Author: Editor

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရောက်ရှိနေသော အိန္ဒိယအထက်လွှတ်တော်အမတ် Lok sabha MP Pu C. Lalrosanga က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို အမြန်ဆုံး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုခဲ့သည်။ Pu C.Lalrosanga သည် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Union Home Secretary (Border Management) Sanjeeva Kumar နှင့် Additional Home Secretary (North East) Piyush Goyal တို့ကို တွေ့ဆုံးခဲ့ပြီး ယခုလို မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း Zonet သတင်းတွင် ဖော်ပြသည်။ Pu C.Lalrosanga က လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြခဲ့ပြီးနောက် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့ မှုများဆောင်ရွက်ပေးရန်နှင့် ငွေကြေးအပြင် ဆေးဝါးများနှင့် အခြားလိုအပ်ချက်များ အကူအညီရရှိနိုင်သမျှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ တွင် CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြား ယနေ့နံနက်ပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်များ ပျက်စီးမှုတွေရှိနေသည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။ “၇ နာရီနောက်ပိုင်းကဖြစ်တာ အခုထိပစ်နေတုန်း၊ လူတွေလဲ အိမ်ထဲကအိမ်ပြင်ကို မထွက်ရဲကြဘူး၊ အိမ်တွေတော့ လက်နက်ကြီးတွေ ထိမှန်တာရှိတယ်၊ ဘဏ်နား၊ လျှပ်စစ်ရုံး၊ ဆေးရုံဖက်တို့မှာ၊ လူတွေတော့ လောလောဆယ်ထိ ထိခိုက်တာမရှိဘူး။ အခုကတော့ လူငယ်တွေ ပစ်တဲ့ပုံစံတော့မဟုတ်ပါဘူး၊ တပ်က ရမ်းသမ်းပစ်တဲ့ပုံစံပဲ” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။ ကန်ပက်လက်မြို့ပေါ်တွင် ယနေ့ နံနက် ၇ နာရီနောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၈ လုံးမှာ မြို့တွင်း (၃) နေရာတွင်ကျရောက်ခဲ့ပြီး လူနေအိမ်တွေကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့အကြားတွင် ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးတွေ အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက် ပြည်သူ့ဆေးရုံအနီးက Mytel Tower တိုင်တစ်တိုင်ကို စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တီးတိန်မြို့နယ်တွင် ၅ ရက်အတွင်း Mytel Tower တိုင် ၄ တိုင်မြောက် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ “မနေ့ညကဟာနဲ့ဆိုရင် ၄ တိုင်မြောက်ပေါ့ ဖျက်ဆီးတာ နေ့တိုင်းနီးပါးဖျက်ဆီးတယ် နေရာကတော့ မြို့မရပ်ကွက် ပြည်သူ့ဆေးရုံနားမှာ” ဟု တီးတိန်မြို့ဒေသခံတစ်ဦး ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကစ၍ တီးတိန်မြ်ို့နယ်အတွင်းရှိ Mytel Tower တိုင်များကို PDF-Zoland တပ်ဖွဲ့က ဖေါက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရပြီး တီးတိန်မြို့အဝင်၊ ကနေဒီတောင်ခြေနှင့် ခိုင်ကမ်းမြို့အနီး စသည့် ၃ နေရာတွင် Mytel Tower တိုင်များကို ဖေါက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။ တီးတိန်မြို့နယ်တွင် Mytel tower ဖျက်ဆီးခံရခြင်းကြောင့် Mytel အင်တာနက်လိုင်း အသုံးပြု၍မရတော့ကြောင်းသိရပြီး ဖုန်းလိုင်းမှာမူ ပြောဆို၍ရသေးကြောင်း သိရသည်။

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် ဆောမြို့အကြား စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Kanpetlet မှ ထုတ်ပြန်ထားသည်။ “မနေ့က ဆောနဲ့ ကန်ပက်လက်ကြားမှာ ဆောကနေတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကန်ပက်လက်ဖက်ကနေ ကျွန်တော်တို့က ဖြတ်တိုက်တဲ့သဘောပါပဲ၊ စစ်ကောင်စီဖက်က ၁၀ ဦးထက်မနည်း ကျတာပေါ့၊ ဒီနေ့မှာတော့ ကျွန်တော်တို့ကို မြေပြင်အခြေအနေကို တိုက်ပွဲလက်တွေ့ဝင်နေတဲ့ ကျွန်တော်တို့စီကို သတင်းမပို့သေးဘူး၊ ထိတွေ့မှုတွေရှိတယ်လို့ပြောတယ်၊ အထိအခိုက်တွေ ဘယ်လိုဖြစ်တယ်ဆိုတာတွေကို မသိရသေးဘူး” ဟု CDF-Kanpetlet မှ ပြောရေးဆိုခွင့်ရှိသူက တစ်ဦးကပြောသည်။ CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲတွင် စစ်ကောင်စီဖက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပြီး ပစ်ခတ်မှုတွေရှိခဲ့သော်လည်း CDF-Kanpetlet ဘက်မှ အထိအခိုက်မရှိကြောင်းလည်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်လည်း CDF-Kanpetlet နှင့် စစ်ကောင်စီ ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦး သေဆုံးမှုရှိခဲ့သည်ဟု သိရပြီး ယနေ့ မနက်ပိုင်းတွင်လည်း ကန်ပက်လက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေကို လတ်တလော မသိရှိရသေးပေ။

Read More

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့် Lungler ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CNA/CDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း တဖက်အိမ်နီးချင်း မီဇိုရမ်ပြည်နယ် ဘက်သို့ ထွက်ပြေးတိမ်ရှောင်းလာသူ စစ်ဘေးရှောင်ဦးရေ တစ်ရက်ပြီးတစ်ရက်တိုးလာနေပြီး လူဦးရေ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှာင်များမှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Champhai ခရိုင်၊ Hnahthial ခရိုင်နှင့် Lawngtlai ခရိုင်တို့တွင် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။ မီဇိုရမ်အစိုးရနှင့်ဒေသခံပြည်သူများက အစိုးရကျောင်း၊ ခန်းမများတွင်းထားရှိကာ လိုအပ်သော စားနပ်ရိက္ခာ၊ အဝတ်အစား၊ စောင်၊ ကျန်းမာရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြပြီး စစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ကိုးစက်ခံရသူ မရှိသေးကြောင်း The Aizawl Post တွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဝင်ရောက်လာမှု တစ်ရက်ပြီးတစ်ရက် တိုးများလာသည့်အတွက် လူဦးရေ အတိအကျ မသိရှိနိုင်သော်လည်း Hnahthial ခရိုင်တွင် အများဆုံးဖြစ်ပြီး စစ်ဘေးရှောင် ၁၅၀၀ ကျော် ဝင်ရောက်နေပြီဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်နေ့အထိ ရရှိထားသည့်စာရင်းအရ Hnahthial ခရိုင် Thingsai ကျေးရွာတွင် (၅၀၄)၊ Cherhlun ကျေးရွာတွင် (၁၀၅)၊ Ngharchhip ကျေးရွာတွင် (၁၀၃)၊ Ngharchhip ရွာသစ်တွင် (၃၀၀)၊ Khawhri ကျေးရွာတွင် (၈၀)၊ Tarpho ကျေးရွာတွင် (၈၀)၊ Chawngtui ကျေးရွာတွင် (၂၀)…

Read More

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားကာ သေဆုံးမှုရှိလာသောကြောင့် မတူပီတမြို့လုံးကို စက်တင်ဘာ ၁၃ ရက်နေ့ကစ၍ ရက်အကန့်အသတ်မရှိ Lockdown ချထားသည်ဟု သိရသည်။ “အခုမတူပီတော့ အကုန်လုံးကို ဒီနေ့ကစပြီး Lockdown ချထားတယ်၊ ကိုဗစ်ပိုးတွေ့များတဲ့အပြင် တယောက်လဲသေလို့ ရက်ကန့်သတ်တော့မရှိဘူး၊ ကိုဗစ်အခြေအနေက နည်းနည်းဆိုးနေတာ။ မနက်စျေးလည်းမရောင်းရဘူး။ ပြီးတော့ ဘယ်မှလည်းမသွားရဘူးဆိုပြီး၊ ဒီနေ့ ၁၄-၁၆ ရက်အထိ ကိုဗစ်ပိုးစစ်ဆေးပေးမှာ” ဟု မတူူပီဒေသခံ တစ်ဦးက ပြောသည်။ မတူပီမြို့ပေါ် ခလရ (၁၄၀) တပ်ရင်းတွင် တပ်သားတစ်ဦးနှှင့် ဇနီးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး ဇနီးဖြစ်သူမှာ စက်တင်ဘာ လ ၁၂ ရက်နေ့ကသေဆုံးသွားသည့်အတွက် တမြို့လုံးအား ရက်အကန့်အသတ်မရှိ Lockdown ချလိုက်ခြင်းဖြစ်သည်။ မတူပီမြို့တွင် စစ်ကောင်စီတပ် ခလရ(၁၄၀)၊ ခလရ (၃၀၄) နှင့် စစ်ဗျူဟာတပ်တို့ရှိပြီး တပ်တွင်းကိုဗစ်ကူးစက်မှုပြန့်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။ မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများရှိလာသောကြောင့် မတူပီခရစ်ယာန်ဂိုဏ်ပေါင်းစုံမှဦးဆောင်ပြီး ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ပိုးရှိ၊မရှိ အ.ထ.က (၂) ကျောင်းနှင့် ပြည်သူ့ဆေးရုံတို့ တွင်လက်ခံစစ်ဆေးပေးနေပြီး ယနေ့တွင် စန်ဘောင်ရပ်ကွက်၊ ၁၅-၁၆ ရက်နေ့တွင် အနောက်ခိုဘွေ၊ လောင်ပန်းနှင့် ငလားရပ်ကွက်တို့တွင် ထပ်မံ စစ်ဆေးပေးသွား မည်ကြောင်းလည်း မတူပီဒေသခံများထံမှ သိရသည်။ မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၁ ဦးရှိခဲ့ပြီး ဆေးရုံမှဆင်းသွားသူ ၂ ဦးနှင့် ယမန်နေ့က တစ်ဦးသေဆုံးခဲ့သည်။ လက်ရှိတွင် ၈ ဦးကုသမှုခံယူလျှက်ရှိကာ ယခုပိုးတွေ့ ကိုဗစ်လူနာအများစုမှာ တင်ဒါကိစ္စဖြင့် ဟားခါးမြို့သို့…

Read More

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့သော အလှူငွေများကို ပလက်ဝမြို့နယ် ခရစ်ယာန်အမှုတော် ဆောင်ပါစတာများက စက်တင်ဘာလ ၁၁ ရက်နေ့က လက်ခံရရှိခဲ့သော်လည်း ၎င်းတို့ လက်ခံရရှိခဲ့သော ငွေကြေးများကို ပလက်ဝမြို့နယ်အတွင်း ဒေသလိုအပ်ချက်များအတွက် အသုံးပြုရန် ပြန်လည်လှူဒါန်းလိုက်ကြသည်ဟု သိရသည်။ “သူတို့ပေးတာက စာရင်းလဲမမှန်ပါဘူး၊ လက်ရှိ မြို့ပေါ်မှာရှိတဲ့ သင်းအုပ်ဆရာရှိတဲ့ စာရင်းအားလုံးတော့မဟုတ်ဘူး ဒါပေမယ့် အရင်က ရှိပြီးသားစာရင်းလားမသိဘူး။ ၃၀၀ ဝန်းကျင်လောက်ပဲပေးတယ်။ ကျွန်တော်တို့ သင်းအုပ်ဆရာအားလုံးက ပရဟိတအဖွဲ့ကို အားလုံး ဒီနေ့ ကျွန်တော်တို့ ပြန်လှူလိုက်တယ်” ဟု ပလက်ဝမြို့နယ် ခရစ်ယာန်အမှုတော် ဆောင်ပါစတာတစ်ဦးက ပြောသည်။ ပလက်ဝမြို့နယ်တွင် ခရစ်ယာန်အမှုတော်ဆောင် (၅၀၀) ဝန်းကျင်ရှိသည်ဟု သိရပြီး လက်ရှိ စစ်ကောင်စီက ခရစ်ယာ န်အမှုတော်ဆောင် (၃၁၀) အတွက် တစ်ဦးလျှင် ကျပ် ၁၈၀၀၀ နှူန်းဖြင့် ထောက်ပံ့လှူဒါန်းပေးသော ငွေကျပ် ၅၅၈၀၀၀၀ ကို ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် လိုအပ်သော မီးစက်တစ်လုံးနှင့် ဒီဇယ်ဝယ်ရန် (၁၀ သိန်း)၊ Oxygen Plant ဖြစ်မြောက်ရေးအတွက် (၁၀ သိန်း) နှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက် ကျပ် ၃၃၆၄၀၀၀ နှင့် ၂၁၆၀၀၀ ကျပ်တန်ဖိုးရှိ (ဆန်၊ဆီ၊ ဆား၊ ပဲ) တို့ကို ပြန်လည်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များကလည်း စစ်ကောင်စီက ထောက်ပံ့လှူဒါန်းသော ကျပ် (၃၉၆၀၀၀၀) ကို မင်းတပ်ပရဟိတမိတ်ဆွေအဖွဲ့ထံကို သာရေးနာရေးနှင့် လူမှုရေးကိစ္စအဝဝတို့တွင် အသုံးပြုရန်အတွက် တဆင့်…

Read More

အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့တွင် ချင်းလူမျိုး ၂၆ ဦးကို နိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုနှင့် စက်တင်ဘာ လ ၁၂ ရက်နေ့က အဖမ်းခံရသည်ဟု သိရသည်။ ၎င်းတို့ကို Guwahati မြို့ Rehabari ရပ်ကွက် Muana Run တည်းခိုခန်းတွင် အာသံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျမ်းစာကျောင်းတက်ရောက်ရန် နယူးဒေလီမြို့သို့ သွားရောက်ကြသူများဖြစ်ကြကြောင်း ထွက်ဆိုထားကြသည်ဟု သိရသည်။ အဖမ်းခံရသူများထဲတွင် အမျိူးသမီး ၁၀ ယောက်ပါဝင်ကြောင်းသိရသည်။ နယူးဒေလီအခြေစိုက် CHRO တာဝန်ခံ Salai Cung Dawt က “အားလုံး ၂၆ ယောက်ဖြစ်တယ်။ အားလုံး ချင်းပြည်နယ်ဖ က်ကဖြစ်တယ်။ ဖမ်းတယ်ဆိုတဲ့သတင်းကို ကြားကြားချင်းဘဲ လူတစ်ယောက်ကို စုံစမ်းခိုင်းထားတယ်။ အခုသူတို့က ရဲစခန်းမှာထားထားတယ်။ သူတို့နဲ့လည်း စကား ပြောဖြစ်တယ်။ အဓိကတော့ Document အတု၊ fake ID ကိုင်ဆော င်လာတာကြောင့် ဖမ်းတာဖြစ်တယ်။” ဟု ပြောသည်။ အဆိုပါ ချင်းလူမျိုး ၂၆ ဦးတို့သည် ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေး လာကြသူများဖြစ်ကြသည်ဟု Salai Cung Dawt ကပြောသည်။ “သူတို့ပြောတာက ပြည်တွင်းနိုင်ငံရေးအခြေအနေမကောင်းလို့ နယူးဒေလီကိုသွားတာဖြစ်တယ်။ ဒါပေမယ့် အဖမ်းခံ ရတော့ ဒီဘက်နိုင်ငံရေးအခြေအနေကိုလည်း မသိတဲ့အခါ refugee တွေပါလို့ပြောရင် ဖမ်းပြီးထောင်ချမှာကြောက် လို့ ကျမ်းစာကျောင်းတက်မဲ့သူတွေပါဆိုပြီး ရဲကိုဝန်ခံထားကြတယ်။ အဲဒီကိစ္စကို ရဲကို သေသေချာချာ ရှင်းပြဖို့တော့ လိုတာပေါ့။ လက်ရှိအခြေအနေမှာတော့ သူတို့လွတ်နိုင်အောင်…

Read More

စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြန်လပ်မှုမကြုံစေရပဲ အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပံပိုးပေးသွားမည်ဟု မီဇိုရမ်ပြည်နယ် ကျန်းမာရေးဝန်ကြီး Dr. R Lalthangliana ကပြောသည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့် Lungler ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CAN/CDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် Lungler ကျေးရွာနှင့် အနီးနားကျေးရွာမှ ဒေသခံပြည်သူများသည် တဖက် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်ရှောင်းနေကြရသည်။ အဆိုပါတိုက်ပွဲကြောင့် ချင်းပြည်သူ စစ်ဘေးရှောင် ၁၀၀၀ ကျော် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာပြီး မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Cherhlun ကျေးရွာတွင် (80), New Ngarchhip ကျေးရွာတွင် (250), Old Ngarchhip ကျေးရွာတွင် (60), Thingsai ကျေးရွာတွင် (700) နှင့် Bualpui ‘H’ ကျေးရွာတွင် (108) ဦး စသဖြင့် အသီးသီးပြန့်နှံ့နေထိုင်ကြသည်။ မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများကို Hnahthial မြို့နယ် လွှတ်တော်အမတ် လက်ရှိ မီဇိုရမ်ပြည်နယ် ကျန်းမာရေးဝန်းကြီး Dr.R.Lalthangliana က ချက်ချင်းကူညီဆောင်မှုပြုလုပ်ခဲ့သည်။ Dr.R.Lalthangliana က “ကျနော့်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်​တွေအတွက် စိတ်မ​ကောင်းဖြစ်ရပါတယ်၊ ဘယ်သူမှစားနပ်ရိက္ခာပြတ်လတ်မှုခံမှာမဟုတ်ဘူး၊ လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမယ်။” လို့ ပြောသည်။ Hnahthial ခရိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန် (ကားနှစ်စီးစာ)၊ ပဲ…

Read More

ချင်းပြည်နယ် တီးတိန်မြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်က မြို့မရဲစခန်းရှေ့တင် ဆိုင်ကယ်ဖြင့် ဖြတ်သွားသူများအား ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။ “ရဲစခန်းရှေ့က လမ်းကိုသွားတော့ ရဲက သူ့ကိုရပ်ဖို့တားတယ်၊ ရဲစခန်းဖက်က ရပ်ပြီး စစ်ဆေးခံဖို့နဲ့ မရပ်ရင်ပစ်မယ်လို့ ပြောတာ သူကမရပ်တော့ ရဲစခန်းဖက်ကနေပစ်သတ်တာပေါ့ မနေ့ကတော့ သူ့အလောင်းကို ရွာကိုပြန်သယ်ကြတယ်၊ ၂ ယောက်က ဒဏ်ရာရတယ်၊ မိန်းကလေးက သူ့ရဲဲ့ပေါင်မှာ တချက် ယောကျင်္ာလေးက ဘယ်ဖက်ခြေထောက်မှာ ၂ ချက်ဒဏ်ရာရတယ်” ဟု တီး တိ်န်မြို့ဒေသခံတစ်ဦးက ပြောသည်။ ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ တီးတိန်မြို့နယ် ဂေါန်မွှောလ်(Gawngmual) ရွာသားဖြစ်သည်ဟု သိရ သည်။ တီးတိန်မြို့တွင် စက်တင်ဘာလ ၄ ရက်နေ့က မြို့မရဲစခန်းမှ နယ်ထိန်းဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် အပြင် ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျ ရဲတပ်သား ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းတွင် စစ်အာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်တိုက်ပွဲခေါ်သံကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ စတင်ကြေညာပြီးနောက်ပို််င်းတွင် ချင်းပြည်နယ်နှင့် အခြားမြို့ရွာများတွင်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွား လာကြောင်းလည်း သိရသည်။

Read More