Author: Editor

ချင်းပြည်နယ် တီးတိန်မြို့တွင် ဖွင့်လှစ်ထားသော ချင်းအမျိုးသားတပ်ဦး CNF ၏ ဆက်ဆံရေးရုံး အောက်တိုဘာလ ၁၉ ရက်ည ၁၁ နာရီခန့်တွင် ဗုံးဖောက်ခွဲခံရပြီး ပေါက်က်ကွဲမှုကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးခြင်းမရှိကြောင်းသိရသည်။ 

Read More

နက်ဖန် အောက်တိုဘာ ၁၅ ရက်နေ့တွင် တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့နှင့် တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးမည့် ချင်းအမျိုးသား လက်နက်ကိုင်အဖွဲ့ CNF အား အစိုးရက သတင်းထုတ်ပြန်ချက် အမှတ် ( ၉ / ၂၀၁၅) ဖြင့် မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့စာရင်း တွင် အကျုံးဝင်မှုမရှိတော့ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ က ကြေညာချက် ထုတ်ပြန်လိုက်သည်။

Read More

ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ပြည်နယ်အဆင့် သန်းခေါင်စာရင်း အစီရင်ခံစာ ဖြန့်ဝေမှု နှင့် သန်းခေါင် စာရင်း အချက် အလက် ဆိုင်ရာ အသိပညာပေးရေး အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို ယနေ့ အောက်တိုဘာလ (၁၄) ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။

Read More

နာမည်ကျော် ဗွီဒီယို နှင့် ရုပ်ရှင် သရုပ်ဆောင်မင်းသား ဝေဋုကျော်အပါအ၀င် ၄င်း၏ ဖောင်ဒေးရှင်း နှင့် Myanmar Rescue အဖွဲ့ ပူးပေါင်းမှုဖြင့် ချင်းပြည်နယ် မြို့တော် ဟားခါးတွင် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးနှင့် အသက် ကယ် သင်တန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင် ပို့ချ ပြုလုပ်နေပြီဟု သိရသည်။ မင်းသား ဝေဋုကျော် အပါအ၀င် အဖွဲ့သားများနှင့် Myanmar Rescue ကော်မီတီမှ အဖွဲ့သားများသည် ယခုလ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဟားခါးမြို့သို့ရောက်ရှိ လာကြပြီး ပြည်နယ် မီးသတ်တပ်ဖွဲ့၏ အကူ အညီဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် သင်တန်းဖွင့်ပွဲ ပြုလုပ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့အထိ ပြုလုပ် သွားကြ မှာဖြစ်သည်။

Read More

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ကမကထပြုမှုဖြင့် ချင်းပြည်နယ်မှ အမျိုးသား၊ ပြည်သူ့ နှင့် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက် အလက်များ ဆိုင်ရာ နှီးနှော ဖလှယ် ခြင်း အစီအစဉ်ကို Carson Hall တွင် ယနေ့ ပြုလုပ်ကြသည်။ နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ ချင်းပြည်နယ်အတွင်း ဟားခါး၊ တီးတိန်၊ မတူပီ၊ ကန်ပက်လက် နှင့် မင်းတပ်မြို့နယ်မ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်း များ နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေး အတွင်းရေးမှူးများ ၁၅ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

Read More

ယမန်နေ့ နံနက် ၀၇း ၁၅ နာရီ ခန့်က ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်လောင်း Pu ZoBawi သည် Car Accident ဖြစ်ခဲ့ကြောင်း သိရသည်။ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ တင်းနစ်ကွင်းအနီး မီးပွိုင့်နားတွင် Pu ZoBawi သည့် ၄င်း၏ Parado အမျိုးအစား ကိုယ်ပိုင်ကားကို မောင်းနှင်ယင်း မီးပွိုင့်အကွေ့ လီဗာ နှင့် ဘရိတ်မှားယွင`်းနင်းမိရာမှ အထည်ဆိုင် နှင့် အလှပြင်ဆိုင် တွဲ ပျဉ်ထောင်အိမ် ဆိုင်ခန်း ကို တိုက်ပြီး ကိုက် ၂၀ ခန့် ချောက်ထဲသို့ တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ပြောကြ သည်။

Read More

၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီ အချင်းချင်း လက်တွဲဆောင် ရွက်နိုင်ရေး အတွက် ချင်းနိုင်ငံရေးပါတီ ၁၀ ခုမှ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသော ချင်းပါတီများ လက်တွဲ ညှိုနှိုင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ချင်း အမျိုးသား ဒီမို ကရက်တစ်ပါတီ(CNDP) က ချိုးဖောက်သည်ဟု ချင်းပါတီ ၆ ခုမှ ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၆ မှ ၁၇ အထိ ရန်ကုန်မြို့ကန်တော်ကြီး ပဲလေစ့်ဟိုတယ်တွင် ၂ ရက်တာကျင်းပသော ချင်းမိသားစု နိုင်ငံရေး ပါတီများ တတိယ အကြိမ်မျက်နှာစုံညီ အစည်းအဝေးတွင် သဘောတူခဲ့ကြ သည့် “ချင်းမိသားစုနိုင်ငံရေး ပါတီများ လက်တွဲ ညှိုနှိုင်းဆောင်ရွက်ရေး သဘောတူညီချက်’’ ကို CNDP ပါတီအနေဖြင့် လိုက်နားခြင်းမရှိဘဲ ချိုးဖောက် သည်ဟု ချင်း ဒီမိုကရေစီ အဖွဲ့ချူပ်၊ ချင်းတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ဇိုတိုင်း ရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ခူမီးအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ တို့က စက်တင်ဘာလ (၂၉) ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ် သည်။

Read More

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈- ၃၀ အကြား ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများ ၏ ထိပ်သီး အစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦး (CNF) က တနိုင်ငံလုံး ပစ်ခပ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ်( NCA) ကို လက်မှတ်ရေးထိုးရန် သဘောထား ဆုံးဖြတ်ချက်ပေး သည့် အပေါ် ချင်းလူထုထံ ရှင်းလင်းမည်ဟု သိရသည်။ ရှင်းလင်းပွဲကို Summit Parkview Hotel ၊ ၃၅၀၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ တွင် ယခုလ အောက်တိုဘာ(၁၀) ရက် နေ့၊ နံနက် ၉း၀၀ – ၁၂း၀၀ အကြားပြုလုပ်မှာဖြစ်ပြီး CNF အထွေထွေအတွင်းရေးမှူးချုပ် Pu Zing Cung ကိုယ် တိုင် ဦးဆောင်သွားမည်ဖြစ်သည်။

Read More

Pu Robin –  (၂၀၁၀ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ကျတော် စကား အမှားမှား အယွင်းယွင်း ဖြစ်မှာစိုး ရိမ်ကြောင်း ကနဦး ပြောချင်တယ်၊ ဒုတိယအနေနဲ့က CNF ဟာ ကိုယ့် အမျိုးသားရေးအတွက် အသက်ပေးပြီး နှစ်ပေါင်းများ စွာ တောထဲ တောင်ထဲ မှာ နေပူမိုးရွာ မရှောင် ပေး ဆပ် ခဲ့ ကြတယ်၊ သူတို့ရဲ့ အမျိုးသားနိုင်ငံရေးအပေါ် လေ့လာချက်၊ နားလည်ချက်ကို ကျတော် ဘယ်လောက်ကိုယ် ချင်းစာနိုင်သလဲ၊ သူတို့နဲ့စာယင် ကျတော်က ဘယ်လောက်နားလည်သလဲ၊ သူတို့သိသလောက် ကျတော် သိ သလား စသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ် သုံးသပ်ကြည့်တော့ သူတို့ (၁၀၀) သိယင် ကျတော့်က (၁) လောက်ပဲ သိသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် နားလည်တယ်၊ အဲဒါကြောင့် လည်း NCA လက်မှတ် ထိုးခြင်း၊ မထိုးခြင်းအပေါ် အမျိုးသားနိုင်ငံရေး အကျိုး စီးပွားအတွက် လက်ရှိ လက်တွေ့အကျဆုံးနည်းလမ်းကို CNF အနေနဲ့ ချင့်ချိန်ဆုံးဖြတ်ပြီး ရွေးချယ်တာပဲဖြစ်မယ်၊ ကျတော်က သူ တို့လုပ်ဆောင်ချက် အပေါ် ဆုံးဖြတ်ဝေဖန်ဖို့အတွက် သူတို့ခံစားသလောက် ကျတော်ဘယ်လောက်ခံစားသလဲ စဉ်းစား ကြည့်တော့ ကျတော်ရဲ့ သိတာတွေ၊ ခံစားတာတွေက တော်တော်နည်းသေးတယ်၊ သူတို့ အနစ်နာခံခဲ့ တာနဲ့ စာယင် ကျတော် အနစ်နာခံတာ မပြောပလောက်ပါဘူး၊ ဒါကြောင့် သူတို့လုပ်တဲ့အပေါ် သုံးသပ်ဖို့က ကျတော့် ဖက်က…

Read More

ချင်းပြည်နယ် တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေ သကြီး ကလေးမြို့နယ် နယ်နိမိတ် မျဉ်းကြောင်းပေါ် တွင်တည်ရှိသော ဖားတောင်ဒေသ၌ 3s ကုမ္ပဏီမှ သတ္တုတူးဖော် မည့်ကိစ္စကို ကလေးမြို့ အခြေစိုက် အထက် ချင်းတွင်း လူငယ်များ ကွန်ယက် အဖွဲ့က ကန့်ကွက်သည့် အနေဖြင့် အောက်တိုဘာလ ၄ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။ ချင်းတိုင်းရင်းသား လူမျိုးပိုင် 3s ကုမ္ပဏီသည် ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုမရှိခြင်း၊ တာဝန် ယူမှု၊ တာဝန် ခံမှု အားနည်း သည့် အတွက်ကြောင့် ယခုကဲ့သို့ ဆန့်ကျင်ကန့်ကွက် ရခြင်းဖြစ်သည်ဟု အထက် ချင်းတွင်းလူငယ်ကွန် ယက် ဥက္ကဌ ကျော်သက်ဝင်း ကပြောသည်။

Read More