈)ဦးထိရှိသွားပြီဖြစ်ကြောင်း ပလက်ဝမြို့နယ်၊ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာ စိုးသက်ဝင်းကပြောသည်။ “သူတို့က ရခိုင်ပြည်နယ်ဖက်ကပြန်လာတယ်ဆိုတော့ ကွာရန်တင်းထားလိုက်တာ (၃) ရက်မြောက်နေ့ မှာ ညွှန်ကြားတဲ့အတိုင်းစစ်လိုက်တာမနေ့က (၂၉) ရက်နေ့မှာတွေ့တာပါ။ ပလက်ဝမှာကစုစုပေါင်း (၈) ယောက်ရှိသွားပြီ၊နိုဝင်ဘာ (၁၉) ရက်နေ့ကတွေ့တဲ့ကိုဗစ်လူနာ (၄) ယောက်ကတော့ဒီနေ့ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီခုဆေးရုံမှာ (၄) ယောက်ပဲကျန်တာပေါ့ ” ဟု ဒေါက်တာ စိုးသက်ဝင်းကပြောသည်။ အဆိုပါပိုးတွေ့လူနာအသစ် (၃) ဦးမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဓနိတောင်ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး နိုဝင်ဘာ (၂၆) ရက်နေ့တွင်လည်း ကျောက်တော်ဖက်မှ ဝင်လာသောသူ တစ်ဦးထံတွင်လည်း ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သည်ဟုသိရသည်။ ပလက်ဝမြို့တွင် ပိုးတွေ့လူနာများနှင့်ကွာရန်တင်းဝင်သူများသည် မိမိနေရပ်ကိုပြန်လာသူများဖြစ်ကြပြီး အများစုမှာရခိုင်ပြည်နယ်၊ ကျောက် တော်၊ စစ်တွေမြို့နှင့် ရန်ကုန်မြို့မှပြန်လာသူများ ဖြစ်ကြသည်ဟု သိရသည်။ ပလက်ဝမြို့နယ်ပြည်သူ့ဆေးရုံ၏ နိုက်တင်ဂေးလ်ခန်းမအဆောင်တွင်ကုသမှုခံယူနေကြသောကိုဗစ်အ တည်ပြုလူနာ (၄) ဦးသည် ကျန်းမာရေးကောင်းမွန်သောကြောင့်ယနေ့မနက်ပိုင်းအချိန်တွင်ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပလက်ဝမြို့နယ်၊ကျန်းမာရေးဦးစီးဌာနမှဒေါက်တာစိုးသက်ဝင်းထံ တွင်သိရှိရသည်။ ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုတိုးများလာသောကြောင့် ကွာရန်တင်းစင်တာများနှင့်ကွာရန်တင်း ဝင်နေသူများအတွက်နေထိုင်၊ စားသောက်ရေးအပိုင်းတွင်အခက်အခဲရှိလာနိုင်သည့်အပြင်ပြည်သူများအနေဖြင့်ကျန်းမာရေးဌာနမှထုတ်ပြန်ချက်များကိုလိုက်နာရန်နှင့်မည်သည့်ဒေသမှပြန်လာသည်ဖြစ် စေကျန်းမာရေးဌာနကိုသတင်းပေးပို့ကြရန်လိုအပ်သည်ဟု ဆက်ပြောသည်။ လက်ရှိပလက်ဝမြို့ပြည်သူ့ဆေးရုံတွင်ကိုဗစ်ပိုးတွေ့လူနာ (၄) ဦးသည် ဆေးကုသမှုခံယူနေပြီး ကွာရန်တင်းဝင်နေသူ (၃၇) ဦးရှိသည်ဟု သိရသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလုံကြရသည့် ပလက်ဝ မြို့ပေါ်တွင် ယခုကဲ့သို့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတိုးလာနေသည့်အတွက် ကိုဗစ်ကာကွယ်ရေးအသုံးအဆောင် လိုအပ်ချ က်မြင့်မားနေသောစစ်ဘေးရှောင်ပြည်သူများအတွင်း ကိုဗစ်ပိုးကူးစက်လာမည်ကို စိုးရိမ်နေကြရကြောင်း သိရသည်။…
#Unicode By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းကို အစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဟုဆိုသော်လည်း အင်တာနက်လိုင်းမှာ 2G အဆင့်သာရှိ၍ အသုံးပြုမရသောကြောင့် အင်တာနက် 4G ပြန်လည်ဖွင့်ပေး ရန် ပလက်ဝဒေသခံများကလိုလားနေကြသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်များကို အဓိကအသုံးပြုနေကြပြီး ယခုလက်ရှိတွင် အင်တာနက် 2G ကွန်ယက်အဆင့်သာရှိသည့်အတွက် အင်တာနက်ကိုအသုံး၍ အလုပ်လုပ်ရသည့် လုပ်ငန်းမှန်သမျှ အခက်အခဲနှင့်ရင်ဆိုင်နေကြရသည်ဟု ပလက်ဝမြို့ချင်းအမျိုးသမီးအဖွဲ့မှ ဆရာမအောင်မဖြူ ကပြောသည်။ “2G ပဲရတယ် အဲဒါတောင်မှ ညသန်းခေါင်မှာပဲသုံးလို့ရတယ် ရတဲ့လူတွေတောင်မှလေ ဘာမှလုပ်လို့မရလို့ အကုန်လုံး အခက်အခဲဖြစ်တယ် စာပို့ဖို့၊ သတင်းတွေပို့ဖို့ဆိုလည်းမရဘူး ဘာမှလုပ်လို့မရဘူး အင်တာနက်နဲ့ ပတ်သက်တဲ့ဟာ အခက်အခဲဖြစ်နေတယ် ဘာမှမရတော့ဘူး နောက်ပြီးတော့ သတင်းတွေလည်းမသိတော့ဘူး ကိုဗစ်နိုင်တင်းဖြစ်နေတယ် ဒါပေမဲ့ ကိုဗစ်သတင်းတွေလည်းဘာမှမကြားရဘူး အင်တာနက်မရတော့ ကျမတို့ဖွင့် စေချင်ပါတယ် 4G ပေ့ါနော် 2G ကအဆင်မပြေဘူး ဖွင့်ပေးစေချင်ပါတယ်” ဟု ဆရာမအောင်မဖြူကပြောသည်။ ယခုကဲ့သို့ အင်တာနက်လိုင်းအဆင်မပြေသည့်အတွက် ပလက်ဝမြို့တွင် အင်တာနက်အသုံးပြု၍ ပြည်တွင်းငွေလွှဲငွေထုတ် Wave money လည်းအသုံးပြုမရသလို ပလက်ဝမြို့ပေါ်ရှိ CB ဘဏ်ခွဲမှာလည်း ရပ်နားထားရပြီး မြန်မာ့စီးပွားဘဏ်သာ အသုံးပြုနိုင်သည်ဟု သိရသည်။ အစိုးရအနေဖြင့် ပလက်ဝမြို့တွင် အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးမှုသည် ဟန်ပြသဘောလောက်သာဖြစ်ပြီး အမှန်တကယ်အသုံးပြု၍မရသောကြောင့် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများလည်း အချိန်ကြန့်ကြာစေသည်ဟု ပလက်ဝမြို့ဒေသခံ အစိုးရဝန်ထမ်းတစ်ဦးကပြောသည်။ “ သဘောတရားလောက်ပဲ ဖွင့်ပေးတာပဲရှိတယ် အင်တာနက်လိုင်းရလားဆိုတော့မရဘူး ကျနော်တို့ ကိုယ်တိုင်က သုံးလို့မှမရတာ၊ အင်တာနက်နဲ့လုပ်ရတဲ့လုပ်ငန်းတွေကဘာမှအဆင်မပြေဘူး လုပ်လို့ရတာလည်းဘာမှမရှိဘူး ဒီအင်တာနက်ကြောင့် အလုပ်တွေကနှောင့်နှေးကုန်တယ် စာတိုက်နဲ့ပို့ရတော့…
#Unicode Benezer – ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ချင်းလူမျိုး စစ်ဘေးရှောင် ဒုက္ခသည်အများစုနေထိုင်သည့် ဒုက္ခသည်စခန်းများတွင် အလှူရှင်ရှားပါးလာမှုကြောင့် အခက်အခဲရှိလာကြောင်း ဒုက္ခသည်များအား ကူညီပေးနေသည့် ချင်းလူသားချင်း ကူညီထောက်ထားရေးအသင်း (Chin Humanitarian Assistance Team- Rakhine State)မှ ဆလိုင်းဇော်မင်းထွန်းထံမှ သိရသည်။ “အခုကတချို့တွေက အခက်အခဲကတော့ရှိတာပေါ့ ၊အကူအညီက ဒီ ၁ လ ၂ လအတွင်း ရွေးကောက်ပွဲမတိုုုင်ခင်ပေါ့ ၊အကူအညီမရတာရှိတယ်။ အဲဒီနောက်ပိုင်းကြတော့ ဒီရွေးကောက်ပွဲ ပြီးတော့ချင်းအဖွဲ့အစည်း CNO က ထောက်ပံ့ ထားတာရှိတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ ကပေးရင် မျှမျှတတနဲ့ ရကြတယ်ပေါ့ အကုန်လုံးက။ အဲလိုမျိုးမျှမျှ တတမရတာက ခုဆို ၃ လလောက်တောင်ရှိပြီ၊ အခုလည်း CNOပေးတယ်ဆိုတာကလည်း သက်ကြီးရွယ်အို အသက်(၆၀)အထက်နဲ့ မိခင်နို့တိုက် ကလေးအရွယ်ပေါ့ သူတို့ပဲရတယ် အကုန်လုံးမရဘူး”ဟု ဆလိုင်းဇော်မင်းထွန်းမှ ပြောသည်။ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအား လတ်တလောတွင် ကိုဗစ်နှင့်ပါတ်သတ်၍ လှူဒါန်းငွေအချို့နှင့် သက်ကြီးရွယ်အို၊ ကလေးငယ်များအားထောက်ပံ့မှုအချို့ရှိသော်လည်း စစ်ဘေးရှောင်များအားလုံး ထောက်ပံ့မှုမရှိသဖြင့် လုံလောက်မှု မရှိကြောင်း ဆလိုင်းဇော်မင်းထွန်းကဆက်ပြောသည်။ အစိုးရအနေဖြင့် အမ်းစစ်ဘေးရှောင်များအတွက် သုံးလစာ စားသောက်စာရိတ် ကျပ်သိန်း ၁၅၀၀ ထုတ်ပေးထားသော် လည်း ပထမလဖြစ်သည့် သြဂုတ်လအတွက်သာ ရရှိခဲ့ပြီး နောက်နှစ်လအတွက် ရရှိခဲ့ခြင်းမရှိခြင်းကြောင်း သိရသည်။ ဆလိုင်းဇော်မင်းထွန်းက “အစိုးရအနေနဲ့က ၇ လပိုင်းမှာ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး လာတော့ တစ်အိမ်ကို ဆန်တစ်အိတ်စီပေးတယ်၊ ၈ လပိုင်းကျတော့ ၃လစာအတွက် သိန်း…
#Unicode By လားနွန် – စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလုံကြသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦး တွေ့ရှိပြီးနောက်ပိုင်း ကိုဗစ်ကာကွယ်ရေးအသုံးဆောင်များ အခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေကြသည်။ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့ ဥက္ကဌ ဦးဇာနီက “ပလက်ဝမြို့မှာ ကိုဗစ်ပိုးတွေပြီဆိုတော့ စိုးရိမ်ရတာပေါ့ တိုက်ပွဲရှောင်တွေကိုတော့ အတတ်နိုင်ဆုံး အပြင်မထွက်ကြဖို့ မလိုအပ်ရင်အပြင်သိပ်မထွက်ခိုင်းဘူး၊ လက်ဆေးရည် (Hand Gel) တို့ဆိုတာက ဟိုးတခေါက်တိုက်ပွဲရှောင်တွေကို တစ်အိမ်ကို တစ်ဗူးနှုန်းပေးနိုင်တာရှိတယ် အခုနောက်ပိုင်း မပေးနိုင်တော့ဘူး Mask (နှာခေါင်းစည်း) တွေလည်းပဲ တစ်ချိူ့တွေကမဝယ်နိုင်ဘူး နည်းနည်းပါးပါးတော့ရှိတယ် ရောင်းတာတွေ တစ်ခါသုံးတွေ၊ အဲဒါလည်းလည်း တိုက်ပွဲရှောင်တွေမှာ ဝင်ငွေကမရှိတော့ အဲဒါလည်း မဝယ်နိုင်ကြဘူးလေ’’ ဟု ပြောသည်။ ပလက်ဝမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်မြင့်မားနေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် ပလက်ဝမြို့အဝင်၊အထွက်တွင်စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်ပိုးတွေ့ရှိသောဒေသများမှ ဝင်ရောက်လာ သူမည်သူမဆို ကျန်းမာရေးဌာနမှထုတ်ပြန်ချက်နှင့် အထောက်အထားများမပါရှိသည့်သူများကိုလည်း ကွာရန်တင်းထားရှိ ရန် မြို့နယ်ကွာရန်တင်း ကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ထားကြောင်း သိရသည်။ ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးခန့်ရှိသည်။ အလားတူ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ခန့်ရှိသည့် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင်လည်း ကိုဗစ်ရောဂါပိုးကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေ သည့် People Hope အဖွဲ့ဒါရိုက်တာ…
