(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို ယနေ့ နေ့လည်ပိုင်းက စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်း ထန်ထန်ပြုလုပ်သွားသည်ဟု ပလက်ဝဒေသခံတချို့ထံမှ သိရသည်။ ယနေ့စက်တင်ဘာလ ၂၉ ရက် နေ့လည်ပိုင်းတွင် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာဖြင့် ပလက်ဝမြို့ကို ပေါင် ၅၀၀ ဗုံး ၃ လုံး ဖြင့် ကြဲချတိုက်ခိုက်ရာ ပလက်ဝဆေးရုံးအနီးမှာ ၁ လုံး ကျရောက်ပေါက်ကွဲပြီး ၂ လုံးမှာ မြို့ပြင်ဘက် ကျရောက်သည်ဟု သိရ သည်။ “ပလက်ဝမြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၃ လုံးကြဲချတာပါ။ တစ်လုံးက မြို့ထဲ ဆေးရုံးနားမှာ ကျတယ်၊၊ နှစ်လုံးကတော့ မြို့ပြင်ဘက် အနီးမှာ ကျတယ်။ ထိခိုက်မှု အခြေအနေကတော့ အခုက ကျနော်လည်း ဘာမှ မသိရသေးဘူး” ဟု ပလက်ဝ ဒေသခံတဦးက ပြောသည်။ ပလက်ဝမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု အခြေအနေများကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။ ရခိုင်သတင်းဌာန DMG ကတော့ ပလက်ဝကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကနဦးသတင်းအရ ဒေသခံ ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု ရေးသားဖော်ပြသည်။ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို အာရက္ခတပ်တော် ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ကာ ထိန်းချုပ်ထာသည်။
Author: Editor
(006SV) ချင်လဲန်းကောင်စီ (CC) နှင့် ချင်းလဲန်အစိုးရအဖွဲ့ဝင် ၁၇ ဦးကို စစ်ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့် တရားစွဲခြင်းသည် လမင်းကို ခွေးဟောင်သလိုဖြစ်နေပြီး ချင်းအင်အားစုများကို ကြောက်၍ ရွေးကောက်ပွဲကို မဆန့်ကျင်ရဲအောင် ကြိုတင်ခြိမ်း ခြောက်မှု ပြုလုပ်ခြင်းသာဖြစ်သည်ဟု ချင်း တော်လှန်ရေး ခေါင်းဆောင်များက ပြောသည်။ “ချင်းလဲန်းကောင်စီအဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဥပဒေနဲ့ ဟားခါးမှာ အမှုဖွင့်တာဟာ ရွေးကောက်ပွဲကို မဆန့်ကျင်ရဲအောင် လုပ်ပြတာဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်တာဖြစ်တယ်။ အခုလို အမှုဖွင့်လာမှုဟာ လမင်းကို ခွေးဟောင်သလိုပဲ” ဟု ချင်းလဲန်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ချင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရွှေခါရ်းက ပြောသည်။ ချင်းလဲန်းကောင်စီဥက္ကဌ နှင့် ချင်းပြည်အစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ လှုံဆော်ခြင်း ပြုလုပ်ခြင်းကြောင့်ဟုဆိုပြီး ရွေးကောက်ပွဲ များကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် စက်တင်ဘာလ ၄ ရက်တွင် ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု စစ်ကော်မရှင်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ “မင်းအောင်လှိုင်တို့ ကျင်းပမယ့် ရွေးကောက်ပွဲကို ဟန့်တားဖို့၊ တားဆီးဖို့ ကျနော်တို့ လုပ်ဆောင်နေတယ်ဆိုတာ မှန်ပါတယ်။ အဲဒီတော့ ဘာဖြစ်လို့ ကျနော်တို့ ကောင်စီ ဥက္ကဌနဲ့ အစိုးရအဖွဲ့ဝင် အားလုံးကို ဟားခါးမှာ အမှုဖွင့်ပြီးတော့မှ တရားစွဲဖို့ ပြင်သလဲ ဆိုရင် ကျနော်တို့ကို ကြောက်လို့ နေမှာပါ။ သူတို့က ကြောက်လို့ ကြိုတင်ကာကွယ်…
(006SV) အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်းနှင့် လှုံဆော်ခြင်းတို့ကြောင့်ဟုဆိုကာ ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းလဲန်းကောင်စီ ဥက္ကဌနှင့် ချင်းပြည်အစိုးရဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင် ၁၇ ဦးကို ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။ ဩဂုတ်လ ၃၁ ရက်က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြော ခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သောကြောင့်ဟုဆိုကာ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေး ဥပဒေဖြင့် စက်တင်ဘာလ ၄ ရက်တွင် ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု စစ်ကော်မရှင်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည်။ အမှုဖွင့်ခံရသူများတွင် ချင်းလဲန်းကောင်စီ ဥက္ကဌ ပူဇင်ကျုံး ၊ ချင်းလဲန်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးပါထန်၊ ဒေါက်တာ ရွှေခါရ်း၊ ဦးရိုဘင်၊ ဦးစိန်အောင်၊ ဆလိုင်းခရော်စ်ထန်း၊ ဒေါက်တာ ရှရွန်ပါရ်၊ ဦးဆလိုင်းမနားကီး၊ ဆလိုင်းဂျိုးဇက် လားရမ်းလော်မာ၊ ဒေါ်နီဆွီလျန်၊ ဦးမောင်ဦး၊ ဒေါက်တာ တိာနှင်း၊ ဦးထန်ကမ်းလျန်၊ ဦးဇလိုင်းဇထောင်း၊ ဦးထောင်ဇလျန်း၊ ဦးမန်အုပ်ခမ်နှင့်၊ ဦးဟာမိုရုန်းလျန်တို့ ၁၇ ဦးတို့ အမှုဖွင့်ခံထားရခြင်းဖြစ်သည်ဟု ပြည်မအခြေစိုက် ခေတ်သစ်သတင်းဌာနနှင့် ပြည်တွင်းအခြေစိုက် Eleven Media Group သတင်းဌာနက ရေးသားထားသည်။ ထို့အပြင် ဩဂုတ်လ ၁၂ ရက်က KNU ဖေ့ဘွတ်စာမျက်နှာတွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက စစ်ကော်မရှင်၏ ရွေးကောက် ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်းကြောင့်ဟုဆိုကာ ဩဂုတ်လ…
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်မှုအားလုံးကို တားမြစ်ပြီး ဖြစ် မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးသည့် မည်သူမဆို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု ချင်းညီနောင်က ယနေ့စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကော်မရှင်သည် ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ တရားမဝင်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထု၏ အချုပ်အခြာအာဏာကို အတင်းအဓမ္မရယူရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ချင်းညီနောင်က ဆိုသည်။ နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ဖမ်းဆီးထားခြင်း၊ နိုင်ငံတဝှမ်းလုံးရှိ အရပ်သားပြည်သူများပစ်မှတ်ထားတိုက်ခိုက် ခြင်း၊ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကြပ်သည့်ဥပဒေများ ချမှတ်ထားခြင်းနှင့် ပြည်သူကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ မပါဝင်ခြင်းတို့ကြောင့် စစ်ကော်မရှင်ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိသည့် အတု အယောင်ရွေးကောက်ပွဲဖြစ်သည်ဟု ချင်းညီနောင်ကပြောသည်။ စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်သည့် အစိုးရ ဖြစ်မလာစေသည့်အပြင် ပဋိပက္ခကိုပိုမိုကြီးထွားစေပြီး နိုင်ငံသားတိုင်း တန်းတူမဲပေးပိုင်ခွင့်မရှိဘဲ နိုင်ငံရေးအရ ထွက် ပေါက်ရှာသည့်အနေဖြင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းမှုသာဖြစ်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ချင်းညီနောင်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ ကာ ဆန့်ကျင်သွားမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကော်မရှင်၏ အတုအယောင်ရွေး ကောက်ပွဲကို အားပေးထောက်ခံခြင်း မပြုကြရန်မေတ္တာရပ်ခံထားသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကြောင့် အဖိနှိပ်ခံပြည်သူလူထုတို့၏ ဘဝဆင်းရဲဒုက္ခကို မငဲ့ဘဲ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ကူညီဆောင်ရွက်ပေးသည့် မည်သူမဆို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု ချင်းညီ နောင်က သတိပေးထားသည်။ တော်လှန်ပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုကြ ရန် ချင်းညီနောင်က အသိပေးထုတ်ပြန်ထားသည်။ စစ်ကော်မရှင်သည်…
(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ကြံသာရွာစခန်းကို စစ်ကော်မရှင် တပ်က အင်အားအလုံးအရင်းဖြင့် ၄ ရက်ဆက်တိုက်ထိုး စစ်ဆင်တိုက်ခိုက်ရာမှာ လက်နက်ခဲယမ်း မလုံလောက်၍ လက်လွှတ်ခဲ့ရ သည်ဟု CDF – KKG တာဝန်ရှိသူက ပြောသည်။ ကြံသာရွာစခန်းကို စစ်ကော်မရှင်တပ်က ပြည်သူ့စစ်၊ ပျူစောထီး အပါအဝင် အင်အား ၃၅၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ စက်တင်ဘာလ ၁၈ ရက်မှစတင်ကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၀ ရက်မှာ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။ “ဒီတစ်ခေါက်က အကြီးအကျယ် ထိုးတဲ့အထဲ ပါတယ်။ ဗုဒ္ဓဟူးနေ့ စထိုးတယ်။ စနေနေ့တော့ ပေးလိုက်ရတာပေါ့။ အဲဒီမှာ သူတို့က တော်တော်လေး အင်အားလည်း သုံးတယ်။ လက်နက်တွေလည်း သုံးတယ်။ သူတို့ စတက်လာကတည်းကနေ လက်နက်ကြီး ၊ RPG ၊ ၄၀ မမ ၊ ဒရုန်း အကုန်လုံးက အစပေါ့၊ လုံးဝပြင်းထန်ပြီး ထိုးဖောက်လာပြီးတော့ ပြန်လည်ယူသွားတယ်။ လက်လွတ်ဆုံးရှုံးလိုက်ရ တာက ကျနော်တို့ မခံနိုင်လို့ပါ။ ဘာကြောင့်မခံနိုင်တာလဲဆိုတော့ ကျနော်တို့ဘက်မှာ လူရှိတယ်။ သေနတ်နဲ့ လက်နက်ခဲယမ်းမှာ အဓိက ခဲယမ်းက လိုအပ်ချက်အများကြီး ရှိတာပေါ့နော်။ အဲလို လိုအပ်ချက် အများကြီး ရှိခဲ့ပါတယ်” ဟု CDF KKG သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။ တိုက်ပွဲအတွင်း CDF…
(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာတွင် ရောက်ရှိနေသော စစ်ကော်မရှင်တပ်ဦးစီးသည့် ကသည်းလက်နက်ကိုင် တပ်ဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ကလေးခရိုင်အမှတ် ၄ တပ်ရင်းက ဒရုန်းဖြင့်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။ စက်တင်ဘာလ ၁၅ ရက်က စစ်ကော်မရှင်တပ် ဦးစီးသော ကသည်းတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင် ဗိုလ် ၁ ဦး ဦးစီးသော ကသည်းလက်နက်ကိုင် တပ်စိတ် ၁ စိတ် သေဆုံးခဲ့သည့်အပြင် ဗိုလ်မှူး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက ယနေ့ စက်တင်ဘာလ ၂၃ ရက်မှာ ကြေညာသည်။ နန်းစောင်းပုရွာကို စက်တင်ဘာလ ၅ ရက်က စတင် ထိုးစစ်ဆင် ဝင်ရောက်လာသော စစ်ကြောင်းတွင် အကြပ်လောင်းများဟူ၍ ယူဆရသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၆၀ ခန့် ရှိပြီး ထိခိုက်ကျဆုံးမှု များ၍ နောက်တန်းပြန်ပို့ထားသည်ကို သိရှိ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။ ကလေးမြို့ရှိ အမှတ် ၁၀ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက – ၁၀) တွင်လည်း ကသည်းလက်နက် ကိုင်တပ်မှ ဗိုလ်ကြီး ၁ ဦး ဦးစီးသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ အင်အား ၃၀ ခန့် အရာရှိ သင်တန်း တက်ရောက်နေသည်ဟု သိရသည်။ ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည်…
(004SS) ချင်းပြည်နယ် ထန်တလန်မြို့ကို အာဏာသိမ်းစစ်တပ်က တမြို့လုံးပြာကျသွားအောင်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အခြားဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည့် ထန်တလန်မြို့ဒေသခံများထဲမှ ၂၀၀ ကျော်သည် မိမိတို့စစ်ဘေးရှောင် ရာဒေသများတွင် ကွယ်လွန်ခဲ့ကြသည်ဟုသိရသည်။ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မီးရှို့မှုများကြောင့် ထန်တလန်မြို့ဒေသခံများသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြို့ကိုနောက်ဆုံးစွန့်ခွါလာခဲ့ကြသည်မှာ ယခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို ၄ နှစ်တာကာလအတွင်းမှာ ထန်တလန်မြို့ဒေသခံများသည် ပြည်တွင်းပြည်ပက နေရာအသီးသီးတွင် စစ်ဘေးတိမ်းရှောင်နေခဲ့ကြရပြီး ယနေ့ချိန်ထိ နေရပ်ကို ပြန်နိုင်ခြင်းမရှိကြသေးပေ။ ထန်တလန် ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (TRRC)၏ စာရင်းအရ စစ်ဘေးရှောင်ကာလ ၄ နှစ်တာအတွင်းမှာ ထန်တလန်မြို့ခံထဲမှ ၂၁၂ ဦးမှာ ရောဂါအခြေအနေအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြပြီး ကွယ်လွန် သူများတွင် သက်ကြီးရွယ်အို ပိုများသည်ဟု သိရသည်။ “ဒီစာရင်းကတော့ကျွန်တော်တို့ TRRC အနေနဲ့ ကောက်ယူနိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီထဲက သေဆုံးသွားသူတွေကတော့ ကျွန်တော်တို့ ဒုက္ခသည်ဘဝမှာ ဆုံးပါးသွားကြတဲ့ သက်ကြီးရွယ်အိုတွေများပါတယ်။ လောလောဆယ် ထန်တလန်မြို့ကတော့ ဒီနေ့အချိန်ထိ မြို့ခံတွေ ဘယ်သူမှ ပြန်လာနိုင်ခြင်း မရှိသေးဘူး။” ဟု TRRC ကော်မတီဝင်တစ်ဦး ကပြောသည်။ မြို့ခံလူဦးရေ ၁၀,၄၀၀ ခန့်ရှိသည့် ထန်တလန်မြို့မှ ပြည်သူများသည် ယခုလက်ရှိတွင် အိန္ဒိယနိုင်ငံ၊ ဒေလီနှင့် မီဇိုရမ် ပြည်နယ်ရှိ ရွာပေါင်း ၄၃ ရွာတွင်သော်လည်းကောင်း၊ ထန်တလန်မြို့နယ်ရှိ ကျေးရွာ ၈၇ ရွာတွင်လည်းကောင်း၊ ရန်ကုန်၊ မန္တလေး၊ ကလေး၊…
(006SV) ရခိုင်ပြည်နယ်အခြေစိုက် Border News Agency ၏ အမျိုးသမီး သတင်း ထောက်တစ်ဦးကို အာရက္ခတပ်တော် ULA/ AA ၊ ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးထားသည်ဟု Border News Agency ကြေညာသည်။ စက်တင်ဘာလ ၂၀ ရက် မနက် ၁၁ နာရီခန့်တွင် Border News Agency ၏ အမျိုးသမီး သတင်းထောက် မ မုဒြာကို မောင်တောမြို့ နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။ BNA ၏ သတင်းထောက်ကို လာရောက်ခေါ်ဆောင်သွားသော အဖွဲ့အစည်းမှာ ULA/ AA ၏ ထောက်လှမ်းရေးဟု သိရှိရပြီး လာရောက် ခေါ်ဆောင်ပြီးနောက် ULA/ AA ၏ ထောက်လှမ်းရေးရုံးတွင် စစ်ဆေးခံနေရသည်ဟု သိရသည်။ မောင်တောမြို့နယ်အပါအဝင် နယ်စပ်ဒေသ သတင်းများနှင့် ULA/ AA ၏ သတင်းများကို ဖော်ပြရာတွင် မကောင်း ဘက်က ရေးသားဖော်ပြသည်ဟု ပြောဆိုချက်များဖြင့် အမျိုးသမီးသတင်းထောက် မမုဒြာကို ဖမ်းဆီးခြင်းဖြစ်ကြောင်း BNA အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောသည်ဟု ရခိုင်သတင်းဌာန Western News က ရေးသားသည်။ အမျိုးသမီးသတင်းထောက် မမုဒြာ နှင့်ပတ်သက်ပြီး နားလည်မှု လွဲမှားနေသည်များ ရှိပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အနေဖြင့် ရှေ့နောက်အမျှော်အမြင်ရှိစွာ၊ သဘောထားကြီးစွာဖြင့် အပြုသဘောဆောင် နားလည်ပေး နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း BNA…
(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၁၀ ရက်ကျော်ကြာ ဆက်သွယ်ရေး ဖုန်းလိုင်း/အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ မှုကြောင့် ဒေသခံ ပြည်သူများသည် ၎င်းတို့၏ လုပ်ငန်း၊ စီးပွားရေးနှင့် နေ့စဉ်လူမှုဘဝများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ယခုလစက်တင်ဘာ ၁၃ ရက်နေ့ကစ၍ ကလေးမြို့တွင် အင်တာနက် ဝိုင်ဖိုင်လိုင်း နဲ့ မိုဘိုင်းဒေတာလိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်ရာ ဖုန်းလိုင်းများလည်း ခေါ်ဆိုရန် အလွန်ခက်ခဲနေသည်ဟု ကလေးမြို့က သတင်းရင်းမြစ်များထံမှ သိရသည်။ “၁၃ ရက်နေ့ကတည်းက ဖုန်းလိုင်း အင်တာနက်လိုင်း ဝိုင်ဖိုင်လိုင်းအကုန်ဖြတ်ထားတယ်၊ အော်ရီဒူးဆိုရင်လည်း 2G အဆင့် ပဲပေးတယ်၊ ဖုန်းခေါ်လို့မရ ခေါ်ရင်လည်း ဟိုဘက်ကပြောတာမကြားရဘူး ဝိုင်ဖိုင်ဆိုရင်လည်းအကုန်ဖြတ်ထားတယ် မြို့ထဲကိုအဓိကဖြတ်တယ်လို့ကြားရတယ်” ဟု ကလေးမြို့က သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ကလေးမြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် အော်ပရေတာများဖြစ်ကြသော MPT/Mytel/Ooredoo (U9) တို့ အားလုံး၏ ဝိုင်ဖိုင်လိုင်း နှင့် ဖုန်းလိုင်းများအားလုံးကို စစ်ကော်မရှင်တပ်က ဖြတ်တောက်ထားခြင်းဖြစ်သည်ဟုသိရသည်။ ယခုလက်ရှိမှာတော့ ဒေသခံပြည်သူများသည် စတားလင့် အင်တာနက်လိုင်းရသည့်နေရာများတွင် ငွေကြေးဖြင့် အချိန်ပိုင်း အသုံးပြုနေကြရသည်ဟု သိရသည်။ “အခုက ကလေးမြို့မှာ ဘာမှမရဘူး စတားလင့်အင်တာနက်လိုင်းရှိတဲ့နေရာကို စုံစမ်းပြီး လိုင်းသုံးချင်ရင် အဲဒီနေရာကို သွားပြီး တစ်နာရီကို ကျပ် ၁၀၀၀ နဲ့ အသုံးပြုနေရတယ် အဲဒါလည်းလွတ်လွတ်လပ်လပ်သုံးလို့မရဘူး” ဟု ကလေးမြို့က စတားလင့်အင်တာနက်အသုံးပြုခဲ့သူတစ်ဦးကပြောသည်။ ဆက်သွယ်ရေးအင်တာနက်လိုင်းများအပြင် ဖုန်းလိုင်းများပါ အကုန်ဖြတ်တောက်ခံရခြင်းကြောင့် ကလေးမြို့ကဒေသခံပြည် သူများသည် နေ့စဉ်လူနေမှုဘဝမှာအခက်အခဲမျိုးစုံကြုံနေကြရပြီး ငွေလွဲ/ငွေထုတ်လည်းမရသည့်အပြင် ဘဏ်အားလုံးပိတ် ထားသည်ဟု သိရသည်။ “ကလေးမြို့မှာတော့ စီဘီဘဏ်ကအစ ဘဏ်အားလုံးပိတ်ထားတယ်…
(006SV) ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၊ စံပြရပ်ကွက်ထဲကို ယမန်နေ့ညတွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နေအိမ် ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးသွားသည်ဟု မင်းတပ်ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၁ ရက် ည ၉ နာရီ ၄၀ ဝန်းကျင်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးကို အသုံးပြု၍ မင်းတပ်မြို့ပေါ် စံပြရပ်ကွက်ထဲရှိ ၂ နေရာကို ဗုံး ၄ လုံးဖြင့် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံက ပြောသည်။ “ကနဦးကတော့ အရပ်သားပြည်သူတွေက ထိခိုက်မှု မရှိဘူးလို့ သိပါတယ်။ လေကြောင်းကနေ စံပြရပ်ကွက်ထဲကို တိုက်ခိုက်သွားတာပါ။ နေအိမ်တွေကတော့ ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးသွားတယ်” ဟု မင်းတပ်ဒေသခံက ပြောသည်။ မင်းတပ်မြို့ပေါ်ရှိ နေရာများကို စစ်ကော်မရှင်သည် နေပြည်တော်၊ အေလာလေတပ်မှ ဂျက်ဖိုက်တာများကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုမှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၁၀ ရက်ကလည်း ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် – ၅ ၊ ခါပန်းကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး၊ ၂ လုံးကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ချင်းတောင်ပိုင်းရှိ မင်းတပ်အပါအဝင် မြို့များကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက…
