#Unicode By လားနွန် – နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့် အဖမ်းခံရသော်လည်း ချင်းပြည်နယ်အတွင်းရှိ နှင်းဆီပါတီကိုယ်စားလှယ်လောင်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းအပေါ် အဟန့် အတားမရှိဘဲ ပါတီဝင်အင်အားတောင်တိုးလာသည်ဟု ချင်းပြည်နယ် ပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကေ ပြာသည်။ “ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အပေါ်ရိုက်ခတ်တာ အဟန့်အတားတွေမရှိပါဘူး၊ သူ့တစ်ဦးတစ်ယောက်ရဲ့ ကိစ္စတွေပဲဖြစ်တော့ ပါတီကိစ္စမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ အဟန့်အတားတာတွေမျိုးမရှိပါဘူး သူ့ကိစ္စကိုတော့ ပါတီဥက္ကကပဲ ဖြေရှင်းပါလိမ့်မယ်၊ ကျနော်တို့ပါတီကိစ္စက အများပိုင်ပါတီဖြစ်နေတဲ့အတွက် ကိ်ုယ့်ရပ်ကွက် ကိုယ့်ဒေသမှာ ကြိုးစားနေကြတဲ့အတွက်ကြောင့် အဟန့်အတားမရှိပဲနဲ့ ပိုတောင်မှ နိုင်ငံရေးစိတ် တက်ကြွပြီးတော့မှ ပါတီအင်အား တိုးလာတာပဲရှိတယ် လျော့တာမရှိဘူး” ဟု ချင်းပြည်နယ်နှင်းဆီပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကပြောသည်။ UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ ချင်းပြည်နယ်အမျိူးသားလွှတ်တော်အမှတ် (၁၂) မဲဆန္ဒနယ်မြေတွင် နှင်းဆီပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှ ဉ်ပြိုင်မည့် ဦးကျဲအိုလိန်းကလည်း ပါတီဥက္ကဌအဖမ်းခံရမှုကြောင့် လွှတ်တော်ကိုယ်စားလောင်း တွေအပေါ် ရိုက်ခတ်မှုမရှိကြောင်း ပြောဆိုပါသည်။ “ ကျနော်တို့ပါတီပိုင်းဆိုင်ရာရော၊ ကိုယ်စားလှယ်ပိုင်းမှာဘဲဖြစ်ဖြစ် ထိခိုက်တာ အဟန့်အတားဖြစ်စေတာမျိူး ဘာမှမရှိပါဘူး” ဟု ပြောသည်။ ယခုကဲ့သို့ ပါတီဥက္ကဌအဖမ်းခံရသော်လည်း ပါတီ၏မူဝါဒအတိုင်း ကိုယ့်နည်းကိုယ့်ဟန့်ဖြင့် ပါတီစည်းရုံးရေး များဆက်လက်လုပ်ဆောင်နေသည်ဟု ချင်းပြည်နယ် UDP ပါတီတာဝန်ခံကပြောသည်။ “ ပါတီလုပ်ထုံးလုပ်နည်းအရ ပါတီစည်းရုံးရေးကွင်းဆင်းတာတွေပုံမှန်လုပ်နေပါတယ်၊ ကျနော်တို့ဟာနဲ့ကျနော် တို့ ကိုယ့်ဟာကိုအိတ်စိုက်ပြီးတော့မှ စည်းရုံးကွင်းဆင်းတယ်…
Author: Editor
#Unicode CNLD လွှတ်တာ်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်နဲ့ အင်တာဗျူး နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အမျိူးသား လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၅)ကနေ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်ကို ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေး – လူငယ်တစ်ယောက်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာလဲ။ ဖြေ – အနာဂတ်ပုံဖော်တဲ့အချိန်မှာ လူကြီးပိုင်းကြီးကပဲ ပုံဖော်ပြီးတော့ ပြောနေတဲ့ဟာတွေက အနာဂတ်မှာ တကယ်တမ်း ကြုံတွေ့ရတဲ့အဆိုးအကောင်းတွေ ကြုံရတဲ့သူဟာ လူငယ်တွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးဖြစ်ပါတယ်။ အဲလို မျိုးဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ အနာဂတ်ကို ပုံဖော်တဲ့အချိန်မှာ ကျနော်တို့လူငယ်တွေလည်း ဘာဖြစ်လို့ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိရမှာလဲ။ နိုင်ငံရေးသမားတွေကသော်လည်းကောင်း လွှတ်တော်ကသော်လည်းကောင်း သူတို့တစ်ခုခုဆုံးဖြတ်လိုက်တာ၊ ပြဌာန်းလိုက်တဲ့ဟာတွေရဲ့ အကျိုးအဆက်တော်တော် များများဟာ လူငယ်တွေလည်း ခံစားရတာပါပဲ။ အဲဒါကြောင့် ဒီလိုမျိုးဆုံးဖြတ်ပြောဆိုနေကြတဲ့ လွှတ်တော်ထဲမှာ လူငယ်တွေရဲ့ အသံဟာ တိုက်ရိုက် ရောက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့လူငယ်တွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ချင်းနိုင်ငံရေးမှာ အပြင်ကနေပဲမဟုတ် လက်တွေ့ ကိုယ်တိုင်ကိုယ်ကျေ ဆာင်ရွက်ဖို့ အရမ်းအရေးကြီးပါတယ်ဆိုတဲ့ဟာ ပြချင်တယ်။ မေး – လွှတ်တော်သုံးရပ်ရှိတဲ့အထဲက အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ဖို့ဘာကြောင့်ရွေးချယ်ရတာလဲ။ ဖြေ – ပုံမှန်အားဖြင့် ဒီမိုကရေစီတိုင်းပြည်မှာ အထက်လွှတ်တော်ဆိုတဲ့ ဒီအမျိုးသားလွှတ်တော် မြန်မာပြည်မှာတော့ အထက်လွှတ်တော်ပေါ့ဗျာ၊ လူမျိုးနဲ့ ဆိုင်တဲ့အရာတွေ သီးခြားကိုအာဏာပေးပြီးတော့ လူမျိုးတွေနဲ့ သက်ဆိုင်တဲ့လုပ်ပိုင်ခွင့် ပြောဆိုခွင့် ဥပဒေပြုခွင့် ဒီအကြောင်းအရာတွေဟာ အထက်လွှတ်တော်က ပိုပြီးတော့ အာဏာယူရပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ (အထက်လွှတ်တော်)အမျိုးသားနှင့်…
#Unicode မန်မာ့တပ်မတော်နှင့် ရက္ခိိုင့်တပ်တော်(AA) တို့အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိ သည်ဟု ခူမီးချင်းမျိူးနွယ်စုအဖွဲ့အစည်းများက အောက်တိုဘာလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက် သည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုကဲ့သို့ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခကြောင့် ရွေးကောက်ပွဲအပေါ် ထိခိုက်မှုဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြောင်း ပြည်တွင်းပြည်ပအခြေစိုက် ခူမီချင်းမျိူးနွယ်စုအဖွဲ့ အစည်း (၇) ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှပြောရေးဆိုခွင့်ရှိသူ ကိုစောမြက “ကျနော်တို့နယ်မှာ အေအေ တွေလည်းလှုပ်ရှားနေတုန်းဆိုတော့လေ မဲဆွယ်စည်းရုံးရေးတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး၊ ရွေးကောက်ပွဲအသိပညာပေးမှုတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လုပ်ငန်းစဉ်တွေမှာ လည်းနှောင့်နှေးတယ်ပေါ့ဗျာ အစိုးရတပ်ဖက်ကလည်း သွားလာဖို့ လုံခြုံရေးအရကန့်သတ်ထားတာတွေရှိတယ် အဲဒါကြောင့်ရွေးကောက်ပွဲမဖြစ်မှာကို ကျနော်တို့အထူးစိုးရိမ်မိတယ်’’ ဟုပြောသည်။ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆၂၈၄၅) ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ်မဲ စာရင်းကြေညာချက်အရသိရသည်။ လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီရှင်သန်ရေးအတွက် အခရာကျသည့်လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ လူထု၏အခွင့်အရေးများကို တောင်းဆိုတင်ပြပေးနိုင်သည့် နိုင်ငံရေးလမ်းစဉ်တစ်ခုဖြစ်သောကြောင့် ရွေးကောက်ပွဲမကျင်းပဖြစ်ပါက ဒေသတွင်းကိုယ်စားပြုမှုပျောက်ဆုံးသွားနိုင်မည့်အရေးကို များစွာစိုးရိမ်မိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။ “ တကယ်လို့…
#Unicode By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပရန် လပိုင်းသာလိုတော့သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့န ယ်အတွင်းရှိ ဒေသခံပြည်သူများသည် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးသည်ဟု လေ့လာစောင့်ကြည့်သူများကပြောဆိုကြသည်။ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့ဥက္ကဌ ဦးဇာနီက ပလက်ဝမြို့နယ်ပြည်သူများသည် ဝမ်းရေးအတွက် ပူပင်နေကြရပြီး ရွေးကောက်ပွဲထက် ဆန်ရရှိရေးကိုသာ ပိုစိတ်ဝင်စားကြသည်ဟု ပြောသည်။ “ရွေးကောက်ပွဲထက်ပြောရမယ်ဆိုရင် ဆန်တွေပြတ်လပ်နေတဲ့အတွက်ကြောင့် ရွေးကောက်ပွဲထက် စားရေးက ပိုပြီးတော့ အာရုံစိုက်တာလို့ပြောလို့ရပါတယ်၊ အခုဆိုရင်လည်းပဲ ဒီတိုက်ပွဲရှောင်တွေအတွက် ဝန်ကြီးဦးစိုးထက်ကနေပြီးတော့ တပ်မမှာ ချေးဌားပေးထားတဲ့ဆန်က (၃) ရက်စာပဲပေးနိုင်တယ် ဒီနေ့ဆိုကုန်ပြီ၊ ဒီကြားမှာ အခုဆမီးဘက်က ကားအဝင်အထွက်က ဘယ်လိုလဲတော့မသိဘူး လုံခြုံရေးကကျနော်တို့မသိဘူး ဒါနဲ့ပဲ ဆမီးဘက်က ကားအဝင်အထွက်မရှိတဲ့အတွက်ကြောင့် အခုဆန်အခက်အခဲကြုံရတော့ ပြည်သူတွေက ဒီရွေးကောက်ပွဲ မဲဆန္ဒပေးတာထက် ဒီစားဝတ်နေရေးက သူတို့ပိုပြီးတော့ စိတ်ပူတယ်” ဟု ဦးဇာနီကပြောသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ်ကြုံတွေ့နေကြရခြင်းဖြစ်သည်။ ပလက်ဝဒေသခံပြည်သူများသည် လမ်းပန်းဆက်သွယ်ရေးကန့်သတ်ခြင်း၊ လုံခြုံမှုမရှိခြင်း၊ ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေး အသိပညာပေးမှုအားနည်းခြင်းတို့ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျှောနည်းလာပြီး နေ့စဉ်စားဝတ်နေရေးအတွက်ကိုသာ စိတ်ပူနေကြသည်ဟု ပလက်ဝမြို့နယ် ချင်းအမျိူးသမီးအဖွဲ့မှ ဦးဆောင်သူ တစ်ဦးကပြောသည်။ “ ပလက်ဝအတိုင်းအတာမှာတော့ တစ်ချို့က စိတ်ဝင်စားတယ် တစ်ချို့ကတော့ စိတ်မဝင်စားဘူး၊ နိုင်ငံရေးပါတီ တွေကလည်း စည်းရုံးရေးကျယ်ကျယ်ပြန့်ပြန့်လုပ်လို့မရဘူးလေ၊ ကျမတို့အနေနဲ့ လူငယ်တွေကို ရွေးကောက်ပွဲအသိပညာပေးဖို့စီစဉ်တယ်ဒါပေမဲ့ တစ်နေရာ နှစ်နေရာလောက်ပဲလုပ်ပေးနိုင်တယ်၊ ကိုဗစ်ကြောင့်…
#Unicode By နှင်းနှင်း – ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းမှုကျူး လွန်ခဲ့သည့်အပေါ် ဥပဒေအတိုင်းအရေးယူဆောင်ရွက်ပေးရန် ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများက အောက်တိုဘာ ၁၄ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ ဖြစ်စဉ်မှာ ကန်ပလက်မြို့၊ အမှတ် (၁) မြို့မရပ်ကွက်နေ အသက်(၁၇) နှစ်အရွယ်အမျိုးသမီးတစ်ဦးအား ကန်ပလက်မြို့ ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့က အလိုမတူပဲအဓမ္မပြုကျင့်ခဲ့ပြီး အမှုဖွင့်တိုင်ကြား ခဲ့သော်လည်း ချက်ခြင်းလက်မခံခဲ့ကြောင်း ယင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသော ခေါ်နူးစုမ်ကျေးလက်ဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့ (KRDO) မှ ဦးကီးဘူကပြောသည်။ “ အဓိကဒီသက်ငယ်မုဒိမ်းမှုကို အမှုဖွင့်ပေမယ့် အမှုကိုတော်တော်နဲ့မဖွင့်ပေးဘူး ၊ နောက်တခုက သူတို့ပိုက်ဆံနဲ့ကျေးအေး ဖို့ကြိုးစားတယ်၊ ပြစ်မှုကျုးလွန်တဲ့သူကရဲဆိုတော့ ရဲတွေအနေနဲ့ဒီဟာကိုသေ ချာဥပဒေအတိုင်း ကိုယ်တွယ်မှုအားနည်း တယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ဦးကီးဘူကပြောသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ပြည်သူများ၏ လုံခြုံရေးကို စောင့်ရှောက်ရမည့်အစား လူသားမဆန်စွာ အသက်မပြည့်သေးသည့် ကလေးသူငယ်အား မုဒိမ်းမှုကျူးလွန်ခြင်းသည် ကန်ပက်လက်မြို့နယ်အတွင်း တရားဥပေဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးကို အလွန်စိုးရိမ်မိကြောင်း ကန်ပက်လက်အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။ ဦးကီးဘူက “သူက ရဲတပ်ဖွဲ့အနေနဲ့ပထမ ကျေအေးပါ့မယ်လို့သွားပြောတယ်ပေါ့နော်၊ ကလေးမရဲ့ဆွေးမျိုးတော်စပ်တဲ့သူ က လက်မခံပဲ ပထမ ၃သိန်းပေးတယ် လို့ပြောတယ်၊အဲ့မှာသူအလုပ်လုပ်တဲ့ဆိုင်က ၃သိန်းနဲ့ဘယ်ရမလဲ ဆိုတော့ ၅သိ်န်းတိုးပေးတယ်၊ လကုုုုန်မှပေးမယ်၊ လကုန်တဲ့အခါကြတော့လည်း ၅သိန်းကိုမပေးဘူး ၊မုဒိမ်းမှုဆိုတဲ့သက်သေ အထောက်အထားတွေရှာလို့မရတော့တဲ့ချိန်မှာ ပေးလည်းမပေးဘူး တိုင်ရင်လည်းဘာမှထူးမှာမဟုတ်ဘူးဆိုပြီးရဲတွေက အဲ့လိုလုပ်လိုက်တယ်” ဟုပြောသည်။ ယခုကဲ့သို့ မုဒိမ်းမှုကျူးလွန်သူနှင့် ငွေကြေးအသုံးပြုပြီး အမှုကိုဖုံးဖိရန် ကြိုးပမ်းသူများအား ထိရောက်စွာ အရေးယူပေးရန်နှင့်…
#Unicode By နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတွင် တည်ဆောက်လျှက်ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ပထမဆုံးအကြိမ် လေယာဉ်ဆင်းစမ်းသတ်မှုကို အောက်တိုဘာ နောက်ဆုံးပတ်တွင်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ဆူရ်ဘုန်လေယာဉ်ကွင်းက ဖွင့်ဖို့ဆိုတာမဟုတ်သေးဘူး ၊အဓိက ကတော့ တကယ်ကိုမြေပြင်ကိုဆင်း မယ်၊ အရင်တခေါက်ကျွန်တော်တို့စမ်းသပ်တာက ဒီကွင်းရဲ့အနေအထားကို လေယာဉ်ပေါ်ကနေ ပတ်ပြီးတော့ ကွင်းရဲ့အနေအထား၊ဝင်လမ်း၊ထွက်လမ်းတွေကိုကြည့်တာ ၊ မြေပြင်ကိုလက် တွေ့မဆင်းဘူး၊ ဒီတစ်ခေါက်တော့ လေယာဉ်မောင်းနဲ့ လေယာဉ်မှုးတွေအပါ ဒီကွင်းမှာဆင်းဖို့ပြင်ဆင်ထားတယ်၊ ရာသီဥတုကောင်းရင် အောက်တိုဘာ ၂ရရက်နေ့ကိုမှန်း ထားကြတယ်” ဟု စည်ပင်ဝန်းကြီး ဦးစိုးထက်ကပြောသည်။ ဆူရ်ဘုန်လေယာဉ်ကွင်းရှိ တပ်ဆင်ထားသည့် စက်ကိရိယာများအားစမ်းသပ်သည့်အနေဖြင့် မြန်မာ့လေကြောင်းလိုင်းမှ BEEK -2900 လေယာဉ်အမျိုးအစားလေယာဉ်ဖြင့် မြေပြင်သို့မဆင်းသပ်ဘဲ လေယာဉ်ပေါ်မှ စမ်းသပ်စစ်ဆေးခြင်းအား ပြီးခဲ့သည့် ဇွန်လ၂၅ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ လေယာဉ်မြေပြင်သို့ ဆင်းသက်စမ်းသတ်မည်ဖြစ်သည်။ ချင်းပြည်နယ်ရှိ ဆူရ်ဘုန်လေယာဉ်ကွင်းသည် ဖွင့်လှစ်နိုင်သည့်အတိုင်းအတာရှိပြီဖြစ်သော်လည်း လက်ရှိ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် လူစု၊လူဝေးများလုပ်ခွင့်မရခြင်းကြောင့် ဖွင့်ပွဲလုပ်ရန်မှာ အခက်အခဲရှိနေပြီး ကျင်းပဖို့ အစီအစဉ်မရှိသေးကြောင်း ဦးစိုးထက်မှပြောသည်။ စည်ပင်ဝန်းကြီး ဦးစိုးထက်က“ကျွန်တော်တို့က ဖြစ်နိုင်ရင် အကြီးအကဲတွေ ၊သမ္မတတွေ၊ဒုတိယသမ္မတ၊ အတိုင်ပင်ခံနဲ့ ခမ်းခမ်းနားနားနဲ့ ကျင်းပဖို့ ကျွန်တော်တို့ပြည်နယ်လူထုတွေက မျှော်လင့်တာပေါ့ ၊ ခုက ကိုဗစ်ကာလမှာလူ၃၀၊ ၅ဝလောက်နဲ့ စုပြီးမှဖွင့်တာလောက်ပဲပြည်သူလူထုကလည်းမလုပ်ချင်ဘူး ၊ ကျွန်တော် တို့ပြည်သူ လူထုကလည်း ဒီကိုဗစ်အလွန်ကာလပဲဖြစ်ဖြစ် ဒီလိုသင့်တင့်လျှောက်ပတ်တဲ့အချိန်၊လူ ကြီး တွေအားတဲ့အချိန်နှင့်လူကြီးတွေရဲ့ဆန္ဒတွေနဲ့အဲ့လိုမျိုးနဲ့သိုက်သိုက်ဝန်းဝန်းနဲ့လုပ်ချင်ကြတာ၊ ဒါပေမယ့် လေယာဉ် ပထမဆုံး ဆင်းသက်မယ့်နေ့မှာ အကျဉ်းရုံးလေး…
#Unicode By နှင်းနှင်း – ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှုန်းမြှင့်တက်လာပါက မြို့တိုင်းတွင် လူအယောက် (၁၀၀)ခန့် Facility Quarantine ဝင်နိုင်ရန်အတွက် ကြိုတင်စီစဉ်ထားကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။ “အနည်းဆုံး မြို့တစ်မြို့ကို လူ ၁၀၀ လောက် FQ ဝင်လို့ရအောင် အကုန်စီစဉ်ထားပါတယ် ။ ကျွန်တော်တို့ မြို့ဝင်မြို့ထွက်ကို အဖွဲ့နဲ့ PPE ဝတ်စုံဝတ်ပြီးတော့ ကျွန်တော်တို့မြို့ဝင်မြို့ထွက်တွေ ကိုလည်းတင်းတင်းကြပ်ကြပ်လုပ်နေတယ်” ဟု ၀န်ကြီးဦးစိုးထက်ပြောသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့ကိုဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်ရောဂါပိုးရှိ မရှိအမြန်သိရှိနိုင်ရန် Rapid Test kits များဖြင့် အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ စစ်ဆေးနေပြီး အောက်တိုဘာ ၁၃ရက် တစ်ရက်တည်းတွင် ကိုဗစ်ကူးစက်ခံထားရသူ ၄ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။ ဦးစိုးထက်က “ဟာခါးအဝင်မှာ လုပ်တယ် မနက် ၈နာရီနေ ၁၀လောက်ထိ ကျွမ်းကျင်တဲ့ဆရာဝန်၊ သူနာပြုတွေနဲ့ အတူလုပ်ပေးတယ်၊ ညနေဆိုရင် ၂နာရီကနေ ၄နာရီထိ လုပ်တယ်၊ အဓိကကတော့ ဟားခါးမှာ ပဲလုပ်နိုင်သေးတယ် ၊ ကျန်တဲ့မြို့တွေမှာလည်းလုပ်ခိုင်းထားတယ် ၊ခရိုင်မြို့တွေမှာ လုပ်ခိုင်းတယ် ၊ မင်းတပ်၊ တီးတိန်တို့မှာလည်းလုပ်ခိုင်းတယ်” ဟု ပြောသည်။ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ အမြန်စစ်ဆေးပေးနိုင်သည့် Rapid Test kits များကို ပြည်ထောင်စုအစိုးရမှ ဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကုန်တင်ကားမောင်းသူများအား စစ်ဆေးရန် ချပေးထားပြီး လိုအပ်သည့်ပမာဏအား စာရင်းဖြင့် တင်ရကြောင်း ၀န်ကြီးကဆက်ပြောသည်။ ချင်းပြည်နယ်တွင်…
#Unicode By လားနွန် – ဆန်ပြုတ်လပ်မှုနှင့် ရင်ဆိုင်နေရသည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်အတွက် ဆန်အိတ် ၁၇၀၀ နှင့် လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများကို တပ်လုံခြုံရေးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့က ဆမီးမြို့မှ ပလက်ဝမြို့သို့ ယမန်နေ့က ပို့ဆောင်ပေးလိုက်ပြီဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကေ ပြာသည်။ “အခု ဆန်အိတ် (၁၇၀၀) ဆမီးကနေပြီးတော့ ဆန်ပဲတင်တဲ့ ကား (၁၂) စီး နောက်ပြီးတော့ အခြားလူသုံးကုန်ပစ္စည်း စားစရာတွေ တည်ဆောက်ရေးလုပ်ငန်း ဘီလပ်မြေ သံချောင်းအပါ အဲဒါနဲ့ ကားအစီး (၂၉) စီးနဲ့ မနေ့က ဆမီးကနေ ပလက်ဝကိုသွားပြီ လမ်းမှာ အိပ်တယ် ဒီနေ့တော့ ရောက်လိုက်မယ်ထင်တယ် တပ်ကနေ လုံခြုံရေးအပြည့်အဝယူပေးထားပါတယ် ပလက်ဝစားရေးရိက္ခာမပြတ်လပ်ဖို့အတွက် ကျနော်တို့ ပြည်သူလူထုလှူဒါန်းတဲ့ ပိုက်ဆံတွေနဲ့ ဆန်တွေ ပခုက္ကူကဝယ်တယ် ပြီးတော့ တောက်လျှောက်ပို့နေတာ နောက်ပြည်ထောင်စု လူကယ်ပြန်ကနေပြီးဝယ်ထားတဲ့ ဆန်တွေ ကျနော်တို့ ကလေးကနေဆက်တိုက်လည်း ပို့နေတယ် ဒါပေမဲ့ လက်ရှိမှ ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးဆိုးရွားတဲ့အတွက် ကားကြီးတွေကသွားလို့မရဘူး ကျနော်တို့ ခြောက်ဘီးတွေနဲ့ပဲ သွားခိုင်းတယ် ၁၀ တန်လောက်ပဲသယ်ခိုင်းတယ် ဆန်ဆက်တိုက်မပြတ်အောင် ကြိုးစားပြီးလုပ်ဆောင်နေပါတယ်” ဟု ဝန်ကြီး ဦးစိုးထက်ကပြောသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် ပလက်ဝ၏ အဓိကစားသုံးကုန်ပစ္စည်းသယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းများ ရေလမ်းကုန်းလမ်းများ ပိတ်ပင်ထားသည်မှာ တစ်နှစ်နီးပါးဖြစ်နေပြီဖြစ်သည့် အတွက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်စျေးနှုန်းများ မြင့်တက်မှုနှင့် စားသောက်ရန် ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။ ပလက်ဝမြို့ဒေသခံအမျိူးသမီးတစ်ဦးက “ အခုစစ်ဘေးရှောင်တွေကို တစ်ယောက်ကို ဟိုတစ်ရက်ကတော့…
#Unicode By Benezer – ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ များပြားလာမှုကြောင့် Stay at Home အဖြစ်သတ်မှတ်ထားသည့် ကလေးမြို့ စမ်းမြို့ရက်ကွက်အား ရောဂါပိုး ကူးစက်ခံရသူ ထပ်မံတွေ့ရှိမှုမရှိပါက Stay at Home ဒေသမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်းသိရသည်။ “စမ်းမြို့ကို Stay at Home အဖြစ် ၁၄ရက်သတ်မှတ်ထားတာပေါ့၊ ဒီနေ့က ၁၁ရက်ရှိသွားပြီဆိုတော့ မနက်က လုပ်တဲ့အစည်းအဝေးမှာ စမ်းမြို့ရက်ကွက်ကို ဒီရက်ပိုင်းအတွင်း ပိုးထပ်တွေ့တာမရှိရင် Stay at Home ကနေ ပြန်ဖျက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့၊ မနေ့က တစ်ယောက်ထပ်တွေ့ပေမယ့် သူက စမ်းမြို့ရပ်ကွက်ကမဟုတ်ဘူး ရန်ကုန်ကနေလာတဲ့ ကားသမားပေါ့” ဟု ကလေးခရိုင်ပြန်ဆက်ရုံးမှ ဉီးစီးမှူး ဉီးညီဇော်ကပြောသည်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ရန်ကုန်မြို့မှ ပြန်လာသည့်အမျိုးသမီးငယ်တစ်ဉီးထံမှ တစ်ဆင့် စမ်းမြို့ရပ်ကွက်တွင် အယောက် ၂၀ ကျော် ပိုးတွေ့လူနာတွေ့ရှိခဲ့မှုကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ကစ၍ စမ်းမြို့ရပ်ကွက်တစ်ခုလုံးကို Stay at Home အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၈ရက်နေ့က ကလေးမြို့နယ်မှ ပြန်လည်ထွက်ခွာမည့် အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၅) ဦး ပြည်သူ့ကျန်းမာရေဦးစီးဌာနမှ ကိုဗစ် – ၁၉ ရောဂါပိုးရှိ မရှိ Test kit ဖြင့် စစ်ဆေးရာမှ High Class ဂိတ်မှ ယာဉ်နောက်လိုက်တစ်ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး Close Contact ၁၃ ဉီးအား ကွာရင်တင်းဝင်ခိုင်း…
#Unicode By လားနွန် – တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်နေပြီဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီးရေးနှင့် ပြန်လည်ထူ ထောင်ရေးကော်မတီ RRCCI အဖွဲ့ထံမှသိရသည်။ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာသယ် ဆောင်သည့်လမ်းကြောင်းများဖြစ်သော ရခိုင်ပြည်နယ် ကျောက်တော်လမ်း ပိတ်ဆို့သည့်အပြင် မတူပီ-ပလက်ဝ လမ်းသည်လည်း လုံခြုံရေးနှင့် ကားလမ်းအခြေအနေကြောင့် ဆမီးအထိ သွားရောက်နို်င်သည့်အတွက် ယခုကဲ့သို့ ဆန်ပြန်လပ်မှုဒဏ်ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု RRCCI မှ မနန်းဝေကပြောသည်။“ဒါကတကယ်တော့ စစ်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ၂၀၂၀ အစောကတည်းက ကျမတို့ ဆန်ပြတ်လပ်နေတဲ့ကျေးရွာ တွေရှိနေပြီးသားဖြစ်တယ် ဒါပေမဲ့အခုလိုမျိုးအရေအတွက်တက်လာတာ ကျေးရွာပေါင်း (၂၀၀) ကျော် (၃၀၀) ကျော်ပြတ်လပ်သွားတယ်ဆိုတာမျိုးကတော့ တစ်လနီးပါး ရက် (၂၀) ဝန်းကျင်လောက်ရှိနေပြီ မြို့ပေါ်မှာတော့ ဆန်လုံးဝဝယ်စရာတော့မရှိဘူး’’ ဟု မနန်းဝေကပြောသည်။ယခင် ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာ သယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့တိုက်ပွဲပြင်းထန်ခြင်းနှင့် နယ်မြေလုံခြုံမှုမရှိခြင်းကြောင့် ၂၀၁၉ ဇန်နဝါရီလမှ စပြီး သွားလာမှုရပ်ဆိိုင်းပြီးဖြစ်ကာ မြန်မာ့တပ်မတော်မှ လုံခြုံရေးအကြောင်းပြပြီး ဖြတ်လေးဖြတ်ဖြတ်ထားမှုသည် ဖြေလျော့လိုက်လျင် ကုန်စျေးနှုန်းမြင့်တက်မှုသည်လည်း လျော့ကျနိုင်မည်ဖြစ်သည်ဟု သူမကဆက်ပြောသည်။“ အထူးသဖြင့် စစ်တပ်ဘက်ကပေါ့နော် လုံခြုံရေးကိုအကြောင်းပြုပြီးတော့ ပိတ်ဆို့မှုတွေပေါ့နော် ဖြတ်လေးဖြတ်ပုံစံမျိူးနဲ့ လုပ်ထားတဲ့အခါကျတော့ ကုန်စျေးနှုန်းကမြင့်တက်နေတဲ့အနေအထားမှာရှိနေပြီးတော့ နောက်တစ်ချက်က ကိုဗစ်-၁၉ ရောဂါကူစက်မှုထိန်းချူပ်ဖို့ ဥပဒေမျိူးနဲ့ထုတ်ပြန်တဲ့အခါကျတော့ လမ်းကြောင်းတွေက အရင်ထက်ပိုပြီးတင်းကြပ်သွား တော့ ခုလိုမျိူးဆန်ကပြတ်လပ်သွားတာပေါ့နော်’’ ဟု မနန်းဝေကပြောသည်။ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ်ကို ကျပ်ငွေ…
