(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီ၏ စစ်မူထမ်းဥပဒေကြောင့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံရသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီလ ၆ ရက် ယနေ့တွင် ထုတ်ပြန်သည်။ စစ်ကောင်စီသည် ဆိုင်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ပြီးနောက် သူတို့ထိန်းချုပ်သည့်ဒေသများတွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ လူငယ်များအားလိုက်လံဖမ်းဆီးရာမှာ ကလေးမြို့မှာလည်း မြို့ပြလူနေရပ်ကွက်များသာမက ဘာသာရေးအဆောက်အအုံ ပရဝုဏ်များအထိပါ လိုက်လံဖမ်းဆီးနေသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မ တီကဆိုသည်။ ကလေးဒေသအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှုမှာ စစ်မူထမ်းအပတ်စဉ် (၆) တွင် လူငယ် (၄၅) ဦး၊ အပတ်စဉ်(၇) တွင် (၅၀) ဦး၊ အပတ်စဉ်(၈) တွင် (၃၀) ဦး နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း အပတ်စဉ် (၉) တွင် (၆၀) ဦး စုစုပေါင်း (၁၈၅) ဦး အထိဖမ်းဆီးခံရသည်ဟု ဖော်ပြထားသည်။ ယခုစာရင်းသည် မြေပြင်အချက်အလက် နှင့် အနီးစပ်ဆုံးကောက်ယူထားခြင်းဖြစ်ပြီး ယခုထက်လည်းပိုများနိုင်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကလေးမြို့အနီး ဘုံတောကျေးရွာတွင် နေထိုင်သူအမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးမှုခံခဲ့ရပြီး၊ စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ပို့ဆောင်ရန်စီစဉ်ခဲ့ကြသော်လည်း ဗိုက်ခွဲဒဏ်ရာကြောင့် ကျပ်ငွေ ဆယ့်ငါးသိန်း ပေးဆောင်ခိုင်းကာ ပြန်လွတ်ပေးခဲ့သည်ဟု အဆိုပါအမျိုးသမီးနှင့်နီးစပ်သူ တစ်ဦးကပြောသည်။ “သူကတော့ လူငယ်ပိုင်းပဲရှိသေးတယ်။ မြို့ထဲသွားတုန်းမှာ စစ်မှုထမ်းဖို့အတွက်ဆွဲခံရတာ အစာအိမ်မကောင်းလို့ ဗိုက်ခွဲထားတာ။ ဗိုက်ခွဲထားတဲ့ဒဏ်ရာရှိလို့ သုံးလို့မရဘူးလို့ပြောပြီ ဆယ့်ငါးသိန်းနဲ့ ပြန်ရွေး ခိုင်းတာ အခုတော့ပြန်လွတ် လာပြီ။ အခုတလော…
Author: Editor
(004SS) ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များတွင် လူကြီး၊ ကလေးမရွေး ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းသံသယရောဂါ ဖြစ်ပွားမှုများနေပြီး ၂ လနီးပါးအတွင်း ရောဂါဖြစ်ပွားသူ ၄၈၀ ကျော်ရှိကာ ၁ နှစ်အောက် ကလေးငယ်အပါအဝင် ၄ ဦး သေဆုံးပြီဟု ချင်းပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ကျန်းမာရေးအဖွဲ့အစည်းထံမှ သိရသည်။ အဆိုပါ ကျန်းမာရေးအဖွဲ့အစည်း၏ သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အထိ မင်းတပ်မြို့နယ်အတွင်း ၁၄၃ ယောက်၊ မတူပီမြို့နယ်အတွင်း ၁၉၀ ယောက်၊ ကန်ပလက်မြို့နယ်အတွင်း ၂၄ ယောက်၊ ပလက်ဝမြို့နယ်အတွင်း ၁၂၄ ယောက် ဖြစ်ပွားကြောင်း သိရသည်။ ထို့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပလက်ဝမြို့နယ်တွင် ၁ နှစ်အောက်ကလေး ၂ ယောက်၊ မင်းတပ်မြို့နယ်တွင် ၁ နှစ်အောက်ကလေး ၁ ယောက်နှင့် လူကြီး ၁ ယောက် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့ပြီး အထူးသဖြင့် ၅ နှစ်အောက် ကလေးငယ်သေဆုံးမှု ပိုမိုဖြစ်ပွားနေကြောင်း ချင်းပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသောအဖွဲ့မှ တာဝန်ရှိသူ ဆရာမက ပြောသည်။ “ဖြစ်တာကတော့ လူကြီးရော၊ ကလေးရော ဖြစ်တယ်။ ၅ နှစ်အောက်ကလေး ဖြစ်ပွားနှုန်းက ပိုများတာပေါ့နော်။ အခု သေဆုံးတာတေက အများဆုံး ကလေးတွေမှာဖြစ်တာပေါ့လေ။ သူတို့ကကျတော့ ဝမ်းလျှောပြီဆိုတာနဲ့ လူကြီးတွေလို ဓါတ်ဆားကို မသောက်သောက်အောင် လုပ်လို့မရဘူးပေါ့နော်။ drip ချိတ်ဖို့ဆိုလို့ရှိရင်လဲ…
(006SV) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် NUG အပါအဝင် တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးဘုံသဘောတူညီချက်ထဲ ချင်းညီနောင်အဖွဲ့ – CB ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော် ရွေးကောက်ခံကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့သည် နိုင်ငံရေး ဘုံသဘောတူညီချက် ၆ ရပ်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းနိုင်ငံရေးဘုံသဘောထား ရပ်တည်ချက် ၆ ချက်သည် K2C ဟုခေါ်သော KNPP၊ KNU၊ CNF နှင့် NUG တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်က ပူးတွဲထုတ်ပြန်သော ဘုံသဘောထား ရပ်တည်ချက်များနှင့် အတူတူပင်ဖြစ်သည်ကို တွေ့ရှိရသည်။ “၂၀၂၄ ဇန်နဝါရီလ ထုတ်ပြန်ချက်နဲ့ ဒီထုတ်ပြန်ချက်က နိုင်ငံရေး ရည်မှန်းချက်က အတူတူပဲ ဖြစ်ပါတယ်။ အဲဒီက နိုင်ငံရေး ရည်မှန်းချက်ကိုလည်း ဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတယ်ဆိုတော့ ဒီနိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက်အနေနဲ့ အခိုင်အမာနဲ့ သံဓိဌာန်ချထားပြီးသားအဖွဲ့အစည်းတွေက ထပ်ပြီးတော့ တိုးလာတယ်ဆိုတာကို ပြတဲ့သဘောလည်းဖြစ်တယ်။ ဆိုလိုတာက အဲဒီမှာပါခဲ့တဲ့ KNPP နဲ့ KNU အဖွဲ့ကလည်း NUCC ရဲ့ ERO အဖွဲ့ထဲမှာ ပါပြီသားပေါ့နော်။ အဲလိုပဲ အဲမှာ ပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဒီထုတ်ပြန်ချက်မှာ ပါပြီသားဖြစ်တယ်။ CNF အနေနဲ့…
ချင်းဖွဲ့စည်းပုံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ဖြည့်စွက်အတည်ပြုပြီး ကောင်စီအဖွဲ့ဝင်သစ်များ လက်ခံခဲ့ဟုဆို (006SV) ချင်းပြည်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ကျင့်သုံးနိုင်ရေးအတွက် ဒေသန္တရအစိုးရများ အားကောင်းရေး လုပ်ဆောင် သွားမည်ဟု ချင်းပြည်ကောင်စီ၊ ပထမသက်တမ်း၊ စတုတ္ထအကြိမ် ကောင်စီအစည်းအဝေးက ဖေဖော်ဝါရီလ ၂ ရက် ထုတ်ပြန်သည်။ ဒေသန္တရအစိုးရများ အားကောင်းရေးမှသည် ချင်းပြည်အစိုးရ အားကောင်းရေး၊ ချင်းပြည်အစိုးရ အားကောင်းရေးမှသည် ပြည်ထောင်စုအစိုးရ အားကောင်းရေး မူနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်သွားမည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။ စစ်အာဏာရှင်အဆက်ဆက်က ဖန်တီးပေးခဲ့သည့် အုပ်ချုပ်ရေးစနစ်အစား ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ရေးဆွဲ အတည်ပြုပြဌာန်းလျက် ချင်းပြည်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝကျင့်သုံးနိုင်ရေးအတွက် ချင်းပြည်ကောင်စီ မူဝါဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေသည်ဟု သိရသည်။ စတုတ္ထအကြိမ်ကောင်စီအစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး ချင်းလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ ချင်းအမျိုးသာားတပ်ဦး CNF အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ်များ ၁၀၃ ဦး နှင့် လေ့လာသူ ၁၅ ဦး တက်ရောက်သည်ဟု သိရသည်။ ချင်းပြည်ကောင်စီအဖွဲ့ဝင်သစ်များ လက်ခံအတည်ပြုခြင်း၊ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အတည်ပြုခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။ ချင်းပြည်ကောင်စီနှင့် မဏ္ဍိုင် ၃ ရပ်၏ လုပ်ငန်းအစီရင်ခံစားများအပေါ် ဆွေးနွေးခြင်း၊ လက်ရှိနိုင်ငံရေး၊ စစ်ရေး သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်ဟု…
၄ နှစ်တာကာလအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၉ ဦးအပါအဝင် ၄၈၀ နီးပါး ကျဆုံး (006SV) ချင်းပြည်နယ်၏ စစ်အာဏာရှင်တော်လှန်ရေးအတွင်း မြို့ပေါင်း ၁၅ မြို့ကို ချင်းခုခံတော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ထဲက အမျိုးသမီးရဲဘော် ၉ ဦးအပါအဝင် ရဲဘော် ၄၇၄ ဦး ကျဆုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် – ICA ထံမှ သိရသည်။ စစ်အာဏာသိမ်းယူပြီး ၄ နှစ်အတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ သုတေသနပြုလုပ်ချက်များကို ချင်းရေးရာအဖွဲ့ချုပ် – ICA က ဇန်နဝါရီလ ၁ ရက်မှာ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ “ခုခံတော်လှန်ရေးတပ်ဖွဲ့တွေ ကျဆုံးတာက တိုက်ပွဲဖြစ်ရင်နဲ့ ကျဆုံးတာက အများဆုံး တွေ့ရတယ်။ အမျိုးသမီးတွေ ကျဆုံးတာက ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ ဒီလေကြောင်းတိုက်ခိုက်မှု ကြောင့်သော်လည်းကောင်း ကျဆုံးတာတွေကို တွေ့ရှိရပါတယ်” ဟု ICA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန်ဆွီးစံက ပြောသည်။ ချင်းလူငယ်များသည် အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ဆန္ဒပြကြရာမှ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ခုခံတော်လှန်ရန် နေရာ အသီးသီးတွင် တော်လှန်ရေးတပ်ဖွဲ့များ တည်ထောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။ ချင်းညီနောင်ဖွဲ့စည်း တည်ထောက်ပြီး တနှစ်အတွင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့များမှ ရဲဘော် ၁၀၀ ဝန်းကျင် ကျဆုံးပြီး ၄၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ တည်ထောင်မှု တနှစ်ပြည့်၊ ၂၀၂၄ ဒီဇင်ဘာလက ပြောကြားထားသည်။…
(004SS) ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ် သွီးထန်ရွာအနီးတွင် ဂျစ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လိုက်ပါစီးနှင်းသူ ၃ ဦးအနက် ၂ ဦးမှာ ပွဲချင်းသေဆုံးပြီး တစ်ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ကားက အရှန်တော်တော်ပြင်းတယ်လို့ပြောတာပဲ၊ အမျိုးသား ၃ ယောက် စီးလာတာ၊ ကားမတော်တဆဖြစ်တော့ ကားမောင်းသူ (Buan khua) နဲ့ ကျွန်မတို့ရွာသားတစ်ယောက် သူတို့ ၂ ယောက်က ပွဲချင်းဆုံးသွားတယ်၊ ကျန်တစ်ယောက်က ဦးခေါင်းမှာ ဒါဏ်ရာရတယ်၊ ဆေးရုံးပို့ကြတယ်လို့ ကြားတယ်။ သူ့အခြေအနေတော့ မသိရသေးဘူး” ဟု သေဆုံးသူနဲ့ တစ်ရွားတည်းအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါဂျစ်ကားသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ည ၇ နာရီဝန်းကျင်တွင် သွီးထန်ရွာကို ဖြတ်ပြီး တီးတိန်မြို့ဘက်အသွား သွီးထန်နှင့် မဏိပူရမြစ်ကြား ထတ်ပီ (Thakpi) တွင် မတော်တဆမှုဖြစ်ပွားကာ နောက်တနေ့ တနဂ်နွေနေ့ကျမှ တွေ့ရှိခဲ့ကြသည်ဟု ZYA Tuithang က လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့ ရှောင်ကွင်းလမ်းကို ခရီးသွားမိဘပြည်သူများ အနေဖြင့် ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်ကြောင်း Falam Regional Committee က ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အသိပေးချက်ထုတ်ပြန်သည်။ ဖလမ်းမြို့ရှောင်ကွင်းလမ်းမှ သွားလာနေကြသော ခရီးသွားမိဘပြည်သူတွေအနေဖြင့် Skat, Forland, Haimual ကားအမျိုးအစားများ၊ အိမ်စီးကားများနှင့် ၆ ဘီးကားများအထိ ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်ကြောင်း၊ (၁၀) ဘီးနှင့် အထက်ကားကြီးများအား ဖြတ်သန့်ခွင့်မပြုသေးကြောင်း အသိပေးထားသည်။၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေများအရ ဖလမ်းမြို့တွင်းသို့ ယာဉ်ကြီး/ ယဉ်ငယ်များအားလုံး ဖြတ်သန်းသွားလာခွင့် တားမြစ်ထားပြီးနောက် ခရီးသွားများအနေဖြင့် ရှောင်းကွင်းလမ်းအား အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ သို့သော် စစ်ရေးအခြေအနေများအပြင် ပြည်သူများ၏လုံခြုံရေးအတွက်ဟု ဆိုကာ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖလမ်းမြို့ ရှောင်ကွင်းလမ်းကို Skat ၊ Forland ၊ ၆ ဘီးကား ၊ ၁၀ ဘီးကားနှင့် ၁၂ ဘီးကားများအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ဖလမ်းမြို့ကို ချင်းအမျိုးသားအဖွဲ့ချုပ် ၊ CNO/CNDF က ထိန်းချုပ်ထားပြီး နောက်ဆုံး လက်ကျန် စစ်ကောင်စီ ခလရ – ၂၆၈ တပ်ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကုက္ကိုလ်ကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် အသက် (၅) နှစ်အရွယ် ကလေးအပါအဝင် စစ်ရှောင် အရပ်သားပြည်သူ (၉) ဦးသေဆုံးကာ (၁၇) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကူညီကယ်ဆယ်သူများထံမှ သိရသည်။ ဇန်နဝါရီလ (၃၁) ရက်နေ့ ညနေ ငါးနာရီအချိန်တွင် စစ်ကောင်စီသည် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကာ ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိခဲ့သည်ဟု ကုက္ကိုလ်ကျေးရွာမှ ကူညီကယ်ဆယ်ရေးပြုလုပ်နေသူက ပြောသည်။ “ဒဏ်ရာရတဲ့ လူဦးရေ (၁၇) ဦး၊ ပြင်းထန်ဒဏ်ရာရ (၅)ယောက်ပါတယ်။ သေဆုံးသူက (၉) ဦး၊ ကလေးတယောက်က အတည်မပြုရသေးဘူး။ တဲ က မီးလောင်ပြာကျသွားတာ (၅) လုံး၊ အနောက်နားမှာကွဲတာ လွင့်စင်သွားတာ တဲက (၇) လုံး တဲနေရာတွေတောင် ပျောက်သွားတယ်။ အကုန်လုံး လွင့်ထွက်ကုန်တာ ဝါးလေးတွေပဲပြန်ရတယ်။ စာသင်ကျောင်းနံရံတွေ၊ သွပ်တွေပဲ ပျက်စီးတာ လုံးလုံးပျက်စီးတာ မဟုတ်ဘူး” ဟု ကုက္ကိုလ်ရွာမှ ကူညီကယ်ဆယ်ပေးသူက ပြောသည်။ အရပ်သားပြည်သူများမှာ ကုက္ကိုလ်ရွာ၊ အင်ကြင်းကျေးရွာ၊ ကျောက်ဆည်ကျေးရွာနှင့် ဟံသာဝတီကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြသည်။ အဆိုပါ သေဆုံးသူများမှာ – မောင်မောင် (၅ နှစ်)၊ ဖြိုးဖြိုးပွင့် (၈ နှစ်)၊ မမဲသူစိန် (၁၂ နှစ်)၊ ဒေါ်မှတ်သား (၂၅) နှစ်၊ ဒေါ်မိတင် (၄၀ နှစ်)၊ ကိုးတန်းကျောင်းသူ အိတင်ဖြိုး (၁၇ နှစ်)၊ (၆)…
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကုက္ကိုလ်ကျေးရွာက စစ်ရှောင်စခန်းကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီ ၃၁) ရက် ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကလေးတောင်ပိုင်း၊ တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေဖြစ်သော ကုက္ကိုလ်ရွာ စစ်ဘေးရှောင်စခန်းကို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “လောလောဆယ်သေဆုံးတာကတော့ ကျနော်တို့ကြားတာ ၉ ဦးထက်မနည်းလို့သိရတယ် အဲဒီထက်လည်း ပိုများ နိုင်ပါတယ်” ဟု ယင်းအခြေအနေကို သိရှိထားသူ ကလေးဒေသခံတစ်ဦးကပြောသည်။ အဆိုပါ လေကြောင်းတိုက်ိခုက်မှုကြောင့် သေဆုံးသူများမှာ အရပ်သားပြည်သူ စစ်ဘေးရှောင်များဖြစ်ကြပြီး ထိခိုက်သေဆုံးမှုအခြေအနေမှာ ပိုတိုးလာနိုင်သည်ဟု သိရသည်။ မြေပြင်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များ ခိုလှုံနေသည့်နေရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်သည်ဟု သိရသည်။
(006SV) စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးက စစ်ကောင်စီပူးပေါင်းတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းလာပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ တမူးမြို့အနီးက ကျွန်းပင်သာ နှင့်မင်းသာရွာတို့က စစ်ကောင်စီ ခလရ – ၂၂၈ တပ်၊ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-IM) တပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) တို့ ပူးပေါင်းတပ်စွဲထားသော စစ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ “တိုက်ပွဲကလည်း ပိုပြင်းထန်လာတယ်။ သူတို့ဘက်က စစ်ကူတွေနဲ့ ထပ်ဖြည့်အင်အားတွေ စေလွတ်နေလို့ပါ။ အခုလောလောဆယ်တော့ ကုန်းကြောင်းကပါ။ တိုက်ပွဲက ဒီနေ့အထိ ဆက်တိုက်ဖြစ်နေတာပါပဲ” ဟု ကူကီးအမျိုးသားတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဇန်နဝါရီလ ၂၇ ရက်မှစတင်၍ ယနေ့ ၃၁ ရက်အထိ တမူးမြို့အနီးက စစ်စခန်းများကို တမူးခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် ကူကီးအမျိုးသားတပ်မတော် KNA (B) တို့က ၅ ရက်ကြာအထိ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာကို ကုန်းကြောင်းဖြင့် တပ်အင်အားများ ဖြည့်တင်းနေပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများတွင် ၎င်းတို့တပ်ဖွဲ့ဝင်များရှိသော နေရာများကိုပါ ကြဲချတိုက်ခိုက်မှုများလည်း ပြုလုပ်သည်ဟု သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု များပြားပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း ကူကီးအမျိုးသားတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တမူးမြို့တွင် စစ်ကောင်စီတပ် ခလရ – ၂၂၈ တပ်ဖွဲ့ဝင်မှာ အနည်းငယ်သာရှိပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီတပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) တပ်ဖွဲ့ဝင်အင်အားအများအပြားဖြင့် ခုခံတိုက်ခိုက်နေသည်ဟု…
