Author: Editor

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ကြေညာသည်။ မေလ ၁၉ ရက်က ဖလမ်းမြို့နယ်နေ ပြည်သူလူထုအားလုံး သိစေရန်ဟူ၍ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ထုတ်ပြန်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မပေါ်ပေါက်မီကာလအတွင်း လက်ရှိ တည်ဆဲ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မှီတင်းနေထိုင်သော မျိုးနွယ်စု အားလုံး၏ ဖြစ်တည်မှုကို လက်ခံအသိအမှတ်ထားပြီး မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စအဝဝကို မိမိတို့က တာဝန်ယူဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မျိုးနွယ်စုများအကြား စည်းလုံးမှုပျက်ပြားစေနိုင်သော ပြုမူဆောင်ရွက်ချက်များကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ကြေညာသည်။ ဖလမ်းမြို့နယ်အတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၊ CDF – ဟွာလ်ငိုးရမ်း၊ CDF – Zanniatram နှင့် CDF-Ngawnram တို့ စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားကြသည့် CDF – ထာဒို တပ်ဖွဲ့နှင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA – EC) တို့ကြား စစ်သုံ့ပန်းများ လဲလှယ်ခဲ့ကြသည်ဟု သိရသည်။ မေလ ၁၆ ရက်က တိုက်ပွဲများအတွင်း ဖမ်းဆီးခံထားရသော CDF – Thado (ထာဒို) တပ်ဖွဲ့ဝင် ၄ ဦးနှင့် ဇိုမီးတော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးတို့သည် စစ်သုံ့ပန်းများ လဲလှယ်မှု ညိနှိုင်းခြင်းအရ အောင်မြင်စွာ လဲလှယ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းတော်လှန် ရေးအင်အားစုတချို့ထံမှ သိရသည်။ “CDF – Thado က တပ်ဖွဲ့ဝင် ၄ ယောက်နဲ့ CNA က ဖမ်းဆီးထားတဲ့ ZRA တပ်ဖွဲ့ဝင် ၁ ဦးတို့ အဲဒါကို လဲလှယ်တာပါ။ အဲဒါက အကုန်လုံးလည်း အဆင်ပြေကြပြီ။ ZRA စစ်သား တယောက်လည်း ZRA တွေရဲ့ လက်ထဲကို ရောက်ပြီ။ CDF – Thado က ၄ ယောက်ကိုလည်း CDF – Thado လက်ထဲ ရောက်ပြီ” ဟု တွန်းဇန်မြို့ဒေသခံ ၁ ဦးထံမှ သိရသည်။နှစ်ဖက်တိုက်ပွဲများအတွင်း CDF – Thado တပ်ဖွဲ့ဝင် ၄ ဦးကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းထားခြင်းဖြစ်ပြီး ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ချင်းအမျိုးသားတပ်ဦး CNF/ CNA က ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း လဲလှယ်မှုနှင့်ပတ်သက်၍…

Read More

(004SS) ချင်းပြည် (ချင်းလဲန်) ဖွဲ့စည်းပုံအတိုင်း ဒေသန္တရတစ်ခုအဖြစ် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေသော ဟွာလ်ငိုးရမ်းဒေသသည် စစ်အစိုးရ၏ ခေတ်အဆက်ဆက် သတ်မှတ်ပေးသော မည်သည့် မြို့နယ်၊ နယ်နိမိတ်အောက်တွင် မရှိဟု ဟွာလ်ငိုးရမ်းပြည်သူ့အဖွဲ့အစည်း (HPO) က ယမန်နေ့ညတွင် ထုတ်ပြန်သည်။ HPO/ CDF- Hualngoram သည် ချင်းပြည် (ချင်းလဲန်း) ဖွဲ့စည်းပုံ ၂၀၂၃ နှင့်အညီ ဖွဲ့စည်းထားသော ဒေသန္တရအစိုးရတစ်ခုဖြစ်ပြီး ဟွာလ်ငိုးရမ်းဒေသတွင် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျှက်ရှိသည်။ ထို့ကြောင့် ဟွာလ်ငိုးရမ်းဒေသအတွင်း ပညာရေး၊ ကျန်မာရေး ကဏ္ဍအသီးသီး၌ ဝန်ဆောင်မှုပေးလျှက်ရှိသော NGOs အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဆေးရုံဆေးခန်းများအနေဖြင့် ဟွာလ်ငိုးရမ်း ဒေသန္တရအစိုးရ၏ ခွင့်ပြုချက်မပါဘဲ လုပ်ငန်းဆောင်ရွက်ခွင့် လုံးဝ (လုံးဝ) မရှိကြောင်း HPO က ဆိုသည်။ ဟွာလ်ငိုးရမ်းဒေသန္တရအစိုးရ ထိန်းချုပ်နယ်မြေအတွင်း၌ ပုဂ္ဂလိကနှင့် အခြားသော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသန္တရအစိုးရ၏ ခွင့်ပြုချက်မပါပဲ လက်နက်နှင့်အတူ ဖြတ်သန်း သွားလာခွင့်လုံးဝ (လုံးဝ) မပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် ဒေသန္တရအစိုးရ၏ အစိုးရယန္တရား လည်ပတ်ဆောင်ရွက်မှုများအား နှောင့်ယှက်တားဆီးခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုများအား ပိတ်ပင်တာဆီးခြင်းများကိုလည်း လုံးဝ (လုံးဝ) ခွင့်မပြုကြောင်း ဖော်ပြထားသည်။ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ပြီး သတင်းမှားဖြန့်ခြင်း၊ ပဋိပက္ခဖြစ်ပွားရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ အမုန်းတရားဖြန့်ခြင်းများကို လုံးဝ (လုံးဝ) လက်ခံမည်မဟုတ်ကြောင်း၊ HPO/ CDF-Hualngoram ၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိပါက လိုအပ်သလို ထိထိရောက် ရောက် အရေးယူဆောင်ရွက်မည်ဟုလည်း…

Read More

စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့များ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့်အတွက် ကလေး-သိုင်းငင်း ကားလမ်းကို ယနေ့မေလ ၂၀ ရက် နေ့လယ် ၁၂ နာရီနောက်ပိုင်း အတက်အဆင်းအားလုံး ယာယီပိတ်လိုက် သည်ဟု CDF-CDM Siyin က ထုတ်ပြန်သည်။ “အခု လမ်းတွေကတော့ ပိတ်ထားလိုက်ပြီ။ ဘာလို့လဲဆိုတော့ သူတို့က တောထဲမှာ နေတော့ ကားနဲ့ မဟုတ်တော့ ရိက္ခာမပါဘူး။ ရေမပါဘူး။ ကားတွေကို ရေတောင်းတာ၊ သယ်ခိုင်းတာတို့ ရှိတော့ ကလေးမြို့၊ ခိုင်ကမ်းကနေ တက်လာတဲ့ ကားအကုန်လုံးနဲ့ ဆင်းလာတဲ့ ကားအကုန်ကို ပိတ်လိုက်တာဖြစ်တယ်” ဟု CDF-CDM Siyin ပြောရေးဆိုခွင့်ရှိသူကပြောသည်။ လမ်းပြန်မဖွင့်မချင်း ပြည်သူများမှ ကလေးသိုင်းငင်းလမ်းမကြီးကို အသုံးမပြုရန်နှင့်ယာယီပိတ်ထားပြီးအချိန်နောက်ပိုင်း ပြဿနာတစ်ခုမျှ တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM Siyin က အရေးပေါ်ထုတ်ပြန်သည်။ ယမန်နေ့ မေလ ၁၉ ရက်နေ့က ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ယာဉ်တန်း ၁၅ စီးခန့်ဖြင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာပြီး ကလေးကောလိပ်ဝန်းထဲမှာ ကားတွေကိုထားခဲ့ကာ ခြေလျင်ဖြင့်တောလမ်းအတိုင်း တက်လာကြတယ်လို့ သိရပါတယ်။ “ကလေးကောလိပ်ကနေ တက်လာပြီးရင် ခိုင်ကမ်းဘက်ပေါ့၊၊ ခိုင်ကမ်းဂိတ်ကနေ တက်လာရင် ၊ သူတို့က တောင်ပေါ် ကားလမ်းမကြီး ဖြစ်တာပေါ့နော်။ ခိုင်ကမ်းဂိတ် မရောက်ခင်၊ ကလေးကောလိပ်ဝန်းထဲကို ဝင်သွားပြီးတော့မှ အဲဒီမှာ လူတွေကို ချပြီးတော့မှ ကောလိပ်ထဲကနေ ဖြတ်လမ်းကနေ ရှုခင်းသာဘက်ကို သွားတဲ့ ဘက်ကို ခြေလျင်နဲ့ တက်လာ တယ်။ အင်အား ခန့်မှန်းရတာက ၂၀၀…

Read More

(004SS) ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့တွင် တာဝန်ကျသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးတို့သည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပူးပေါင်းရန် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ဟားခါးမြို့ရှိ စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် မေလ ၁၅ နှင့် ၁၇ ရက်များတွင် အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး သေနတ် ၁ လက် ၊ကျည်ဘောက်စ်နှင့် ကျည်ဆံအချို့၊ လက်ပစ်ဗုံး ၃ လုံးနှင့် အီနာဂါ ၄ လုံးနှင့်အတူ အလင်းဝင်ရောက် လာကြခြင်းဟု ဓါတ်ပုံနှင့်တကွ CDF-Hakha က ထုတ်ပြန်ထားသည်။‌ထို့အပြင် မေလ ၁၅ ရက်နေ့တွင် စစ်ကောင်စီ စစ်သားတစ်ဦးကိုလည်း အရှင် ဖမ်းဆီးမိကြောင်း သိရသည်။ CDF-Hakha အနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းသော သူများကို နွေးနွေး ထွေးထွေး ကြိုဆိုသည့်အပြင် လက်နက်ခဲယမ်းဖြင့် အလင်းဝင်လာသူများအား ငွေသားဆုကြေးများ ချီးမြှင့်ပြီး လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟု ဆိုသည်။

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် – ၁ ထဲက ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ရက်ဆက်တိုက်ပြုလုပ်ရာတွင် အစုပြုံလိုက်ဗုံး (Cluster Bomb) နှင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအများအပြား အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် – ၁ အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီသည် မေလ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်သွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၈ ရက်က ထုတ်ပြန်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် အစုပြုံလိုက်ဗုံး (Cluster Bomb) အသုံးပြုခဲ့သော အထောက်အထားများ တွေ့ရှိရပြီး ဗုံးအလုံးရေ ၁၀ လုံးဝန်းကျင်သည် ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ “လေကြောင်းတိုက်ခိုက်မှုက ၂ ကြိမ်လာတိုက်တယ်။ အဲဒီနေ့က တိုက်နယ် ၁ ရဲ့ ကျေးရွာရဲ့ အနှံ့အပြားမှာပဲ။ ရွာထဲမှာကျတယ်။ ရွာအပြင် ချောင်းထဲမှာ ၄ လုံး၊ ၅ လုံးလောက်ကျတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် cluster ဗုံးလို့ သတ်မှတ်ရတာပေါ့နော်။ ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာလို့ပဲ ပြောရမှာပါ။ ပြည်သူတွေက ဒဏ်ရာရတာက သိပ်မရှိဘူးခင်ဗျ။ အနှံ့အပြားမှာ ကျကွဲတယ်ပေါ့နော်။ အဲဒီမတိုင်ခင်မှာလည်း တောက်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတော့ ပြည်သူတွေက သတိရှိရှိနဲ့ အကုန်လုံးက ကတုတ်ကျင်းတွေထဲ ပြေးပုန်းကြတာကြောင့်ပဲ အဲလိုမျိုး ထိုခိုက်မှုနည်းတာလို့…

Read More

ပညာရေးဝန်ထမ်းများ လွတ်လပ်စွာ သင်ကြားမှု ပြုလုပ်ရန် မေတ္တာရပ်ခံ (006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက CDF – အရှို ၏ စစ်ဆင်ရေးလှုပ်ရှားနယ်မြေနှင့် ထိစပ်ဒေသများတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို ဝင်ရောက်စွက်ဖက်ဟန့်တားမည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ် – အရှိုက ကြေညာသည်။ စစ်ရေးလှုပ်ရှားမှုနယ်မြေများနှင့် ထိစပ်လျက်ရှိသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အခြေခံပညာအဆင့် ကျောင်းဆရာ/ ဆရာမများကို ခြိမ်း ခြောက်ခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။ CDF – အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက “နိုင်ငံအေးချမ်းတဲ့ ကာလမှာကော၊ လက်ရှိ စစ်ပွဲကာလမှာကော ကျနော်တို့ ဒေသမှာ ရှိတဲ့ ကလေးသူ ငယ်တွေအနေနဲ့ ပညာသင်ကြားမှု အခွင့်အရေးတွေ ဆုံးရှုံးနေတာဖြစ်လို့ အခုလိုပညာသင်ကြားမှုကို မဆုံးရှုံးရလေအောင် ကျနော်တို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ အဓိကက တောင်ပေါ်ဒေသတွေမှာ လာရောက်တာဝန်ထမ်းဆောင်ကြမယ့် ဆရာ၊ ဆရာမတွေအနေနဲ့ CDF – အရှိုကိုရော၊ တပ်က ရဲဘော်တွေကိုရော ကြောက်နေဖို့ မလိုကြောင်း ပြောလိုပါတယ်” ဟု ပြောသည်။ ကျောင်းဆရာ/ ဆရာမများကို ယင်းကဲ့သို့ ပြုလုပ်သူ မည်သူမဆိုကို တားမြစ်အရေးယူသွားမည်ဖြစ်ကြောင်း CDF – အရှိုက မေလ ၁၈ ရက်မှာ ထုတ်ပြန်သည်။ အခုအခါ ၂၀၂၅ – ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းနေအရွယ်…

Read More

(006SV) အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့အနီးတွင် တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သည့်ကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူများ အနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များ အပြင် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များ အရ အိန္ဒိယ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ အမှုမှန်ပေါ်ပေါက်စေရေး ဆက်လက် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း ကနဦး အသိပေး တင်ပြအပ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ အိန္ဒိယ – မြန်မာ နယ်စပ် တမူးမြို့ အနီး ပကဖ အဖွဲ့ဝင် (၁၀) ဦး ကျဆုံးခဲ့ရသည့် ကိစ္စနှင့်ပက်သက်၍ “အသိပေးခြင်း” ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်က ၎င်း၏ လူမှုကွန်ယက်မှတဆင့် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အိန္ဒိယတာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောသည်။ မေလ ၁၄ ရက်က တမူးမြို့နယ်၊ အာရှလမ်းမကြီးပေါ်က ကမ္မကြီးကျေးရွာနှင့် ထင်းဇင်ကျေးရွာအကြားမှာ နယ်စပ်လုံခြုံရေး အတွက် မြန်မာပိုင်နက်အတွင်း ကင်းစောင့်နေသည့် တမူးခရိုင်တပ်ရင်းမှ ရဲဘော်များကို အာသံရိုင်ဖတ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုထားသည်။ အိန္ဒိယသတင်းများတွင်…

Read More

(006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်ကို ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနီးဝန်းကျင်မှ ဒေသခံပြည်သူအမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။“တွန်းဇံမြို့ပေါ်က စီမံကိန်းရုံးကို ဗုံးကြဲတာ။ စီမံကိန်းရုံးကတော့ အခုက ပျက်စီးကုန်ပြီ။ အကုန်လုံး ပျက်စီးတယ်။ စီမံကိန်းရုံးနားမှာနေတဲ့ ပြည်သူ ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ လူတွေကတော့ ကြောက်နေကြတယ်။ ထွက်ပြေးတိမ်းရှောင်ကြတာာ မရှိပါဘူး” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ယနေ့ နေ့လယ် ၁၂ နာရီခန့်မှာ တွန်းဇံမြို့ပေါ်က စီမံကိန်းရုံး အဆောက်အဦးကို လေကြောင်းမှ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းရုံးမှာ ပျက်စီးသွားကြောင်း၊ ရုံးအနီးဝန်းကျင်မှာ နေထိုင်သည့် ဒေသခံပြည်သူ ၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင် မည်သည့်ဗုံးအမျိုးအစားကို အတည်မပြုနိုင်သေးသော်လည်း ဗုံးပေါက်ကွဲသံသည် များစွာကျယ်လောင်သည်ဟု သိရသည်။ “တွန်းဇံမြို့ပေါ်မှာက ပြည်သူလူထုတွေ ငြိမ်ငြိမ်ချမ်းချမ်း နေလို့မရအောင် စကစက ဖျက်စီးတာဖြစ်တယ်။ သူတို့ ဘယ်လောက်ပဲဖျက်ဖျက်၊ ပြည်သူတွေကတော့ နေစရာရှိတာ နေရမှာပဲ၊၊ လုပ်စရာရှိတာ လုပ်ရမှာပဲ။ အကောင်းဆုံးကတော့ စစ်တပ်အချင်းချင်း တိုက်တာမျိုးဆိုရင် ထားပါတော့ အခု မြို့ထဲ၊ ရွာထဲကို ဗုံးကြဲတာက တော်တော်လေးကို မကျေနပ်စရာကောင်းတယ်။ မလုပ်သင့်ပါဘူး။ အဲလိုလုပ်နေရင် ပြည်သူတွေက ပိုပြီးတော့ မုန်းတီးမယ်” ဟု တွန်းဇံမြို့ပအဖမှ တာဝန်ရှိသူက ပြောသည်။ ၂၀၂၄ ခုနှစ် မေလပိုင်းမှစတင်၍ တွန်းဇံမြို့ကို…

Read More

(004SS) ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများကို မြို့ပြင်သို့ ထွက်ခွါခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးထာရ် ၆ လမ်းဆုံ စစ်ဆေးဂိတ်မှ မည်သူမျှ ဖြတ်သန်းခွင့်မပြုတော့ဘဲ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-ဖလမ်း ကားလမ်းများကို ပိတ်ပင်ထားသည်ဟု သိရသည်။ “ဒီနေ့ကစပြီး မြို့ကနေအထွက် အကုန်ပိတ်တာ၊ သွားလို့မရဘူး။ အဝင်တော့ ရတယ်နဲ့တူတယ်။ ဘယ်တော့ ပြန်ဖွင့်မလဲတော့ မပြောတတ်ဘူး။ အခုတလော စစ်သားတွေ ထွက်ပြေးကြတာများလို့ ပိတ်တာလို့ကြားတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။ သို့သော်လည်း ဟားခါးမြို့ထဲသို့ ဝင်လာမည့်သူများကိုမူ ခွင့်ပြုထားသည်ဟု သိရသည်။ “ဟားခါး- ဂန်ဂေါလမ်းကို ဟားခါးမြို့အဝင် စစ်ဆေးရေးဂိတ်မှ ဟားခါး-ဂန်ဂေါကြား ကျောအထိ အဝင်/အထွက် အကုန်လုံးကို ပိတ်တာလို့ပြောတယ်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ပိတ်တာ။ ဖလမ်းဘက်ရောပဲ ၆ လမ်းဆုံကနေ အထွက်ပိတ်တာ။ တောင်ယာသွားတာလဲခွင့်ပြုမယ် မထင်ဘူး။ အထွက်ကိုခွင့်မပြုတာ” ဟု ဟားခါးမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် တပ်မှထွက်ပြေးပြီး CDF – Hakha တပ်ဖွဲ့ထံ အလင်းဝင်သူရှိနေသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်နှင့် ‌၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး စုစုပေါင်း ၃ ဦးသည် CDF – Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ…

Read More