• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်၊ ဟားခါး-မတူပီလမ်း ယာယီပိတ်ထား

CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်၊ ဟားခါး-မတူပီလမ်း ယာယီပိတ်ထား

0
By Editor on May 11, 2023 Khonumthung

(03PT)

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်လုံခြုံရေးအခြေအနေကြေင့် ဟားခါး-မတူပီကားလမ်းကိုလည်း ယာယီပိတ်ထားလိုက်သည်ဟု သိရသည်။

CDF- Senthang ဌာနနချုပ်တပ်စခန်းနှင့် ခွါပီးကျေးရွာတို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ခန့် ထပ်မံဗုံးကြဲတိုက်ခိုက်လာခဲ့သည်ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မေလ ၈ ရက်နေ့က ဗုံးကြဲထားတယ်။ ပြီးတော့ နောက် သုံးရက်လောက်ကြာတော့ ပြန်လည် ဗုံးကြဲသွားတယ်ဆိုတော့ နောက်‌ခေါက်ပြန်ပြီးတော့ မကြဲနိုင်ဘူးလို့ ပြောလို့မရသေးဘူးပေါ့နော်။ အဲ့တာကြောင့်မို့ ပြည်သူတွေ လုံခြုံဖို့အဓိကထားပြီးတော့ ခေတ်တ ပိတ်ထားတာပေါ့နော်“ ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ယနေ့မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု ရှိ/မရှိ မြေပြင်ဆက်သွယ်မှု အခက်ခဲကြောင့် တိကျသိရှိထားခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် ဟားခါး-မတူပီကားလမ်းကိုလည်း ယနေ့ မေလ ၁၁ ရက်နေ့ကစ၍ ယာယီပိတ်ပင်ထားသည်ဟု CDF-Senthang က ထုတ်ပြန်သည်။

CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာနှင့် CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကို မေလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က Mi-35 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.