(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဟာသာကျေးရွာကို စစ်ကောင်စီက ယမန်နေ့မှာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက် ဒါဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။ Halta ကျေးရွာဒေသခံများသည် ကလေး-ဂန့်ဂေါကြားတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရာမှ သောကြာနေ့က နေရပ် ပြန်လာကြပြီးနောက် ဖေဖော်ဝါလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခန့်မှာ ဗုံးကြဲခံရခြင်းဖြစ်သည်ဟု သိရသည်။“ဒေသခံတွေက ကလေး-ဂန်ေဂါကြားက တိုက်ပွဲကြောင့် သူတို့ စစ်ဘေးရှောင်ကြတာ သောကြာနေ့ကမှ ပြန်လာကြတာ၊ မနေ့က ဗုံးမကြဲခင်အထိတော့ ကျွန်မတို့အိမ်နဲ့ ကောင်းကောင်း ပြောဖြစ်သေးတယ်။ သူတို့ကတောင်မှ ဘာမှမဖြစ်ဘူး ငြိမ်တယ်၊ အဆင်ပြေတယ် လို့တောင် ပြောသေးတာ။ အခုတော့ အားလုံး စစ်ဘေးရှောင်ကြမှာ၊ ဘယ်သူမှ နေရဲကြမှာ မဟုတ်တော့ဘူး။ အခု ဘယ်သူနဲ့မှ အဆက်အသွယ်လဲမရဘး” ဟု မြေပြန့်ရောက် Halta ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဗုံးကြဲခံရမှုကြောင့် ဦး တိာလ်အုပ်နှင့် ဦး ဒေါသ့်အုပ်တို့ နေအိမ်များ ပျက်ဆီးခဲ့ကြောင်း သိရပြီး၊ ဒါဏ်ရာရရှိသူများထဲတွင် ဦး ဒေါသ့်အုပ်တို့ မိသားစုဝင် ၄ ဦး ပါဝင်ကြောင်း သိရသည်။ အဆိုပါ ထိခိုက် ဒါဏ်ရာရရှိသူများသည် အသက်အန္တရယ် မစိုးရိမ်ရကြောင်း သိရသည်။ လွန်ခဲ့သော ၂ ပါတ်ခန့်က ကလေး- ဂန်ေဂါကြား တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့…
Author: Editor
ရခိုင်-မကွေး အစပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ နည်းမျိုးစုံဖြင့် ဆက်သွယ်လက်နက်ချနိုင်ဟု CDF နှင့် PDF ပူးပေါင်းထုတ်ပြန် (006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများတင်ဆောင်ပြီး ဆုတ်ခွာစစ်ဆင်လာသည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ယာဉ် ၂ စီးပျက်စီးကာ ထိခိုက်သေဆုံးမှုများပြားကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF–Asho) ထံမှ သိရသည်။ဖေဖော်ဝါရီလ ၂၂ ရက် နေ့လည် ၁ နာရီခန့်တွင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်များ တင် ဆောင်လာသည့် စစ်ယာဉ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်ကို တိုက်ခိုက်ရာ တိုက်ပွဲမှာ တနာရီဝန်းကျင်ခန့် ဖြစ်ပွားသည်ဟု CDF – အရှို့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးရှင်းက ပြောသည်။ “ဆုတ်ခွာလာတယ်ဆိုတာက တစခန်းလုံး ဆုတ်ခွာလာတာ မဟုတ်ပဲနဲ့ လက်နက်ခဲယမ်းတွေကို မြေပြန့်ဘက်က တပ်ရင်းတွေကို ရွေ့တာမျိုးလို့ ယူဆရပါတယ်။ အခုက တိုက်ပွဲဖြစ်ပြီးတဲ့ နေရာအဝန်းအဝိုင်းရော၊ နတ်ရေကန်လမ်းဟောင်း တလျှောက်လုံး မှာရော နေရာတော်တော်များများမှာ စကစတွေက တပ်စွဲထားပြီးမှ လမ်းကြောင်းမှာ လုံခြုံရေးအခိုင်အမာ ယူထားပြီးမှ လက်နက်ခဲယမ်းတွေကို ရွေ့ပြောင်းနေတာ ဖြစ်ပါတယ်” ဟု ဆလိုင်းရိုးရှင်းက ပြောသည်။ ငဖဲမြို့နယ်၊ ပျဉ်းဝစစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ နတ်ရေကန် လမ်းဟောင်းတွင် စစ်ကောင်စီယာဉ် တန်းကို ဖြတ်တောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာများ များပြားသည်ဟု သိရသည်။ စစ်ကောင်စီစစ်ယာဉ်တန်းမှ စစ်ကား ၂…
ရေး – Salai Vakok “အိန္ဒိယဘက်ကို ပို့တာ၊ ကုန်သည်တွေက ဒီကို လာဝယ်ကြတယ်” ချင်းမြောက်ပိုင်း၊ ဘိန်းခင်းတွေမှ ဘိန်းဆီတွေကို ဝယ်သူတွေအကြောင်း တီးတိန်မြို့နယ်ထဲက ခိုနူမ်းသုန်းရဲ့ သတင်းရင်းမြစ်တဦးက ပြောပြပါတယ်။ ၂၀၂၁ ခုနှစ်မှာ စတင်တဲ့ နွေဦးတော်လှန်ရေးရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်မှာ တွန်းဇံနဲ့တီးတိန်ကြား၊ ဘိန်းစိုက်ပျိုးမှု သိသိသာသာများလာပြီး တတိယနှစ်နဲ့ စတုတ္ထနှစ်တို့မှာ ဧကရာချီပြီး တရှိန်ထိုးမြှင့်တက်သွားပါတယ်။ အရင်က လူသူအရောက်အပေါက် နည်းတဲ့ ဒေသမှာ တနိုင်တပိုင်စိုက်ပျိုးကြပေမယ့် ခုချိန်မှာ ငွေကြေးတတ်နိုင်သူတွေက မြေယာငှားရမ်းပြီး အလုပ်သမားတွေနဲ့ပါ ဘိန်းစိုက်ကြတယ်လို့ ဒေသခံနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။ “အရင်တုန်းက မပေါ်, တပေါ်၊ ဘယ်မှာ ရှိသလဲဆိုတာ မသိရဘူး။ အခုက တနေရာကနေ ကြည့်ရင်တောင် တောင်ကြောနီးပါးတခုလုံးကို တောင်ယာခုတ်သလိုပဲ ခုတ်လာကြတာဆိုတော့ တော်တော်များတယ်” လို့ တီးတိန်မြို့ ဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ တွန်းဇံနဲ့ တီးတိန်ကြားက ဧကရာချီတဲ့ ဘိန်းခင်းတွေထဲ ဘိန်းခင်း ၃ ဧကကို CDF CDM စီယင်းတပ်ဖွဲ့က ၂၀၂၄ ဒီဇင်ဘာလက ဖျက်စီးခဲ့ပြီး ဘိန်းခင်းများကို တခင်းပြီးတခင်း ဖျက်သိမ်းသွားဖို့ စီစဉ်နေပါတယ်။ # ဧက ထောင်ချီရှိလာတဲ့ ချင်းပြည်က ဘိန်းခင်းများ ၂၀၂၄ မှာ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းမြင့်တက်သွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC)က ထုတ်ပြန်ထားပါတယ်။ ပြည်မထဲက မူးယစ်ဆေးဝါး တွေလည်း ချင်းပြည်ကို ဖြတ်ပြီး…
(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဇန်နဝါရီလ (၃၁) ရက်နေ့ကစပြီး လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ တောင်ပိုင်းဒေသမှာ အရပ်သားပြည်သူ ၂၀ နီးပါးသေဆုံးခဲ့ရသလို အနည်းဆုံးကျေးရွာ ၁၅ ရွာက ဒေသခံပြည်သူ တစ်သောင်းကျော်တို့ဟာ အရေးပေါ်စစ်ဘေး တိမ်းရှောင်ခဲ့ကြရပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေဆဲဖြစ်သောကြောင့် ဒေသခံ ပြည်သူများ နေရပ်မပြန်နိုင်ကြသေးဘဲ တောတောင်တွေထဲမှာ အဆင်ပြေသလို နေထိုင်စားသောက်နေကြရပါတယ်။ မသန့်ရှင်းသော ရေတွေသောက်သုံးမှုကြောင့်လည်း ရာနဲ့ချီသော စစ်ဘေးရှောင်များ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ စတဲ့ ကျန်းမာရေး ပြဿနာများကိုလည်း ရင်ဆိုင်နေကြရပါတယ်။ ကလေးတောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လက်ရှိ နေထိုင်မှု ၊ စားနပ်ရိက္ခာ လိုအပ်မှု အပါအဝင် ကျန်းမာရေး အခြေအနေတွေနဲ့ပက်သက်ပြီး စစ်ဘေးရှောင်များကို မြေပြင်မှာအကူအညီပေးနေတဲ့ ကလေးစစ်ဘေးရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူတဦးကို ခိုနူမ်းသုန်သတင်းက ဆက်သွယ်မေးမြန်းထားပါတယ်။# မေး- ကလေးတောင်ပိုင်းဒေသမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု နဲ့တိုက်ပွဲတွေကြောင့် စစ်ဘေး တိမ်းရှောင် နေကြရတဲ့ ရွာပေါင်းက ဘယ်လောက်ရှိသွားပြီလဲ။ လူဦးရေအားဖြင့် ဘယ်လောက်ရှိသွားပြီလဲ?ဖြေ- စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့်မို့လို့ ကျေးရွာတော်တော်များများ အများဆုံး (၁၅) ရွာလောက်က ဘေးကင်းအောင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ စစ်ဘေးရှောင်နေ ကြရတဲ့ပြည်သူတွေကတော့ တစ်သောင်းကျော်တော့ ခန့်မှန်းထားပါတယ်။# မေး- စစ်ဘေးရှောင်တွေက အဓိက ဘယ်နေရာမှာတွေတိမ်းရှောင်ကြရတာလဲ ။ တောတောင်တွေထဲမှာ ပဲနေကြတာလား။ ဘယ်လိုပုံစံမျိုးနဲ့နေထိုင်ကြတာပါလဲ။ဖြေ- ကလေးတောင်ပိုင်းစစ်ရှောင်တွေကြတော့ အတိကျတော့ဖော်ပြလို့မရဘူး။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီရဲ့ ယုတ်မာမှုတွေက အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ထိခိုက်တာတွေဖြစ်တော့လေ အတိအကျ ပြောလို့မရဘူး။ နေရာ…
(006SV) မရာလူမျိုးအချင်းချင်းကြား ပဋိပက္ခကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ဆောင်ရွက်မည်အပါအဝင် မရာပြည် သူ့ညီလာခံမှ ဘုံသဘောတူညီချက် ၆ ချက် ဆုံးဖြတ်ချမှတ်နိုင်ခဲ့ကြောင်း MTC/MDF က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၁ ရက်အထိ တတိယအကြိမ် မရာပြည်သူ့ညီလာခံကို ကျင်းပခဲ့ရာ လိုင်လင်းပီမြို့အပါအဝင် မရာကျေးရွာ ၄၃ ရွာမှ ပြည်တွင်းပြည်ပ လူထုကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ၊ မဟာမိတ်မှ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများအပါအဝင် လူဦးရေ ၃၀၀ ကျော် တက်ရောက်သည်ဟု သိရသည်။ မရာမျိုးနွယ်စုအကြား စည်းလုံးညီညွတ်ရေးအတွက် တခုတည်းသော အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ တည်ဆောက် နိုင်ရေးကို အခြေခံမူအပေါ်တွင် ဆောင်ရွက်မည်ဖြစ်ပြီး ဖြစ်ပွားနေသော အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသော နည်းလမ်းကို အသုံးပြုမည်ဟု သိရသည်။ မရာနယ်မြေလုံခြုံရေးအတွက် နယ်မြေကျူးကျော်မှုနှင့် ရန်လိုဗိုလ်ကျမှုကို တားဆီးကာကွယ်သွားမည်ဖြစ်ပြီး မရာလူမျိုးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို နိုင်ငံရေးနည်းလမ်းဖြင့် အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းရန် ကြိုးပမ်းမည်ဟု ညီလာခံက ဆုံဖြတ်သည်။ မရာနယ်မြေအတွင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ကာကွယ်ရေး လုပ်ငန်းများကို မရာပဋိညာဉ်ပြဌာန်းချက်နှင့်အညီ မရာဒေသန္တရအစိုးရနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ကို အပြည့်အဝအပ်နှင်းသည်ဟု ညီလာခံက ဆုံးဖြတ်သည်။ တတိယအကြိမ်မြောက်ညီလာခံတွင်လည်း MTC/ MDF အဖွဲ့သည် မရာမျိုးနွယ်စုကို ကိုယ်စားပြုသော တော်လှန်ရေးအဖွဲ့ အစည်းအဖြစ် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ လက်ရှိနွေဦးတော်လှန်ရေးမှာ မရာချင်းမျိုးနွယ်စုတွင် ချင်းလဲန်းကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော CDF – မရာ နှင့် ချင်းညီနောင်နှင့်…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ဒိုးနွယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဒိုးနွယ်ကျေးရွာကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့က မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ “ ဒိုးနွယ်ကျေးရွာကိုလေကြောင်းနဲ့ ဗုံးကြဲသွားတယ်။ အပြစ်မဲ့ပြည်သူ (၁)ဦးဆုံးတယ်။ ဒဏ်ရာရထားတဲ့သူတွေလည်းရှိ တယ်။ အခုတောင်ပိုင်းဒေသတွေက စစ်ကောင်စီကနေ ဖုန်းတာဝါတွေကို ဗုံးကြဲသွားတော့ လေကြောင်းကနေလည်း တိုက်ခိုက်သွားတော့ လုံးဝဖုန်းလိုင်းပြတ်တောက်နေတယ်။” ဟု ကလေးမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင်တာဝန်ခံ ကပြောသည်။ အဆိုပါ သေဆုံးသူသည် အသက် (၆၂) နှစ် အရွယ် အမျိုးသားဖြစ်ပြီး ကျေးရွာနေအိမ်အတွင်းရှိနေစဉ် ဗုံးစထိ မှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ကလေးငယ်အပါအဝင် အမျိုးသမီး (၇) ဦး ထိခိုက် ဒဏ်ရာရရှိပြီး လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေသည်ဟု သိရသည်။ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်ပျက်စီးမှုများရှိနိုင်သော်လည်း လတ်တလောတွင် ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် ပျက်စီးမှုများအား အတည်ပြုနိုင်ရန်ခက်ခဲကာ ဒေသခံများသည်လည်း စစ်ဘေးထပ်မံ တိမ်းရှောင်မှုများရှိသည်ဟု သိရသည်။ လက်ရှိတွင် စစ်ကောင်စီသည် ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား လက်နက်ကြီးဖြင့်ရမ်းသမ်း ပစ်ခတ် ခြင်းများ နေ့စဉ်ပြုလုပ်နေသည့်အပြင် နေ့ခင်းပိုင်းအချိန်များတွင် ဂျက်ဖိုက်တာဖြင့် ကင်းလှည့်ခြင်း၊ ညပိုင်းအချိန်တွင် Y-12 ထောက်ပို့လေယာဉ် ပျံဝဲခြင်းများ ပြုလုပ်နေကြောင်း စစ်ဘေးရှောင်တာဝန်ခံပြောသည်။
(006SV) ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီး ပြန်လည်နေရာချထားရေး ဆောင်ရွက် နေသည့် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သည်ဟု CDF – မင်းတပ်နှင့် ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁ နာရီခန့်မှာ မင်းတပ်မြို့ပေါ်က စံပြရပ်ကွက်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံးနှင့် ပေါင် ၂၅၀ ဝန်းကျင်ရှိသော ဗုံး ၁ လုံးတို့ကို ကြဲချတိုက်ခိုက်သွားသည်ဟု CDF Mindat သတင်းပြန်ကြား ရေးနှင့် မှတ်တမ်း ဌာန၊ ဌာနမှူး ကိုဇလပ်သွေးနှင့် မင်းတပ်မြို့ခံကိုဟာကလေးထံမှ သိရသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ နေအိမ်များ ထိခိုက် ပျက်စီးမှုများလည်း မရှိခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် သဝဏ်လွှာဖြင့် ဖိတ်ခေါ်နေသော်လည်း တဖက်မှာ တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီ နှစ်လနီးပါးအကြာ ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ နှစ်ရှည်လများ အိုးအိမ်စွန့်ခွာရသည့် ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို…
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်က Senthang Revolution Force (SRF) ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။ MA 1 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည်ဆံအချို့နှင့်အတူ အလင်းဝင်ရောက်လာသူကို ဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း Senthang Revolution Force (SRF)က ထုတ်ပြန်သည်။ အလားတူ အခြားသော စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက Senthang Revolution Force (SRF) မှ အမြဲကြိုဆိုကြောင်းနှင့် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်း များနှင့် အတူ CDF – CDM Siyin ထံ အလင်းဝင်ရောက်လာခဲ့သည်။
(002MG) ချင်းပြည်၏ လက်ရှိတော်လှန်ရေးကာလ စစ်ရေးနှင့် နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုကာ လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲကင်းကင်းဖြင့် တော်လှန်ရေးအင်အားစုများအကြား ခိုင်မာသည့်ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်သွားကြရန် ယနေ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ တွင် ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်တွန်းပြောဆိုလိုက်သည်။ အတိတ်ကာလ ဖြတ်သန်းခံစားခဲ့ကြရသည့် နိုင်ငံရေး ဆုံးရှုံးမှုများအား သင်ခန်းစာ ယူကာ ပိုမို ခါးသီး သော အာဏာရှင် စနစ်ဆိုးမွေများအား အနာဂတ်မျိုးဆက်သစ်များပြန်လည်မခံစားစေအရေးသည် မိမိတို့ ပခုံးပေါ်တွင် ကျရောက်နေပြီ ဖြစ်သည်နှင့်အညီလူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲကင်းကင်းဖြင့် “အဓိက နှင့် သာမည” ကို ခွဲခြမ်းစိတ်ဖြာပြီး တော်လှန် ရေးအင်အားစုများအကြား ခိုင်မာသောယုံကြည်မှုတည်ဆောက်ကာ အတူတကွတိုက်ပွဲဝင်ကြရန် ချင်းအမျိုး သားတပ်ဦးက တိုက်တွန်းတောင်းဆိုခြင်းဖြစ်သည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းလဲန်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ဖွဲ့စည်းထားသည့် ချင်းလဲန်း ကောင်စီ၊ ချင်းလဲန်းအစိုးရ၊ ချင်းလဲန်း လွတ်တော်နှင့် တရားလွတ်တော် ပိုမိုအားကောင်းခိုင်မာရေးနှင့် ၁၉၄၇ ပင်လုံကို အခြေခံ၍ ထူထောင်ခဲ့သော ပြည်ထောင်စုကြီး မပြိုကွဲရေးနှင့် နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်တည် ဆောက်နိုင်ရေးအ တွက် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက် ညီစွာ အခိုင်အမာတည်ဆောက်ပြီး ယုံကြည်ချက်နှင့် ဦးတည်ချက် တူညီသော ညီနောင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အခြားမိတ်ဖက်များ၊ နိုင်ငံတကာ အစိုးရများနှင့်…
(006SV) နွေဦးတော်လှန်ရေးတွင် ချင်းအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းပြီး လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော ချင်းဒေသကို လက်တွဲထူထောင်ကြရန် ယနေ့ ချင်းအမျိုးသားနေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သော ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သဝဏ်လွှာပေးပို့ရာမှာ ချင်းတော်လှန်ရေး၏ လက်ရှိအခင်းအကျင်းနှင့် ပတ်သက်၍ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ လက်ရှိတော်လှန်ရေးတွင် ချင်းတိုင်းရင်းသားများအတွက် ဦးဆောင်လျက်ရှိသော တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများအနေဖြင့် အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး လွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်း ခွင့်အပြည့်အဝရှိသော ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ရန် မျှော်လင့်ကြောင်း NUG အစိုးရက ဆိုသည်။ NUG အစိုးရနှင့် လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို တိုက်ပွဲဝင်လျက်ရှိသော ချင်းခေါင်းဆောင်များနှင့် ချင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့ အသီးသီးကို ဂုဏ်ယူစွာ ကမ္ဗည်း မှတ်တမ်းတင်ထားမည်ဟု ကြေညာချက်တွင်ဖော်ပြထား သည်။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် မပြီးဆုံးသေးသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးတို့တွင် မဟာမိတ်ချင်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ချင်းပြည်သူ လူထုတို့ နှင့်အတူ NUG အစိုးရက လက်တွဲဆောင်ရွက်သွားမည်ဟု ကတိပြု ထုတ်ပြန်ထားသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ကလည်း ချင်းတိုင်းရင်းသားများ၊ အခြား တော်လှန်ရေးအင်အားစုများ အားလုံးနှင့်အတူ ညီညွတ်မှုကို တည်ဆောက်၍ စစ်အာဏာရှင်စနစ် ကင်းစင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်…