(005MK)
ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က မြို့မိမြို့ဖအား နှစ်သစ်ကူး အကြောင်းပြုကာ လက်ဆောင်ပေးဝေခြင်းများပြုလုပ်ခဲ့ရာတွင် Zomi Revolutionary Army – ZRA တပ်ဖွဲ့များက လုံခြုံရေးယူပေးခဲ့သည်ဟု Zoland Voice TV ကဖော်ပြသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့က တီးတိန်မြို့ပေါ်ရှိ ဆေးရုံနှင့် မြို့တွင်းတချို့နေရာများတွင် စစ်ကောင်စီက နှစ်သစ်ကူးလက်ဆောင်ဟုဆိုကာ မြန်မာကျပ်ငွေ နှစ်သောင်း (၂၀,၀၀၀) ပေးပြီး စည်းရုံးရေးဆင်းခဲ့သည်ဟု ဆိုသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ZRA တပ်ဖွဲ့က စစ်ကောင်စီလှုပ်ရှားရာ လမ်းကြောင်းများဖြစ်သော ခရိုင်ရုံးနားနှင့် မီးသတ်ရုံး လမ်းခွဲများတွင် လုံခြုံရေးယူပေးခဲ့သည်ဟု Zoland Voice TV ကဖော်ပြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း စစ်ကောင်စီ ဦးဆောင်မှုဖြင့် Sweet December ဖလား ဘောလုံးပြိုင်ပွဲကို တွန်းဇံမြို့ တွင် ကျင်းပရာ စကစတပ်များ၊ ရဲတပ်သားများနှင့် ZRA တပ်များ ပူးပေါင်းကာ လုံခြုံရေး တာ၀န်ယူထားခဲ့သည်ဟု သိရသည်။