ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ကျေးရွာ Lungler တပ်စခန်းကို ချင်းအမျိူးသားတပ်မတော် CNA/CDF ပူးပေါင်းတပ်က စက်တင်ဘာလ ၁၁ ရက်ညက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးသည်ဟု CDF- Thantlang က ယနေ့ထုတ်ပြန်သည်။ CNA/CDF ပူးပေါင်းတပ်ဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့က Lungler ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို အင်အား ၂၀၀ ကျော်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်အသုံးပြုကာ ဝေဟင်မှပစ်ခတ်ခဲ့သော ကြောင့် ဆုတ်ခွါခဲ့ကြသည်ဟု သိရသည်။ ထို့ု့ာက် စက်တင်ဘာလ ၁၁ ရက်ည ၇ နာရီ ၄၅ မိနစ်တွင် CNA/CDF အင်အား ၄၀၀ ဝန်းကျင်ဖြင့် ပြန်လည်တိုက်ခိုက်ရဲ့ရာ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးကာ CNA/CDF ဘက်မှ အကျဆုံးမရှိဘဲ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအထိရှိခဲ့သည်ဟု CDF-Thantlang ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ CNA/CDF အနေဖြင့် Lungler တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းစည်းပြီးနောက် စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။
Author: Editor
By Ro Sang (ဂ)#ဂျပန်ခေတ် ချင်းလက်နက်ကိုင်တပ်များ (၁၉၄၂-၁၉၄၄) ဂျပန်ခေတ်ချင်းလက်နက်ကိုင်တပ်များတွင် အပိုင်းသုံးပိုင်းခွဲပါမည်။ ပထမတွင် ဗြိတိသျှလက်အောက်တွင် ဆက်လက်သစ္စာခံကြသော ချင်းတပ်များ၊ ပျောက်ကြားများ၊ အပျော်တမ်းစစ်သည်များဖြစ်သည်။ ဒုတိယမှာ ဂျပန်၊ ဗမာတပ်မတော်များနှင့်လက်တွဲကာ ဗြိတိသျှတို့ကိုတိုက်ထုတ်သောချင်းတပ်များ၊ စစ်သည်များဖြစ်သည်။ တတိယအုပ်စုမှာ ဂျပန်တို့ကိုပြန်လည်တော်လှန်သော ဒေသပျောက်ကြားများဖြစ်လေသည်။ ၁)#ဗြိတိသျှသစ္စာတော်ခံ ဂျပန်ခုခံရေးချင်းတပ်များ ဂျပန်များဝင်ရောက်လာသောအခါ ချင်းတောင် တန်းများမှ ခုခံစစ်များဆင်နွဲရလေသည်။ အထူးသဖြင့် Chin Levis များ၊ Chinwags များ၊ Chin Forces များ Chin Hill Batalion များက ကျူးကျော် ဝင်ရောက်လာသော ဂျပန်တို့အား ခုခံတိုက်ခိုက်လေသည်။ ယခင်ကတည်းကရှိနှင့်နေသော Chin Hill Battalion၊ ဗမာသေနတ် ကိုင်တပ်ရင်းမှ ချင်းလက်နက်ကိုင်စစ်သည်များ၊ ဒေသခံများနှင့်ဖွဲ့စည်းသော ပျောက်ကြား တပ်များတို့ဖြစ် လေသည်။ ချင်းလေဗီးတွင် Siyin Levies, Sukte Levies, Hakha Levies တို့ပါဝင်လေသည်။ ထိုအချိန်က ချင်းလေဗီးများ၊ ချင်းဝှက်များ၊ ချင်းဖိုစ့်များ၊ ချင်းတောင်တန်းတပ်ရင်းတို့အမည်များသည် BBC အသံလွှင့်ဌာနနှင့် All India Radio တို့တွင် ထင်ရှားလာလေသည်။ i-#ချင်းဝန်ထမ်းတပ်များ (Chin Levee Corps) ဂျပန်များချင်းတောင်သို့ဝင်ရောက်လာချိန်နှင့် အင်္ဂလိပ်များစတင်ဆုတ်ခွာချိန်တွင် ဂျပန်တို့၏ ထိုးစစ်များတုန့် ဆိုင်း သွားရန်အတွက် ချင်းတောင်တွင် ချင်းဝန်ထမ်းတပ်များ (Chin Levee Corps) အား ဖွဲ့စည်းကြလေသည်။ တီးတိန်နယ်တွင် ဦးဗွန်ခေါဟော၊ ဦးထောင်ကျင့်ထန်၊ ဦးအွန်ငင်း၊ ဦးတွမ်းကျင့်တို့မှာထင်ရှားလေသည်။ ဟားခါးနယ်တွင် ဦးဇာဟိုး၊…
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြို့တွင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ နေ့စဉ် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ထန်တလန်မြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။ “အခုလူဦးရေအရတော့ ကျွန်တော်တို့ဒေတာ အတိအကျတော့မရသေးဘူး၊ ဒေတာကောက်နေတုန်းပဲ အခုရထားသလောက်တော့ တစ်ထောင်ကျော်လောက်တော့ရှိပြီ၊ ဒါပေမယ့် ဒီထက်အများကြီး ရှိနိုင်ပါသေးတယ်၊ ဒီနေ့လည်း အဆက်မပြတ်စစ်ဘေးရှောင်တွေ သွားနေကြတုန်းဆိုတော့၊ အခုက ထန်တလန်မြို့ပေါ်က ထက်ဝက်လောက်ကတော့ အနီးအနားရွာတွေကို ပြေးကြကုန်ပြီ” ဟု ထန်တလန်မြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။ ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပို််င်းကစပြီး မြို့တွင်း တိုက်ပွဲဖြစ်ပွားလာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များ ကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် ယခုရက်ပိုင်းတွင်လည်းတိုက်ပွဲ ထပ်မံဖြစ်ပွားလာသောကြောင့် မြို့ပေါ်နေပြည်သူအများစုမှာ ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ ထန်တလန်မြို့ပေါ်ရှိ ပြည်သူများသည် ဘေးလွတ်ရာကျေးရွာများတွင် စစ်ဘေးရှောင်နေရသော်လည်း စစ်ဘေးလုံခြုံ စိတ်ချမှုမရှိသေးကြောင်းလည်း ထန်တလန်မြို့ပေါ်က စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဆက်ပြောသည်။ “အခုတော့ လုံခြုံမှုစိတ်ချမှုတော့မရသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီစစ်သားတွေက ဘယ်နားကနေ စစ်ကြောင်းဖွင့်မယ််ဆိုတာ ကျွန်တော်တို့မသိရသေးဘူး၊ အဲ့အတွက်ကြောင့် လုံခြုံတယ်လို့ပြောလို့မရသေးဘူး၊ အိန္ဒိယပြည် မဖြတ်သေးခင်အထိတော့ လုံခြုံတယ်လို့ပြောလို့မရသေးဘူး” ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ခံကပြောသည်။ လက်ရှိ ချင်းပြည်နယ် ထန်တလန်မြို့ပေါ် ပြည်သူများသည် ရိက္ခာအနည်းငယ်များဖြင့် တိမ်းရှောင်နေကြရပြီး ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းများ၊ ဆွေမျိုးများနှင့် ထန်တလန်မြို့ ရပ်ကွက်အလိုက်ပြုလုပ်ထားသော Camp များတွင် စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။ ယမန်နေ့တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Lungler ကျေးရွာတွင်…
ချင်းပြည်နယ် ထန်တလန်မြို့နယ် Lungler ကျေးရွာတွင် စက်တင်ဘာ ၁၀ ရက်နေ့က ချင်းအမျိုးသားတပ်မတော် CNA/CDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်လေယဉ်အသုံးပြုကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် Lungler ကျေးရွာ ရွာလုံးကျွတ်နီးပါး မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော Lungler ကျေးရွာနှင့် အခြားသောကျေးရွာမှ ပြည်သူလူထုများကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Cherhlun နှင့် Ngharchhip ကျေးရွာလူထုမှ ကြိုဆိုလက်ခံထားကြပြီး အစိုးရကျောင်းများတွင် ထားရှိနေကြရကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အရေးပေါ် စားဝတ်နေရေးအကူအညီ လိုအပ်ကြောင်း NGO United for Democratic Myanmar ဥက္ကဌ ပူးလောမ်မာက ယခုလိုပြောသည်။ “Cherhlun နှင့် Ngharchhip ကျေးရွာ ရပ်ကွက်လူကြီးနဲ့ဖုန်းပြောဖြစ်တယ်။ ရောက်လာတဲ့ စစ်ဘေးရှောင်လူဦးရေလည်း တိတိကျကျမသိရသေးဘူး။ အစိုးရကျောင်းတွေ ရပ်နားခိုင်းထားပြီး အစိုးရကျောင်းတွေမှာ ထားထားကြတယ်။ Cherhlun နှင့် Ngharchhip ကျေးရွာဆိုတာက ကျေးရွာငယ်ကလေးဖြစ်တော့ စားဝတ်နေရေးပိုင်းမှာ အတော်လေး အခက်အခဲတွေ့နေကြတယ်။” ဟု သူကပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Thingsai ကျေးရွာတွင်လည်း ရောက်ရှိလာမည့် မြန်မာစစ်ဘေးရှောင်များအတွက် ရည်ရွယ်ပြီး စစ်ဘေးရှောင်ယာယီစခန်းများလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးနှင့် ထှယ်လှော်ရွာအကြားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် စစ်ကောင်စီတပ်ဖွဲ့များ ယနေ့နံနက်ပိုင်းကစ၍ တိုက်ပွဲပြင်းထန်လျက်ရှိပြီး မော်တော်ယာဉ်များ ဂန့်ဂေါ်ဘက်သို့ မောင်းနှင်းခြင်းမပြုကြရန် PDF (Kalay) သတိပေးထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သုံးယာဉ်များအသုံးပြု၍ စစ်သားအင်အား ဖြည့်တင်းလျက်ရှိသည့်အတွက်ကြောင့် ကလေးမြို့ဘက်မှ မည်သည့် မော်တော်ကားအမျိုးအစားမဆို ဂန့်ဂေါဘက်သို့ မောင်းနှင်သွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန် ထပ်မံသတိပေးလိုက်သည်ဟု PDF (Kalay) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ သတိပေးသည့်ကြားမှ မောင်းနှင်သွားလာသော မည်သည့် မော်တော်ကားအမျိုးအစားကိုမဆို မိမိတို့တပ်ဖွဲ့ဝင်များက မလွဲမရှောင်သာ ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်သည်ဟုလည်း PDF (Kalay) သတိပေးထားသည်။
ကလေးမြို့နယ်တွင် စက်တင်ဘာလ ၈ ရက် နေ့ညက ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့သည့် နောက်ပိုင်း ကျေးရွာ ၅ ရွာမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ထားကြသည်ဟု သိရသည်။ ကလေးမြို့အနောက်မြောက်ပိုင်းကျေးရွာများဖြစ်သည့် ပျဉ်းတောဦး(Tuingo) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွေး ဇမ်ထန်း၊ အောင်ရွာကျေးရွာတာဝန်ခံဦးထင်လင်းမောင်၊ ချင်းစုကျေးရွာတာဝန်ခံ ဦးဗန်လာမွန်၊ မြစိမ်းကျေးရွာ တာဝန်ခံ ဦးဝုန်ရှန်းပေါင် နှင့် ဆင်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆွလိန်တို့သည် စက်တင်ဘာလ ၉ ရက်နေ့က ၎င်းတို့ရာထူးမှ နှုတ်ထွက်ခွင့်ပြုရန် ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။ “ ကလေးမြို့အနောက်မြောက်ဘက်က ချင်းလူမျိူးတွေနေထိုင်တဲ့ ကျေးရွာတာဝန်ခံအတော်များများကတော့ စစ်အာဏာ သိမ်းမှု ဖြစ်ပြီးနောက်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်လို့ သူတို့သဘောနဲ့နှုတ်ထွက်တဲ့သူတွေများတယ်၊ အခုနှုတ်ထွက်တဲ့ သူတွေကတော့ နှုတ်မထွက်ဘဲ ဆက်လုပ်နေတဲ့သူတွေဖြစ်တယ်၊ ဟိုတနေ့က အုပ်ချုပ်ရေးမှူး ၂ ဦးသတ်ခံရတော့ကြောက် ပြီး နှုတ်ထွက်စာချက်ချင်းတင်ကြတာ’’ ဟု ဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ညက ကလေးမြို့နယ် မော်စီ(Vutbuak) နှင့် ပျဉ်းခုံကြီးကျေးရွာ မှ အုပ်ချုပ်ရေးမှူးရေး ၂ ဦးသည် ၎င်းတို့နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ မော်စီနှင့် ပျဉ်းခုံကြီးကျေးရွာသည် ကလေးမြို့မှ ၄ မိုင်ခန့်ကွာဝေးပြီး တာဟန်း-လက်ပံချောင်းကားလမ်းမ ပေါ်တွင်တည်ရှိ ကာ ချင်းလူမျိူးများနေထိုင်ကြသည့်ကျေးရွာဖြစ်သည်။ ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးသတ်ဖြတ်မှုရှိလာသည့်အတွက် အုပ်ချုပ်ရေးမှူးရာထူးမှနှုတ်ထွက်သူပိုများလာဖွယ်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး မြန်မာနိုင်ငံ စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်န ယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာစစ်ဘေးရှောင်း ၉၄၃၄ ဦး ခိုလုံလျှက်ရှိကြောင်း မီဇိုရမ် ပြည်နယ် အစိုးရကပြော ဆိုလိုက်သည်။ အဆိုပါကိစ္စကို လက်ရှိမီဇိုရမ်ပြည်နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၈ ကြိ်မ်မြောက် လွတ်တော် အစည်းအဝေးတွင် အတိုက်ခံပါတီလွတ်တော်ကိုယ်စာလှယ်များ၏ မေးမြန်းချက်ကို လက်ရှိအစိုးရ MNF ပါတီ ပြည်ထဲရေးဝန်ကြီး Pu Lal chamliana က ယခုလို ဖြေကြားခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ “သြဂုတ်လ ၂၈ ရက်နေ့အထိ အစိုးရစာရင်းအရ စစ်ဘေးရှောင် ၁၀၂၂၉ ဦးရှိတယ်။ တချို့က နေရပ်ကိုပြန်သွားတဲ့သူ တွေရှိတယ်။ ဒါကြောင့် လက်ရှိစာရင်းအရတော့ စစ်ဘေးရှောင် ၉၄၃၄ ဦး ရှိတယ်” ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။ မြန်မာ စစ်ဘေးရှောင်များမှာ မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးတို့တွင် ပြန့်နှံ့နေထိုင်ကြပြီး မီဇိုရမ်အစိုးရ အနေဖြင့် စစ်ဘေးရှောင်ပြည်သူများကူညီဆောင်ရွက်ရာတွင် သိန်း ၃၀ ထုတ်ပေးခဲ့ပြီဖြစ်ကြောင်းလည်း မီဇိုရမ် ပြည်ထဲရေးဝန်ကြီးက ဆက်ပြောသည်။ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စစ်ဘေးရှောင်းအရေအတွက် ဘယ်လောက်ရှိကြောင်း မေးမြန်းချက် ကို Pu Lalchamliana က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကို သီးသန့်မှတ်သား ပြုစု ထားခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းကစပြီး National Unity Government…
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်က အမျိုးသမီး ၁ ဦးအပါအဝင် လူ ၄ ဦးကို စက်တင်ဘာလ ၈ ရက်နေ့ ည (၈) နာရီအချိန်တွင် ၎င်းတို့၏နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားအများအဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။ “ညက ဖမ်းဆီးတာတွေရှိတယ်၊ သူတို့ဖမ်းတဲ့သူတွေကိိုဆိုရင် လေတပ်ဖက်မှာပဲထားတာ” ဟု ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ဖမ်းဆီးခံရသူများမှာ ဦးအောင်ကိုလတ်၊ ဦးမင်းနီ၊ ဦးကျော်စိုးဦးနှင့် ဒေါ်ဆွေဆွေအောင်၏ ခင်ပွန်းဖြစ်သူ ဦးစိုးသိမ်းကို မတွေ့ရှိသောကြောင့် ဇနီးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရပြီး စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့ကို ရှမ်းနီအမျိုးသားတပ်မတော်များနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ဖမ်းဆီးခံရသည့်အထဲမှ ဦးအောင်ကိုလတ်နှင့် ဦးကျော်စိုးဦးတို့ကို ည (၁၀) နာရီခွဲဝန်းကျင်တွင် ပြန်လည်လွတ်ပေးခဲ့သော်လည်း ကျန် ၂ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီတွင် ဟုမ္မလင်းမြို့၊ ကုတင် (၁၀၀) ဆံ ပြည်သူ့ဆေးရုံမှ CDM ဓာတ်ခွဲခန်းဝန်ထမ်း ကိုအိုက်ဇော်ဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့က အိမ်စီးကားနှစ်စီးဖြင့် ၎င်း၏နေအိမ်တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားပြီး ၃ ရက်ခန့်အကြာမှ ပြန်လည်လွတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း ၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF တို့အကြား မြို့တွင်း ထပ်မံပစ်ခတ်ခြင်းရှိခဲ့ပြီး တိုက်ပွဲပြင်းထန်မှုရှိခဲ့သောကြောင့် လူနေအိမ် အဆောက်အအုံပျက်စီးမှုများ ရှိသည်ဟု သိရသည်။ “တိုက်ပွဲက တော်တော်လေး ပြင်းထန်တယ်။ အထိခိုက်ကတော့မသိရသေးဘူး၊ အိမ်တွေပျက်စီးတာတော့ရှိတယ်၊ ဘယ်နှစ်အိမ်လောက် ပျက်စီးလဲမသိရသေးဘူး သေနတ်သံတွေလဲ တော်တော်များတယ်၊ ဗုံးသံလည်း အရမ်းများတယ် အရင်ညက သူတို့တိုက်တာထက် ပိုပြီးတော့များ တယ် မနက် ၄နာရီလောက်ကလည်း သေနတ်သံ ၂ ချက် ၃ ချက်လောက် ပြန်ကြားတယ်။ ဖြစ်တာကလဲ ဟိုတနေ့ကဖြစ်တဲ့နေရာပတ်ဝန်းကျင်ပဲ” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါပသ်ခတ်မှုကြောင့် ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်များနှင့် မရာဘုရားကျောင်းအနီးအနားတွင် လက််နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ အဆောက်အအုံများပျက်စီးပြီး ဒဏ်ရာရ ထိခိုက်သူ ရှိ/မရှိကိုမှု မသိရှိရသေးပေ။ စက်တင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးမှုများရှိခဲ့ပြီး နေအိမ်အတွင်း ပုန်းခိုနေသော အမျိုးသားတစ်ဦးလည်း ပုခုံးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် စစ်တင်ဘာ ၇ ရက်နေ့က D-day ကြေညာခဲ့ပြီးနောက် ချင်းပြည်နယ် မြို့နယ်အသီးသီးတို့တွင် တိုက်ပွဲများတဖြေးဖြေးပြင်ထန်လာမည်ကို စိုးရိမ်ပူပန်ကြသောကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်း ရှောင်လာသူများ ရှိနေပြီ၊ ထွက်ပြေးတိမ်းရှောင်လာသူ ပိုများလာနိုင်ဖွယ်ရှိကြောင်း သိရသည်။ အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က မြန်မာနိုင်ငံတွင် စက်တင်ဘာ ၇ ရက်နေ့က D-day ကြေညာခဲ့ပြီးနောက် ချင်းပြည်နယ် ထန်တလန်မြို့နယ်က စစ်ဘေးရှောင် အယောက် ၃၀ ခန့် မီဇိုရမ်ပြည်နယ် Sangau ကျေးရွာအနီး Pang ကျေးရွာကို ဝင်ရောက်လာပြီး Pang ကျေးရွာလူထုများက ကူညီစောင့်ရှောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင် အယောက် ၃၀ တို့မှာ South Lungpher ကျေးရွာတွင် နေထိုင်ကြရန် South Lungpher ကျေးရွာကို ဆက်လက်ခရီးဆက်ခဲ့ကြသည်ဟု ဒေသတွင်းမီဒီယာများကဖော်ပြသည်။ စက်တင်ဘာ ၈ ရက်နေ့ကလည်း ထန်တလန်နယ်မှ စစ်ဘေးရှောင် အယောက် ၂၀ ကျော် မီဇိုရမ်ပြည်နယ် Sangau ကျေးရွာဘက်ကို ဝင်ရောက်လာကြောင်း သိရပြီး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင် လာသော စစ်ဘေးရှောင်းများ လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရသည်။
