၂ လကျော်အတွင်း ချင်းတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ကျော်ပြုလုပ် (006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့သည် ၂ လကျော်ကြာ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေရာ စစ်တပ်မှ ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးတချို့နှင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီ စစ်သုံ့ပန်းတချို့နှင့် ရန်သူ့အလောင်းများ ရရှိသည်ဟု CPU/ PUA ထံမှ သိရသည်။ စစ်တပ်၏ ထိုးစစ်ဆင်လာမှုကို မင်းတပ်၊ ကန်ပက်လက်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ ယနေ့ ဩဂုတ်လ ၁ ရက်မှာ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့သည် မေလလယ်မှ ဇူလိုင်လကုန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်က အကောင်းဆုံး ခုခံတိုက်လျက်ရှိကြောင်း၊ စစ်တပ်၏ ယာယီအခြေပြုနေရာများကိုလည်း တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲများအတွင်း စစ်တပ်မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးအချို့ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရသည်အထိ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက် နိုင်ခဲ့သည်ဟု CPU/ CPA ထံမှ သိရသည်။ အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများ၊ လက်နက်ခဲယမ်းမျိုးစုံနှင့်၊ ဒရုန်းများ၊ ဂျန်မာများ၊ စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိပြီး စစ်တပ်မှ စစ်သုံ့ပန်းတချို့ကိုပါ ဖမ်းဆီးရမိသည်ဟု CPU/ CPA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။…
Author: Editor
(006SV) အာဏာသိမ်းစစ်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းကာလအတွင်း ချင်းပြည် နယ်၊ ဖလမ်းမြို့နယ်အခြေစိုက် ချင်းတော်လှန် ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းအမျိုုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNO/ CND) တို့နှင့် စစ်အုပ်စုတို့အကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။ ယနေ့ ဇူလိုင်လ ၃၁ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတရာထူး ရယူပြီး ရက် ၁၀၀ ပြည့်အဖြစ် စစ်အုပ် စု၏ အတုအယောင် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာမှာ ယင်းသို့ ထည့်သွင်းပြောကြားလာခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးရဲ့ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရောက်ရှိနေသူတွေကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့နဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက် ဒီရက်ပေါင်း ၁၀၀ အတွင်းမှာ အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးတံခါးကို ထာဝရ ဖွင့်လှစ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့် လှစ်ထားရှိသည်ဆိုတဲ့ ခံယူချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO အားလုံးကို တွေ့ဆုံဆွေးနွေးဖို့ အမြဲဖိတ် ခေါ်နေပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေ အားလုံး မည်သည့်ကြိုတင်ကန့်သတ်ချက်ကိုမှ မထားဘဲ တွ့ဆုံဆွေးနွေးကြဖို့ EAO တွေကို ငြိမ်းချမ်းရေးအတွက် ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း ၁၃ ဖွဲ့ တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်” ဟု အသွင်းပြောင်း စစ်အစိုးရ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ အာဏာသိမ်းစစ်အုပ်စုနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေခဲ့သော ၁၃ ဖွဲ့ထဲတွင် NCA လက်မှတ်မထိုးရသေးသော…
(006SV) လာမည့် ၂၀၂၇ ခုနှစ်မှာ ချင်းအပါအဝင် နိုင်ငံတဝန်းတွင် လစ်လပ်သွားသော လွှတ်တော်ကိုယ်စားလှယ် နေရာများနှင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သော နေရာများအတွက် မြို့နယ်ပေါင်း ၁၀၀ ကျော်တွင် အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲကို ထပ်မံကျင်းပမည်ဟု သိရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတရာထူး ရယူပြီး ရက် ၁၀၀ ပြည့်အဖြစ် ယနေ့ ဇူလိုင်လ ၃၁ ရက်မှာ အတုအယောင် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ ကြားဖြတ်ရွေးကောက်ပွဲအကြောင်း ထည့်သွင်းအသိပေးလာခြင်းဖြစ်ပါသည်။ “အဖွဲ့တွေ ဖွဲ့စည်းရာမှာ လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာများနဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် မဲအများဆုံးယူ အနိုင်ယူစနစ် FPTP နဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရမယ့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၅ နယ်၊ တိုင်းသို့မဟုတ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၈ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၇၂ နယ်၊ မြို့နယ် ၁၀၂ မြို့နယ်တို့မှာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲများကို ၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်နိုင်ဖို့အတွက်လည်း မဲဆန္ဒရှင်စာရင်းတွေ ပြုစုခြင်း၊ မဲပေးစက်များ ဖြန့်ခွဲခြင်းအပါအဝင် အစရှိတဲ့ ရွေးကောက်ပွဲ အကြိုလုပ်ငန်းစဉ်တွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတယ်” ဟု စစ်တပ်အစိုးရ သမ္မတ မင်းအောင်လှိုင်က ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ် နှောင်းပိုင်း နှင့် ၂၀၂၆ ခုနှစ်ဆန်းပိုင်းက ၃ ကြိမ်ခွဲ၍…
(002MG) အိန္ဒိယ – မြန်မာနယ်စပ် ကလေး- တမူးလမ်းကြောင်းပေါ်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထိန်းချုပ်ထားသည့် ဘုတ်ကန်စံပြ(Zohmun) ကျေးရွာအား ဇူလိုင်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ထိန်းချုပ်လိုက်ပြီဟု စစ်တပ်က ထုတ်ပြန်သည်။ကလေး- တမူးလမ်းကြောင်းတစ်လျှောက် ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီသည် ဇွန်လ ၇ ရက်နေ့ မှစ၍ တမူး- ကလေးမြို့ဘက်မှ စစ်ကြောင်းနှစ်ကြောင်းညှပ်ပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် မြေပြင်သာလွန်အင် အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ယမန်နေ့ ဇူလိုင်လ (၂၉) ရက် ညနေပိုင်းတွင် ထင်းဇင် ရွာ၏ မြောက်ဘက် မီတာ ၆၂၀၀ ခန့်အကွာရှိ ဘုတ်ကန်စံပြ ကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်တပ်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ဇူလိုင် ၂၆ ရက်ကလည်း ထင်းဇင်ရွာ သစ်နှင့် ထင်းဇင်ရွာ ဟောင်းတို့အား သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။ထို့အပြင် ကလေး – တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အား ဇွန်လ (၂၀) ရက်၊ ကနန်ကျေးရွာအား ဇွန်လ (၃၀) ရက်၊ ကမ္မကြီး (ချင်း) ရွာ ဇူလိုင် (၁၉) ရက်၊ ကမ္မကြီး (ဗမာ) ရွာ ဇူလိုင် (၂၁) ရက်နေ့တို့တွင်သိမ်းပိုက်ထားပြီး လက်ရှိတွင် ဘုတ်ကန်စံပြကျေးရွာအား စစ်တပ်မှ ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ ဘုတ်ကန် ကျေးရွာသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် များက သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါ အဝင် အနီးဝန်းကျင်ဒေသများအား…
ကျောင်းဘက်မှ မမှန်ကန်ကြောင်း ငြင်းဆို (004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ သဇင်လမ်းရှိ YCW ကိုယ်ပိုင်အထက်ကျောင်းပိုင်ရှင် ဆရာတစ်ဦးသည် ကျောင်းသူများ၏ ခန္ဓာကိုယ်အား မသင့်လျော်သော နည်းလမ်းဖြင့် ထိတွေ့ကိုင်တွယ်ခြင်းနှင့် မအပ်စပ်သော လိင်ပိုင်းဆိုင်ရာ စကားများမေးမြန်းခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများ ကျူးလွန်နေမှုဖြင့် တိုင်ကြားခံရသည်ဟု သိရ သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယခင် ပညာသင်နှစ်အသီးသီးတွင်တက်ရောက်ခဲ့ဖူးသည့် ကျောင်းသူဟောင်းများနှင့် နစ်နာသူများသည် ကြောက်ရွံ့မှုများကြောင့် နှစ်ပေါင်းများစွာ ထုတ်ဖော်မပြောဆိုနိုင်ခဲ့ကြဘဲ လက်ရှိတွင် လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့်ခံရမှုများကို ကူညီပေးနေသည့် Against Sexual Violence – ASV Team ထံ အကူအညီတောင်းခံကာ တိုင်ကြားလာခဲ့ကြသည်ဟု ယင်းအဖွဲ့ကထုတ်ပြန်သည်။ လက်ရှိတွင် အဆိုပါ ကျောင်းပိုင်ရှင်အား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများကျူးလွန်ခြင်းဖြင့် ASV team ထံ လာရောက်တိုင်ကြားသူ ၁၀ ယောက်ဝန်းကျင်ရှိလာပြီဟု အဖွဲ့တာဝန်ခံက ပြောသည်။ “ကျူးလွန်ခံရတဲ့ နစ်နာသူအရေအတွက်ဟာ ကျနော်တို့ ASV ဆီကိုရောက်လာတာ ၁၀ ဦးထက်မက အတော်များနေပါပြီ။ လက်ခံနားထောင်ရတာ စိတ်မချမ်းသာစရာကောင်းလှတဲ့ အဖြစ်အပျက်တွေပါပဲ။ ကျနော်တို့ မသိနိုင်၊ ကျနော်တို့ကို မတွေ့သေးတဲ့ နစ်နာသူပေါင်းများစွာလည်း ရှိနေနိုင်ပါသေးတယ်။ ကျွန်တော်တို့ဆီ လုံခြုံစိတ်ချစွာ လာတိုင်ပင်လို့ရပါတယ်”ဟု ASV Team တာဝန်ခံ ကိုအောင်ဇမ္ဗူက ပြောသည်။ ကျောင်းပိုင်ရှင်ဖြစ်သူသည် ကျောင်းသူများအား ခေါင်းကိုက်လျှင် နှိပ်ပေးရမည်၊ ရင်သားကင်ဆာကို ကာကွယ်ရန် နှိပ်ပေးသင့်သည် စသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက် အမျိုးမျိုးဖြင့် ခန္ဓာကိုယ်ကို မသင့်လျော်စွာ…
(004SS) မီဇိုရမ်ပြည်နယ်တွင် ပြည်သူ့ပန်းတိုင်အဖွဲ့၏ ပေါင်းစည်းလမ်း အသက်မွေးသင်တန်းဌာနမှ CDM များအတွက် ဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၃ သင်တန်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အောင်မြင်ပြီးမြောက်ကြောင်း ၎င်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၈ ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး တပ်၊ ရဲ CDM မိသားစုများအပါအဝင် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီနှင့် မင်းတပ်မြို့တို့မှ စစ်ဘေး ရှောင်များနှင့် CDM ဝန်ထမ်း သင်တန်းသား စုစုပေါင်း ၈ ဦး တက်ရောက်ခဲ့ကာ ၈ ဦးစလုံး သင်တန်း အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းဟု ဆိုသည်။ သင်တန်းကာလအတွင်း စက်ချုပ်ပညာရပ်များအပြင် ချည်ထိုး၊ ပန်းထိုး ဘာသာရပ်များကိုပါ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲတွင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။ ထို့ပြင် ထူးချွန်သင်တန်းသူတစ်ဦးကို အပ်ချုပ်စက် ၁ လုံး ဆုအဖြစ် ချီးမြှင့်ခဲ့ပြီး သင်တန်းသားများက သင်တန်းအတွင်း အတွေ့အကြုံနှင့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြထားသည်။ ထို့အပြင် ဇူလိုင်လ ၂၃ ရက်မှ ၂၄ ရက်နေ့ကလည်း ပြည်သူ့ပန်းတိုင်အဖွဲ့ဦးဆောင်မှုဖြင့် မီဇိုရမ်ပြည်နယ်၊ ဇိုခေါသာရ်တွင် CDM စစ်သားနှင့် ရဲသား ၂၄ ဦးအတွက်…
ဘုံပန်းတိုင်တူသော အင်အားစုများအနေဖြင့် ဤဘုံသဘောတူညီချက်မှာ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် (006SV) အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို ယနေ့ဇူလိုင်လ ၃၀ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG)၊ မန္တလေးဒေသလွှတ်တော် (MRH) နှင့် မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC) တို့က သဘောတူ အတည်ပြု ခဲ့ကြသည်ဟု သိရသည်။ တော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေး သဘောတူညီချက်တွင် ပြည်နယ်ကို အခြေပြုသည့် ပြည်သူ့ဆန္ဒနှင့်အညီ ပြည် နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးကို ဦးတည်သော bottom – up federalism approach ကို အခြေခံပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် ပြည်နယ်/ ဖက်ဒရယ်ယူနစ် အားလုံး တန်းတူရည်တူရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော အာဏာကို ခွဲဝေကျင့်သုံးရာတွင် ပြည်သူကို အခြေခံသော စနစ်ဖြစ်မည်ဟု သိရသည်။ ဘုံနိုင်ငံရေး သဘောတူညီချက်တွင် တော်လှန်ရေး အင်အားစုများအကြား တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်များ ၇ ချက်ရှိပြီး ၎င်းတို့ထဲတွင် တော်လှန်ရေးအင်အားစုအချင်းချင်း အမြင်မတူမှုများကို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းရန်၊…
(002MG) အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းကြောင်းပေါ်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ် ထားသည့် တမူးခရိုင်၊ ထင်းဇင်းကျေးရွာကို ပြန်လည်ထိန်းချုပ်လိုက်ပြီဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။ ကလေး-တမူးလမ်းကြောင်းတစ်လျှောက် ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်သည် ဇွန်လ ၇ ရက်နေ့ကစ၍ တမူး နှင့် ကလေးမြို့ဘက်မှ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ကြားညှပ်ပြီး လေကြောင်းတိုက်ခိုက်မှု အပါအဝင် မြေပြင်သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ တမူးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် ရန်လင်းဖိုင် ကျေးရွာ နှင့် ဒေသတစ်ဝိုက်၊ ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် ကလေး-တမူးလမ်း ကြောင်း တစ်လျှောက်ရှိ မြို့၊ ရွာများအား ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာမှာ ဇူလိုင်လ (၂၇) ရက် ယမန် နေ့ ညနေပိုင်းတွင် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာ ဟောင်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်တပ်၏ ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့၊ ကနန်ကျေးရွာနှင့် အနီးဝန်းကျင် ဒေသ များအား NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက် နေ့တွင် သိမ်းပိုက် ထိန်းချုပ်ခဲ့သော်လည်း လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က အများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရသည်။ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ကြောင့် ကလေး – တမူး ကားလမ်းပေါ်ရှိ ခမ်းပတ် မြို့အား ဇွန်လ (၂၀)…
(002MG) ချင်-မကွေးအစပ်၊ ဆောမြို့ဘက်ဦးတည် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာတွင် စစ်သုံ့ပန်း (၉) ဦး၊ ခဲယမ်းနှင့် ရိက္ခာတင်ကား (၃) စီးအပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ် က သတင်းထုတ် ပြန်သည်။ ဇူလိုင် ၁၆ ရက်နေ့က ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှ ဆောမြို့ဘက် ဦးတည်လာသော အမှတ် ၉၉ ခြေမြန် တပ်မဌာနချုပ် (တပ်မ ၉၉ ) မှ အင်အား ၃၀ ဝန်းကျင်သည် ပြည်သူ့ ကာကွယ်ရေးတပ်မ တော်၊ မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီသည် အထိနာ သောကြောင့် လောင်းရှည်မြို့ထဲ ပြန်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် လက်နက်ခဲယမ်း များ၊ ရိက္ခာတင် ကား (၃) စီး အပြင် ရိက္ခာများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့သည်ဟု သိရသည်။ ဇူလိုင် ၂၅ ရက်နေ့တွင်လည်း အင်အား(၁၈၀) ဝန်းကျင် စစ်ကြောင်းသည် လေကြောင်းပစ်ကူရယူကာ မြေပြင်၊ ဝေဟင် ထိုးစစ်ဖြင့် ဒုတိယအကြိမ် ထိုးစစ်ဆင်ရာ ပြည်သူ့ကာကွယ်ရေး တပ်မတော် မကွေးတိုင်းစစ်ဌာန တပ် ရင်းတပ်ဖွဲ့မှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ် အထိ နာသောကြောင့်…
တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့် CDM လှုပ်ရှားမှုများ၏ ရည်မှန်းချက်များကို အလေး ထားကာ စစ်အုပ်စုအတွက် တရားဝင်စေမည့် လုပ်ရပ်များကို ရှောင်ရှားပြီး ခေတ်စနစ်ပြောင်းလဲရေးကို သာရှေ့ရှု၍ ပြည်သူ့တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားကြရန် ချင်းလဲန်းကောင်စီက တိုက်တွန်းလိုက်သည်။ ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ တတိယအကြိမ် ကောင်စီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ချင်းလဲန်းကောင်စီက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင်က တစ်ဖက်သတ်စိတ်ကြိုက်ဖွဲ့စည်းလိုက်သည့် ရွေးတုအစိုးရကို တရားဝင်ဒီမိုကရေစီ အစိုးရအဖြစ် အသိအမှတ်ပြုခံရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည်ဟုဆိုသည်။ ထို့ကြောင့် ကြည်း၊ ရေ၊ လေ အင်အားအားလုံးရင်းသုံးလျက် စစ်ရေး အရှိန်မြှင့်လာခြင်း၊ အပြစ်မဲ့ပြည်သူများ အပေါ် ရည်ရွယ် ချက်ရှိရှိ ပိုမိုအကြမ်းဖက်တိုက်ခိုက်လာခြင်း၊ အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံတချို့၏ ဖိအားကို အသုံးပြု၍ တော်လှန် ရေးအင်အားစုများကို သီးခြားစီတွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်နေခြင်းများအပေါ် အထူးသတိထား ရမည်ဟု လည်း ချင်းလဲန်းကောင်စီကပြောသည်။ စစ်အုပ်စုအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမှန်တကယ်ဆန္ဒရှိပါက အရပ်သား ပြည်သူအဆောက်အဦးများ၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေး အဆောက်အဦးများ အပါအဝင် အရပ်သား ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ရပ်ဆိုင်းခြင်း၊ စစ်ဘေးဒုက္ခသည် အရပ်သားပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလွတ်လပ်စွာဝင်ရောက်စေခြင်း၊ အတင်းအဓမ္မစစ်သား စုဆောင်းခြင်းများရပ်ဆိုင်းခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို ကနဦးဆောင်ရွက်ခြင်းဖြင့် သက်သေပြရမည်ဟုလည်း ချင်းလဲန်းကောင်စီက တောင်းဆိုထားသည်။ ချင်းပြည် (Chinland) ကောင်စီ…
