• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ်ထံ မီဇိုရမ်ဝန်ကြီးချုပ် တင်ပြတောင်းဆို

မြန်မာစစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ်ထံ မီဇိုရမ်ဝန်ကြီးချုပ် တင်ပြတောင်းဆို

0
By Editor on September 17, 2021 Khonumthung

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအား အရေးပေါ်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Narendra Modi ထံ စာဖြင့် တင်ပြတောင်းဆိုထားသည်ဟု သိရသည်။

စက်တင်ဘာ ၁၅ ရက်နေ့က ပေးပို့သော ပူးဇိုးရမ်းထန်းငါး၏ စာတွင် မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များသည် အရေးတကြီး အကူအညီလိုအပ်နေကြောင်း၊ ယခုချက်ချင်းကူညီဆောင်ရွက်နိုင်ရန် အိန္ဒိယငွေ ရူပီး ၁၀ ကုဋေတောင်းခံခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်ဦးရေ ၁၅၀၀၀ ခန့်ရှိနေပြီး၊ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုကြောင့် ပြည်နယ်ဘတ်ဂျက်အခြေအနေ ယိုင်နေသည့်အတွက် မြန်မာစစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ရန် မီဇိုရမ်ပြည်နယ်တစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် ယခုကဲ့သို့ အိန္ဒိယဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

ယင်းကိစ္စအတွက် မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာများ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ရူပီးငွေ ၅ ကုဋေ၊ စစ်ဘေးရှောင်များနေထိုင်ရေးအတွက် ရူပီးငွေ ၃ ကုဋေနှင့် ကျန်းမာရေးကဏ္ဍများကူညီဆောင်ရွက်နိုင်ရေးအတွက် ရူပီးငွေ ၂ ကုဋေ စုစုပေါင်း ရူပီးငွေ ၁၀ ကုဋေ အရေးပေါ်ချပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် အိန္ဒိယအထက်လွှတ်တော်အမတ် Lok Sahba MP Pu C.Lalrosanga က Union Home Secretary (Border Management) Sanjeeva Kumar နှင့် Additional Home Secretary (North East) Piyush Goyal တို့အား တွေ့ဆုံခဲ့ပြီး မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များကို လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးရန်နှင့် ငွေကြေးအပြင် ဆေးဝါးများ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.