Author: Editor

ကလေးမြို့နယ် တောင်ပိုင်းရှိ ကျောက်ဖူးရွာနှင့် ဒိုးနွယ်ရွာအကြားသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို PDF (Kalay) တပ်ဖွဲ့ဝင်များက ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ‌တပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရသွားကြောင်း PDF (Kalay) ကထုတ်ပြန်သည်။ ထို့အပြင် ကလေးမြို့အတွင်းရှိ ဒကစ တပ်အတွင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့များ ထိန်းချုပ်သိမ်းပိုက်‌နေရာယူထားသော ရုံးအဆောက်အဦးနေရာအများအပြားကို PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။ ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ ဒိုးနွယ်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့များက မွှေနှောက်ဖျက်စီးခြင်း၊ ကျေးရွာပြည်သူများ၏ ဆိုင်ကယ်၊ ကား၊ လှေ၊ အိမ်တွင်းရှိအဖိုးတန် ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ်များကို မီးရှိုးဖျက်စီးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ အဆိုပါကျေးရွာနေပြည်သူများအနေဖြင့် စစ်ကောင်စီ၏ရန်ပြုမှုဘေးမှ လွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရဆဲဖြစ်သည်။ PDF (Kalay) အနေဖြင့် ကလေးဒေသပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွ‌ယ်‌စောင့်ရှောက်ပေးနိုင်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့များအား အစွမ်းကုန် အရှိန်အဟုန်မြှင့် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်‌သောကြောင့် ကလေးဒေသပြည်သူများအနေဖြင့် ကြုံလာရမည့်အခြေအနေအရပ်ရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထုတ်ပြန်တဲ့ ပဋိပက္ခတွေအတွင်း ဘေးအန္တရာယ်အတွက် ပြည်သူလူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်များအတိုင်း ကြိုတင်ပြင်ဆင်ထားကြရန်၊ PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်လည်း PDF (Kalay) ယ​နေ့ညထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

Read More

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းတွင်တည်ရှိသော ရေရှင်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်း ၈ လောင်းကို ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့ က ဒေသခံများက သဂြိုလ်ခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။ “အလောင်းတွေက ပုတ်လို့နေပြီ အလောင်းတောင် ကောက်လို့မရတော့ဘူး၊ မနေ့က ၈ လောင်းကို သဂြိုလ်တာ ရွာထဲမှာပဲ အိမ်နားနီးချင်းတွေရဲ့ထင်းတွေကိုယူပြီး ရှို့ပြီး သဂြိုလ်ကြတာ ၃ ယောက်က ရေရှင်သားတွေ သူတို့ လည်ပင်းတွေကို ဓားနဲ့လှီးဖြတ်ထားကြတာ ၅ ယောက်ကျတော့ ဘယ်သူတွေလည်းမသိရဘူး” ဟု ရေရှင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သည့် ၃ ဦးမှာ ရေရှင်ကျေးရွာသာများဖြစ်ကြပြီး ကျန် ၅ ဦးမှာမူ အလောင်းပုတ်ပွနေပြီဖြစ်သည့်အတွက် မည်သူမည်ဝါမသိရှိနိုင်ကြောင်း PDF-Kalay တပ်ဖွဲ့ဝင်များလည်း ဟုတ်/မဟုတ်မသိရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။ ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရှင်ကျေးရွာကို ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ၇ လုံး မီးလောင်ပြာကျသွားသည့်အပြင် နေအိမ်အချိူ့မှာလည်း ဖောက်ထွင်းခံရပြီး ကားတွေပါ မီးလောင်ပျက်စီးခဲ့သည်ဟုသိရ သည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ရေရှင်ကျေးရွာအပါအဝင် မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကျေးရွာများအား ဝင်ရောက်စီးနင်မှုကြောင့် PDF- Kalay ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်လည်း စက်တင်ဘာလ ၃ ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦးသေဆုံးကာ PDF-Kalay ဘက်မှလည်း ၃ ဦးခန့် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြသည်ဟု…

Read More

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများအား အလှူငွေေထာက်ပံ့ပေးမှုကို လက်မခံဘဲ ဟားခါးနှင့် ဖလမ်းမြို့နယ်မှ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများက ၎င်းတို့လက်ခံရရှိခဲ့သော ငွေကြေးများကို အသီးသီး ပြန်လည်အပ်နှံခဲ့ကြသည်ဟု စုံစမ်းသိရှိသည်။ အာဏာသိမ်းစစ်ကော်စီမှ ဖွဲ့စည်းထားသည့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့သည် ကိုဗစ်ကာလကူညီထောက်ပံ့ရေးဟုဆိုကာ ဖလမ်းမြို့နယ်အတွင်းရှိ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများအား စက်တင်ဘာလ ၅ ရက်နေ့က တစ်ဦးလျှင် ကျပ်ငွေ ၁၈၀၀၀ နှုန်းဖြင့် ကူညီထောက်ပံ့ကာ ချင်းလူမျိူးအသိုင်းအဝန်းနှင့် လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် ယနေ့စက်တင်ဘာလ ၆ ရက်နေ့တွင် ၎င်းတို့လက်ခံရရှိခဲ့သည့် အလှူငွေများကို စစ်ကောင်စီထံ ပြန်လည်အပ်နှံခဲ့ကြခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဖလမ်းမြို့နယ်မှ အလှူငွေလက်ခံရရှိပြီး ပြန်လည်အပ်နှံခဲ့သည့် ခရစ်ယာန်အမှုတော်ဆောင် ပါစတာတစ်ဦးက “သူတို့ပြောတာကတော့ ကိုဗစ်ကြောင့် ခက်ခဲနေရတယ်ဆိုတော့ ထောက်ပံ့တာလို့ပြောပါတယ်၊ ကျနော်က ကျနော့်အသင်းတော်အမှုတော်ဆောင် ၁၇ ယောက်စာအတွက် ထုတ်ခဲ့တာလေ၊ အဲဒီ ၁၇ ယောက်စာကို ဒီနေ့ ပြန်အပ်လိုက်တယ်၊ ကျနော်တို့ အသင်းသူအသင်းသားတွေကလည်း အဲဒါ ယူလို့မကောင်းပါဘူးဆိုပြီး ပြောတယ်၊ အသင်းသူအသင်းသားတွေရဲ့ မျက်နှာကိုကြည့်ပြီး ကျနော်တို့ ပြန်အပ်လိုက်တာပါ” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။ ဖလမ်းမြို့နယ်တွင် စစ်ကောင်စီမှထောက်ပံ့သော အလှူငွေများလက်ခံရရှိသည့် ခရစ်ယာန်အမှုတော်ဆောင် အရေအတွက် မည်မျှရှိသည်ကို အတိအကျမသိရဘဲ ၎င်းတို့လက်ခံရရှိသော အလှူငွေများကိုလည်း အားလုံး ပြန်အပ်နှံခြင်းရှိ/မရှိကိုလည်း မသိရကြောင်း အဆိုပါ ပါစတာကဆက်ပြောသည်။ အလားတူ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တော်တွင်လည်း စက်တင်ဘာလ ၃ ရက်နေ့က ခရစ်ယာန်အမှုတော်ဆောင် အယောက် ၂၆၁ ဦးထံ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဦးလျှင်ကျပ်ငွေ…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကူအညီလိုအပ်နေသည့် အိမ်ထောင်စုပေါင်း ၈၀ ကို Latsinu နှင့် ညီမများအဖွဲ့မှ အစားအသောက်နှင့် ဆေးဝါးကုသမှုအတွက် ငွေသား ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ Latsinu နှင့် ညီမများအဖွဲ့အနေဖြင့် ဟားခါးမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၂၀၀၀ ကို ရှေ့ပြေးစစ်တမ်းကောက်ယူကာ ယင်းအနက် အိမ်ထောင်စုပေါင်း ၈၀ ကို အုပ်စု ၃ စုခွဲ ထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အိမ်ထောင်စု ၈၀ ကို တခါတည်းနဲ့ အုပ်စု ၃ ခုခွဲပြီးတော့ ပံပိုးပေးတာဖြစ်တယ်။ အခုလဲ မနက်ဖြန် ဆေးဝယ်ဖိို့နဲ့ ဒီနေ့ကိုလဲ ဆေးဝယ်ဖို့လိုအပ်တဲ့ ကင်ဆာသမားတွေလဲရှိတယ်၊ အထူးသဖြင့် ကလေးတွေ စားနပ်ရိက္ခာအတွက် ကျမတို့ စစ်ကောင်စီရဲ့ခွင့်ပြုချက်နှင့် လမ်းခရီးပေါက်တဲ့အထိ စောင့်မယ်ဆိုရင်တော့ တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားဖြစ်တဲ့အတွက် အရေးပေါ်အနေနဲ့ ဦးစားပေးပြီး အမျိုးသမီးအဖွဲ့အနေနဲ့ ပေါင်းပြီးတော့ ပေးရတာပါ” ဟု ပြောသည်။ အဆိုပါ ကူညီထောက်ပံ့မှုများကို ပလက်ဝမြို့နယ်မှ ထန်တလန်သို့ ပြောင်းရွှေ့လာကြသော ထိုမှတဆင့်မှ ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိလာကြသည့် စစ်ဘေးရှောင်အိမ်ထောင်စုများနှင့် နာမကျန်း သက်ကြီးရွယ်အို မသန်စွမ်းကလေးငယ်များပါဝင်သည့် အိမ်ထောင်စုများက လက်ခံရရှိကြသည်ဟု သိရသည်။ Latsinu နှင့် ညီမများအဖွဲ့မှ ယခင်က ပလက်ဝနှင့် ဆမီးစစ်ဘေးရှောင်တို့ကိုလည်း ၆ လတိုင် ထောက်ပံ့မှုများ ပေးသည့်အပြင် ယခုတွင်လည်း အထူးလိုအပ်သူများကို ဆေးဝါးနှင့် အစားအသောက်များအတွက် ပုံမှန် ၁ လလျှင် တစ်ကြိမ်မှ ၂ ကြိမ် ထောက်ပံမှုများပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း…

Read More

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရဲစခန်းက နယ်ထိန်း ဒု-ရဲအုပ် စက်တင်ဘာလ ၄ ရက်ေန့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသွားကြောင်း တီးတိန်မြို့ဒေသခံများထံမှ သိရသည်။ “စနေနေ့ကပေါ့ တီးတိန်ကြိုဆိုပါ၏ ကားနဲ့သွားပြီးတော့မှ ဓာတ်ဆီသွားဖြည့်တယ်ထင်တယ် အဲဒီအပြန်မှာ အပစ်ခံရတယ် ဒဏ်ရာရပြီးတော့ စခန်းထိတော့ရောက်တယ် အဲဒီကနေ မနေ့က ကလေးမြို့ပို့ဖို့ အဲဒီကြိုဆိုပါ၏ မရောက်ခင်မှာ ဆုံးသွားတယ်လို့သိရတယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဒု-ရဲအုပ်သန်းလင်းဦးဟုသိရပြီး ကျည်ဆံ ၃ ချက်ထိမှန်ကာ သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။ ဒု-ရဲအုပ်အား သေနတ်ဖြင့် ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကိုမူ မသိရသေးပေ။ တီးတိန်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်ကလည်း မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးတာဝန်ကျသည့် ရဲတပ်သား ၃ ဦးကို အမည်မသိလက်နက်ကိုင်သူများက သေနတ်ဖြင့်ပစ်ခတ်သေဆုံးခဲ့သည်။ ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ညက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Read More

ချင်းအမျိုးသားတပ်ဦး၏ ပြောခွင့်ရသူ ပူးထက်နီနှင့် အင်တာဗျူး မေး – လက်ရှိချင်းပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မြို့နယ်အသီးသီးမှာရှိကြပါတယ်၊ အဲဒီ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ကြပါတယ်၊ မြို့နယ်အသီးသီးက အဲဒီအဖွဲ့အစည်းတွေကို CNF အနေဖြင့် သင်တန်းပေးတာတွေရှိတယ်၊ ဆိုတော့ သူတို့နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နေလဲ၊ အဲဒီအခြေအနေဘယ်လိုရှိလဲ၊ ပြောပြပေးလို့ရလား။ ဖြေ – ဟုတ် ကျနော်တို့ PDF နဲ့ CDF ဆိုပြီး အဓိက, ကတော့ ဒီ မင်းအောင်လှိုင်က အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ လူငယ်တွေ တနည်းအားဖြင့် Generation Z လို့ခေါ်တာပေါ့၊ လက်နက်ကိုင်တယ်၊ ကျနော်တို့ တိုင်းရင်းသားတွေက ကျနော်တို့ CNF ပဲမဟုတ်ဘူး၊ အရှေ့ဖက်ရော မြောက်ဖက်ရော အနောက်ပိုင်းရော တောင်ပိုင်းရော အဲဒီလို ငါတို့လက်နက်နဲ့တွန်းလှန်ဖို့ တော်လှန်မယ်ဆိုပြီးတော့ ဖြစ်လာတယ်။ သူတို့တွေကို ကျနော်တို့က စုပြီးတော့ ပြည်တွင်းမှာလည်း သူတို့အဖမ်းခံရနိင်တယ် တစ်ပိုင်း၊ အဲဒီလို သူတို့လာပြီးတော့မှ ပြည်မဖက်ကလာတဲ့ လူငယ်တွေက အဓိက အများအားဖြင့် PDF ကျနော်တို့ ချင်းမှာဆိုရင် CDF ဆိုတော့ အခုကတော့ CDF ချင်းဆိုပြီးတော့ chinland ဆိုပြီးတော့ ဖြစ်တယ်။ CNDF ဆိုပြီးတော့လည်း ဖြစ်တယ်။ ဒါပေမဲ့ သူတို့လေးတွေအားလုံးက နိုင်ငံရေးရည်မှန်းချက်၊ ပန်းတိုင် အားလုံးအတူတူပါပဲ။ နောက်သူတို့က စစ်အာဏာရှင်ဖြုတ်ချရင် သူတို့က ကျောင်းပြန်တက်မယ်။ ကိုယ်အလုပ်ကိုယ်ပြန်လုပ်မယ်။ အဲဒီအချက်မှာ အတူတူပဲ။ စစ်အာဏာရှင်ဖြုတ်ချဖို့ အခုနပြောတဲ့ဟာတွေက အားလုံးအတူတူပါပဲဖြစ်တယ်။ နာမည်ဘယ်လိုပဲ ကွဲမယ်ကွဲမယ် သူတို့က ပြီးတော့…

Read More

ကလေးမြို့တောင်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီမှ ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး PDF (kalay) နှင့် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။ စကစ တပ်ဖွဲ့ဝင်များက ယမန်နေ့ ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များအားမွှေနှောက်ဖျက်စီးမီးရှို့ခဲ့ကြကာ လယ်ခြားရွာ ဘက်သို့ ယနေ့ဆက်လက်ဦးတည်လာရာ နံနက် ၉ နာရီခန့်မှစတင်ပြီး နေ့လည် ၁၁ နာရီအချိန်ခန့်ထိ လယ်ခြားရွာအနီး၌ PDF (Kalay) တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသည်။ မြေပြင်သတင်းအရ ယမန်နေ့မှစ၍ ယနေ့ နေ့လည်အချိန်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦး သေဆုံးပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၃ ဦး လက်နက်ကြီးအစအန ထိမှန် ဒဏ်ရာရထား‌ကြောင်းသိရသည်။ PDF (kalay) မှ တာဝန်ရှိသူတစ်ဦးက ” အခုကဆုတ်နေကျတာ ကာပစ်ရင်နဲ့နေတာပေါ့နော် ဖြည်းဖြည်းခြင်းတော့ဆုတ်နေကြတာ သူတို့ အင်အားမမျှတာပေါ့နော် အင်အားကတအားများတယ် စစ်ကြောင်းကနှစ်ကြောင်းခွဲထားတာပေါ့နော်၊ ရွာသူရွာသားတွေ ဒီဘက်လွတ်တဲ့နေရာမှာရှောင်ကြတယ် PDF တပ်ဖွဲ့တွေကလည်း အကုန်လုံးကူညီကြတယ် လူကြီးတွေလည်းရွေ့ပေးနေတယ် အခုသူတို့ရှိသေးတယ် ဒီဘက်လယ်ခြားတို့တွေမှာလည်းရှိသေးတယ် သူတို့ဘက်ကလည်း (၈) ယောက်ကျထားတယ် နောက်ဆုံးကျတော်တို့ သတင်းရတာကတော့ လယ်ခြားကိုဝင်နေပြီလို့ကြားတယ် သူတို့ကတိုးနေတုန်း အင်အား (၂၀၀) ကျော်တယ် (၃၀၀) နီးပါးလောက်တော့ဖြစ်မယ် နှစ်ကြောင်းခွဲလာတယ် တင်သားဘက်ကတစ်ကြောင်း ရေရှင်ဘက်ကတစ်ကြောင်း အဲလိုမျိုးခွဲလာတာ” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကာ လယ်ခြား၊ ကုက္ကိုလ်နှင့် ရှားတော ကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ကျေးရွာပြည်သူတို့၏ နေအိမ်များကို မွှေနှောက်ဖျက်စီးလျက်ရှိ‌သည်။…

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရေရှင်ကျေးရွာတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာတွင်းရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PDF (Kalay) ၏ ထုတ်ပြန်ချက်အရ သိရသည်။ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားများစွာဖြင့် ရေရှင်ကျေးရွာဖက်ကို ဦးတည်လာပြီး PDF (Kalay) တပ်ဖွဲ့ဝင်များက ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ရာမှ ညနေပိုင်း ၇ နာရီအချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေရှင်ကျေးရွာကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များစွာ ပျက်စီးခဲ့သည့်အပြင် ယင်းနေ့ မနက်ပိုင်းတွင်လည်း ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်း၊ အင်းကျွန်းကျေးရွာကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့်လည်း အကြောင်းမဲ့ပစ်ခတ်ခြင်း၊ လူနေအိမ်များကိုလည်း ဝင်ရောက်ကာ မွှေနှောက်ဖျက်စီးမှုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် PDF (Kalay) ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားသော်လည်း မစိုးရိမ်ရကြောင်းသိရှိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်မှ သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ပါရန်နှင့် ဖြတ််သန်းသွားလာခြင်းကြောင့် PDF (Kalay) မှ တာဝန်ယူနိုင်မည်မကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီနှင့် CDF-Mindat တို့အကြား တကျော့ပြန်တိုက်ပွဲ ဖြစ်လာခဲ့ပြီးနောက် ယခုလိုသာ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်ပြည်သူများအပါအဝင် ဒေသခံရွာသားများလည်း ဆေးဝါးနှင့် စားနပ်ရိက္ခာအခက်အခဲ ပိုကြုံတွေ့လာနိုင်မည်ဟု သိရသည်။ “တချို့လည်း တော်တော်များများခက်ခဲတာတော့ရှိတယ် ဒါပေမယ့် ကျွန်တော်တို့လဲ တော်တော်များများကိုလည်း ပေးတာရှိသလို ဘာသာရေးအဖွဲ့စည်းကလည်း ပေးတာနည်းနည်းပါးပါးရှိတယ်၊ တအားကြီး မခက်ခဲသေးပေမယ့် ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ နောက် တစ်လ နှစ်လလောက်ဆိုရင် တော်တော်လေးကို စားဝတ်နေရေးကအစ အစားအသောက်တွေ အခက်အခဲဖြစ်လာနိုင်တယ်၊ အဓိက ဆေးဝါးရယ်၊ အစားအသောက်ရယ် ခက်ခဲလာနိုင်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီဝင်တစ်ဦးက ပြောသည်။ မင်းတပ်မြို့နယ်အတွင်းရှိ ရိက္ခာသယ်ယူသော လမ်းကြောင်းကို အာဏာသိမ်းစစ်ကောင်စီ၏ တင်းကြပ်မှုနှင့် ဖမ်းဆီးစစ်ဆေးမှုများရှိနေသောကြာင့် စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာများ ပြတ်လပ်လာမည့်အခြေအနေ ကြုံတွေ့လာရခြင်းဖြစ်သည်။ မင်းတပ်မြို့အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမှုမရှိသော်လည်း မင်းတပ်မြို့နယ်နှင့် ကျေးရွာဖက်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲရှောင်ပြည်သူများကို လက်ခံထားသော ကျေးရွာဒေသခံများကိုယ်တိုင်လည်း စစ်ဘေးသင့်အခြေအနေ ကြုံနေရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များ၊ ဘုရားကျောင်းများတွင် ဝင်ရောက်ပြီး ပစ္စည်းများကို မွှေနှောက်ရှာဖွေ ဖျက်ဆီးခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ “စစ်ဘေးရှောင်တွေကို လက်ခံတဲ့ ရွာကိုယ်နှိုက်ကိုက စကစတွေလာရင် ပြေးကြတယ်၊ အိမ်တွေ၊ အစားအသောက်တွေ အရင်တခေါက်ကလည်း ဖျက်ဆီးခံရတယ်။ အခုတခေါက်လည်း ဝမ္မတူးမှာဆိုရင် တော်တော်လေးကို အိမ်တိုင်း ရှိသမျှပစ္စည်းတွေ၊ ဆန်တွေရော အကုန်ဖျက်ဆီးတာ၊ အခုက ရွာသားတွေကိုယ်နှိုက်ကိုက စစ်ဘေးသင့်နေကြတယ်၊ အခုက မြို့မှာမဟုတ်တော့ပဲနဲ့ ရွာဖက်တွေမှာပဲ စစ်ဖြစ်နေကြတာဆိုတော့”…

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ အဓိက ရိက္ခာသယ်ယူရာလမ်းကြောနှစ်ခု ပိတ်ဆိုမှုကြောင့် ဆမီးမြို့ပေါ် ရိက္ခာပြတ်လပ်လုနီးပါး ရှိနေပြီဖြစ်ကြောင်း ဆမီးမြို့ ဒေသခံတစ်ဦးမှ သိရသည်။ ပလက်ဝမြို့နယ် ဆမီးမြို့ရိက္ခာသယ်ယူသည့် လမ်းကြောင်း (၂) ခုရှိပြီး တစ်ခုမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်-စစ်တွေ လမ်းကြောင်းဖြစ်ကာ ကိုဗစ်ကူးစက်မှုကြောင့် သွားလာခွင့်ပိတ်ထားကြောင်း နောက်တစ်ခုမှာ မတူပီ-မင်းတပ်-ပခုက္ကူလမ်းကြောင်းဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပိတ်ဆို့ထားသည်။ “အခုက ဆိုင်တွေကလည်း ထမင်းဆိုင်မှာ စားလို့မရတော့ဘူး ဆန်တွေလည်းဝယ်လို့မရတော့ဘူး အဲလိုမျိုးတွေရှိတယ် အဓိကတော့ ဒီလမ်းပန်းဆက်သွယ်ရေးပါပဲ လမ်းပန်းဆက်သွယ်ရေးပိတ်တယ် ပိတ်ပြီဆိုတာနဲ့ လူတွေက စားနပ်ရိက္ခာက ပြတ်လပ်တော့မယ်ဆိုတာသိတော့ အလုအယက်ဝယ်ကြတယ် တစ်ရက်နှစ်ရက်အတွင်းမှာကို လုံးဝပြတ်သွားတာ ဆိုင်မှာကပြတ်သွားတော့တာ အခုက စားသုံးကုန်ရော အသုံးအဆောင်ပစ္စည်းတွေတောင် အကုန်လုံးကတော့ ခက်ခဲတာပါပဲ လမ်းကြောင်းကမရှိတော့မို့လို့” ဆမီးမြို့ဒေသခံတစ်ဦးက ပြောသည်။ ဆမီးမြို့ပေါ် ရိက္ခာသယ်ယူရန် လမ်းကြောင်းအသွား/အလာပိတ်ဆို့မှုမှာ သြဂုတ်လဆန်းပိုင်းမှစတင်ခဲ့ပြီး ရိက္ခာအလုအယက် ဝယ်ယူလာကြသည်မှာ သြဂုတ်လကုန်ပိုင်းမှ စတင်သည်ဟု သိရသည်။ ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်တွင် ဆန်တစ်အိတ်လျှင် လေးသောင်းမှအထက် ရှစ်သောင်းထိ စျေးနှုန်းသုံးခုရှိသည်ဟု ဒေသခံများမှ သိရသည်။ လက်ရှိအချိန်တွင် ဆမီးမြို့ပြည်သူများ ရိက္ခာပြန်လည်သယ်ယူနိုင်ရန် အာဏာသိမ်းစစ်ကောင်စီများထံ ခွင့်ပြုချက်တောင်းပြီး ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှ သယ်ယူနိုင်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။ ပလက်ဝမြို့နယ် ဆမီးမြို့သည် လူဦးရေအားဖြင့် ၅ သောင်းဝန်းကျင်ရှိပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ ၅ ထောင်ခန့်ရှိသည့်မြို့ဖြစ်သည်။

Read More